သတင်း

ဆောင်းဦးလှိုင်ရဲ့အရှုပ်ထုပ်တွေကို ဖွင့်ချပြီး ရင်ဂိုတို့ သားအဖဘက်ကနေ ရပ်တည်ပေးလိုက်တဲ့ တေးရေးဆရာနဲ့ အဆိုတော် အရိုး

အဆိုတော်လည်းဖြစ် တေးရေးဆရာတစ်ဦးလည်းဖြစ်တဲ့ အရိုးကတော့ ဂီတလောကသားအချင်းချင်း လေးစားကြသလို ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားသူတစ်ဦးပါ။ ဂီတလောကရဲ့ ပြဿနာတချို့ကိုလည်း ပွင့်ပွင့်လင်းလင်း ဝင်ရောက် ပြောဆိုတတ်သူလည်းဖြစ်ပါတယ်။

ယနေ့မှာတော့ တေးသံရှင် ရင်ဂို နဲ့ ဆောင်းဦးလှိုင်တို့ရဲ့ ပြဿနာကြား အရိုးကပါ ဝင်ရောက်ပြောဆိုလာခဲ့တာဖြစ်ပြီး ဆောင်းဦးလှိုင်ရဲ့ အရှုပ်ထုပ်တွေကိုပါ ဖွင့်ဟလာခဲ့တာပါ။

အရိုးက “အသက်သာကြီးလာတယ် သောက်ကျင့်မပျောက်ဘူးဆိုတာသိပ်မှန်တာကော်ပီသီချင်းဒဲ့ကြီးတွေ သုံးပုဒ်တပုဒ်ပေါင်း ဖြတ်ညှပ်ကပ်လုပ်ပြီး ခပ်တည်တည်နဲ့ own tuneပါဆိုပြီး ပရိတ်သတ်ကိုလိမ်စားတယ် မနူးမနပ်ချာတိတ်တွေရဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေ ကောင်းပြီဆိုရင် သူပဲအခွေထုတ်ပေးတော့မလိုနဲ့အယုံသွင်းပြီး ဗြောင်ခိုးတယ် ( သက်သေပြလို့ရတဲ့လူတွေ ကျုပ်ကိုယ်တိုင်အပါအဝင် အခုထိရှိတယ်) သွားပြောတဲ့လူတွေကို အတွေးတူသွားတာပါဆိုပြီးသောက်ရှက်မရှိဗြောင်လိမ်တယ် (မယုံတဲ့လူသွားပတ်သက်ကြည့် ခင်ဗျားရှိစုမဲ့စု အနုပညာလေးတွေ ချက်ချင်းအခိုးမခံရရင်ကြိုက်သလိုလာပြော မွေးရာပါကို အခိုးသန်တဲ့ဟာမျိုး တထိုင်ထဲခိုးနိုင်တယ် နေ့တောင်မကူးဘူး)

နာမည်ကြီးလာတဲ့လူတိုင်းကို အသုံးချဖို့တသက်လုံး လုပ်တယ် သူ့အကျိုးရှိမယ်ဆို ဘယ်သူ့ခြေသလုံး ဝဲစွဲနေပစေ ကုန်းရက်ဖို့ဝန်မလေးဘူး(အခုမှရီးတီးယားတားလာလုပ်နေတာ အရင်ခေတ်က ဆင်ဆာဘုတ်ကဘဲတွေနဲ့ ဘယ်လိုဆိုတာ မနေ့တနေ့ကမှမွေးတဲ့လူတွေမသိဘူး) နာမယ်မခံပဲ ဖော်လံဖားခဲ့လို့ ဘယ်နေရာမှာ ဘယ်လိုဟာတွေရပြီးပြန်ရောင်းစားသွားတာကအစ ပြန်ဖော်လို့ရတယ် အခြေခံလူတန်းစားတွေ ငေးကြည့်နေခဲ့ရတဲ့ ဟာမျိုးတွေ အဘအဘ ခေါ်ပြီးလျောက်လိုက် ရောင်းစားလိုက်လုပ်သွားတာ အများကြီး (အတိအကျလိုက်ဖော်ရင် လန့်တောင်သေသွားဦးမယ်) ရှည်ပါတယ် နောက်ဆုံးတခုပဲ ပြောပြမယ် ကိုယ်တွေနဲ့အတူတူ မရုန်းကန်နိုင် မနေနိုင် (တခြားသူတွေလို အခြေအနေအရ သွားရတာမဟုတ်ဘူးနော်)ပဲ ဆတ်စလူးထပြီး တခြားတိုင်းပြည်သွားချင်တော့ (ထွက်ပြေးတာလဲဖြစ်ချင်ဖြစ်မှာ ) ဟိုနိုင်ငံကြီးက သူလုပ်ခဲ့ပတ်သက်ခဲ့တာတွေအရ ဗီဇာမပေးဘူး အဲ့တော့ ဘာလုပ်လဲသိလား လူမှုရေးအဖွဲ့စည်းကြီး တခုကို အတင်းသွားပတ်သက်တယ်

အဲ့ဒီအဖွဲ့စည်းကြီးရဲ့ နာမည်ကောင်းကျောထောက်နောက်ခံကို ယူပြီးမှ ဗီဇာ သွားလျှောက်ပြီးလစ်သွားတာ(ကြားထဲမှာ ဇာတ်ရှုပ်တွေ အများကြီးရှိသေးတာ)ပြီးတော့ ဟိုးအဝေးကြီးကနေမှ (ထောက်ပံ့ကြေးယူလို့ကောင်းအောင်) ဟိုအော်ဒီအော်လုပ်နေတာကိုပဲ ဒီကမသိတဲ့သူတွေခမျာ အဟုတ်တွေမှတ်နေကြရပြန်ရောဆိုတော့ကာခင်ဗျားတို့ သိပ်ယုံကြည်လို့ ” ပြောင်းဖူးကိုင် ” ချင်ရင် ” ပြောင်းဖူးကိုင် ” နေကြ ကျုပ်ကတော့ ” ပြောင်းဖူးကိုင် ” လို့ “အကြောင်းမထူးနိုင် ” တာကောင်းကောင်းသိတဲ့အပြင် အခန့်မသင့်ရင် ကိုယ့်ဖန်တီးမှုလေးတွေ ထပ်အခိုးမခံကြရပါစေနဲ့လို့ပဲ ဆုတောင်းပေးလိုက်ပါရဲ့

မပြောဘူးဆိုပြီးကြည့်နေတာကြာပြီ အခုဟာက မသိတဲ့လူတွေကို လာမှိုင်းတိုက်နေတာ မသိတဲ့လူတွေကို အယုံသွင်းပြီး လူပါးလာပြန်ဝ နေလို့ကြုံတဲ့လူပြောလိုက်စမ်းပါ အဲ့လူကို အဝေးကြီးကဟိုအော် ဒီအော်လုပ်မနေနဲ့ မျက်နှာချင်းဆိုင် ပြောချင်ရင်ပြန်လာ ခဲ့ လို့ ” ဆိုပြီး ဒဲ့ ပြောလာခဲ့တာဖြစ်ပါတယ်။

အရိုးကတော့ ဆောင်းဦးလှိုင်ရဲ့ အရှုပ်ထုပ်တွေကို ဖွင့်ချခဲ့တဲ့အပြင် ကြိုက်တဲ့အချိန်ပြန်လာပြီး ရှင်းလို့ရတယ်လို့ ပါ ပြတ်ပြတ်သားသားပြောလာခဲ့တာဖြစ်ပါတယ်နော်။အဆုံးထိဖတ်ရှုပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်နော်

credit shwe yaung myanmar