တန်ဘိုးမဲ့ ငမိုက်သားတွေကြောင့်တန်ဘိုးရှိ ဆရာဝန်လူငယ် တဦးကြွေလွှင့်ခဲ့ရပီ
မန္တလေးမြို့အရှေ့ပြင်ဖက်ပုသိမ်ကြီးမြို့ နယ် လိမ်ပင်ကွက်သစ်
ပြင်ဦးလွင်လမ်းသစ်တွင်၂၈ ရက်နေ့ ည၈ နာရီလောက်က
မိတ်ဆွေတစ်ယောက်ရဲ့ သားဖြစ်သူဒေါက်တာ ကျော်စိုးထက်ဟာ
ဆိုင်ကယ်၊ ဖုန်း၊ ပိုက်ဆံ အလုခံရပြီးထိုးသွင်း ဒဏ်ရာဆယ်ချက်ကျော်နဲ့ရက်ရက်စက်စက် အသ တ်ခံရပါတယ်။
အခင်းဖြစ်နေရာမှာ လူသ တ်သမားနှစ်ယောက်ရဲ့ ဖိနပ်နှစ်ရံရောသ တ်တဲ့နေရာမှာအသုံးပြုတဲ့သံဒုတ် / ဓား အကုန်ကျန်ခဲ့ပါတယ်။
တရားခံတော့ ခုထိဖမ်းလိုမမိသေးဘူး
လုယက်သူတွေ သိမသွားကြတာကသူဟာမိဘကို အလုပ်အကျွေးပြုနေသူ၊
အားလပ်ချိန်မျိုးမှာ ငွေကြေးချို့တဲ့သူလူနာတွေကို အိမ်တိုင်ရာရောက်အခမဲ့လိုက်လံကုသပေးတတ်သူလိမ္မာရေးခြားရှိတဲ့လူငယ်ဆရာဝန်တစ်ဦး ဖြစ်နေတာပါ။
မိသားစုရဲ့ ဆုံးရှုံးမှု့ကြီးမားတာကိုစိတ်မကောင်းဖြစ်မိသလိုအမှု့မှန်ကိုအမြန်ဆုံးဖော်ထုတ်နိုင်ပါစေလို့ဆုတောင်းပါတယ်။
unicode