အာဆီယံ မွာ က်ားတေကာင္အျဖစ္ ျပန္ႏိုး ထလာေတာ့မယ့္ ျမန္မာ
ကမ ၻာမွာ စီးပြားေရး ေတြ ျပန္စတယ္။ ေက်ာင္းေတြ ျပန္ဖြင့္ၾကတယ္။ ကိုဗစ္ ကို ႏိုင္လိုက္ပီဆိုပီး ရဲဝံ့စြန႔္စား လိုက္ၾကတယ္။ Mask ေတြ မတပ္ၾကေတာ့ဘူး။ အဲဒီအခ်ိန္မွာ ကိုဗစ္ က ေနာက္တႀကိမ္ ထတြယ္ပါတယ္။ ဂ်ပန္မွာ ၿမိဳ႕ေတြ ျပန္ပိတ္လိုက္ရပီ။ Lock Down ေပါ့။ ၃လ ေက်ာ္ ပိုးကူးတဲ့သူ တေယာက္မွ မေတြ႕ခဲ့တဲ့ ဗီယက္နမ္ မွာ ၃ ေယာက္ ေသသြားပီ။ ထိုင္းမွာလဲ အသဲအသန္။ အေမရိကန္ မွာလဲ မရပ္တန႔္ႏိုင္ေသးပါဘူး။
ဒီအခ်ိန္မွာ ဘာျဖစ္ျဖစ္ စည္းကမ္းေတြကို မေလွ်ာ့လိုက္တဲ့ ျမန္မာအစိုးရကို ေက်းဇူးတင္ရပါတယ္။ ေဘာလုံးပြဲေတြ၊ ရႈိးပြဲေတြ၊ ဘာသာေရးအခမ္းအနားေတြကေန အေတာ္ကူးစက္ၾကပါတယ္။ က်ေနာ္တို႔ ႏိုင္ငံကေတာ့ ပန္းပန္ေနဆဲပါပဲ။ အခု ပိတ္ရက္ေတြမွာ လူေတြ ျမန္မာျပည္အႏွံ႔ စိတ္ခ်လက္ခ် ခရီးသြားၾကပါတယ္။ ၃ ၄ လ ေလာက္ အိမ္တြင္းပုန္းေနရေတာ့ သြားခ်င္ၾကမွာပါပဲ။ အခုလို သြားႏိုင္ၾကလို႔လဲ ေက်နပ္မိပါတယ္။
တျခားႏိုင္ငံေတြ က်ီးလန႔္စာစားျဖစ္ေနခ်ိန္မွာ က်ေနာ္တို႔ျပည္သူေတြ စိတ္ခ်မ္းခ်မ္းသာသာ ေနႏိုင္တာ ဝမ္းသာမိပါတယ္။ ဒီရလာဒ္က ကမာၻကို ႐ိုက္ခတ္ပါတယ္။ အရင္ကလို မဟုတ္ေတာ့ပဲ တေနရာမွာ တခုခုျဖစ္တာနဲ႔ မိနစ္ပိုင္းအတြင္း ကမာၻက သိၾကတဲ့ေခတ္ထဲမွာ ျမန္မာလို ငမြဲႏိုင္ငံ၊ လူ႔အရင္းအျမစ္၊ အေထာက္အပံ့နည္းတဲ့ႏိုင္ငံက ဘာလို႔ ဒီေရာဂါႀကီးကို ထိန္းႏိုင္ေနတာလဲဆိုတာကို စိတ္ဝင္စားၾကပါတယ္။ ေနာက္ပီး ျပန္လည္ထူေထာင္ေရးမွာလဲ စနစ္တက်နဲ႔ ႏႈိးထမႈ ရွိတယ္ဆိုတာကို ကမာၻက လက္ခံလာပါတယ္။ ဒါေၾကာင့္ အစိုးရအေပၚ အေကာင္းျမင္မႈက မ်ားျပားလာပါတယ္။
ဒါရဲ႕ အက်ိဳးဆက္က ဆက္တိုက္ခံစားရပါတယ္။ ကိုဗစ္ ကာလမွာ အထည္ခ်ဳပ္က အလုပ္ျဖစ္ခဲ့ပါတယ္။ ပိတ္လိုက္ရတာေတြ မနည္းမေနာ ရွိေပမယ့္ အေနာက္တိုင္းက ျမန္မာ့အထည္ခ်ဳပ္ရဲ႕ အားကို အသိအမွတ္ျပဳပါတယ္။ ဒါေၾကာင့္ အထည္ခ်ဳပ္လုပ္ငန္းေတြ မၿပိဳလဲေအာင္ EU က ေငြေၾကးေထာက္ပံ့ပါတယ္။ ျပန္လည္ထူေထာင္ေရး အတြက္ ကမာၻ႔ေငြေၾကးရန္ပုံေငြအဖြဲ႕က ေငြေခ်းပါတယ္။ ဒါ့အျပင္ အေမရိကန္လို ႏိုင္ငံေတြကလဲ ျမန္မာ့အေရးဆိုပီး စကားလုံးတိုက္ပြဲထဲ ျပန္ပါလာပါတယ္။ ႐ိုဟင္ဂ်ာကိစၥက တခန္းရပ္သြားပါပီ။ အေမရိကန္က သူ႔အက်ိဳးစီးပြားကို ၾကည့္ပါတယ္။
တ႐ုတ္လက္ထဲ လႊတ္ထားလိုက္ျခင္းဟာ ခါးပတ္လမ္းႀကီးျဖစ္လာမွာျဖစ္ပီး အေမရိကန္အတြက္ အထိနာေစႏိုင္ပါတယ္။ ကိုဗစ္ ျဖစ္လိုက္ျခင္းဟာ တ႐ုတ္သမၼတရွီရဲ႕ အိပ္မက္ေတြကို အႀကီးအက်ယ္ ေႏွာင့္ယွက္လိုက္တာပါပဲ။ သူ႔ရဲ႕ အစီအစဥ္ေတြက ထင္ထားသလို မျဖစ္ေတာ့ပဲ ကေသာင္းကနင္းျဖစ္ေနပါတယ္။
ကုန္သြယ္ေရးတိုက္ပြဲရဲ႕ အက်ိဳးဆက္အျဖစ္ ႏိုင္ငံတကာက တ႐ုတ္ကို ဖိအားေပးခ်ိန္မွာေတာ့ ဂ်ပန္က ျမန္မာႏိုင္ငံရဲ႕ အနီးကပ္မဟာမိတ္ျဖစ္လာပါတယ္။ ဂ်ပန္က ျမန္မာရဲ႕ ေရာဂါထိန္းခ်ဳပ္ပုံကို ေလးစားသလို ပထဝီအေနအထားကိုလဲ တန္ဖိုးထားပါတယ္။ တ႐ုတ္က ထြက္လာမယ့္ ဂ်ပန္လုပ္ငန္းေတြကို ေခၚႏိုင္ဖို႔ အာဆီယံႏိုင္ငံအားလုံးက အသည္းအသန္ႀကိဳးစားေနပါတယ္။ ဒါေပမယ့္ အေမစုက ဟိုတေန႔က အစည္းအေဝးမွာ ဂ်ပန္ေတြ အကုန္စိတ္ဝင္စားသြားမယ့္ စီမံကိန္းႀကီးကို ခ်ျပလိုက္ပါတယ္။ မြန္ျပည္နယ္က စက္မႈဇုန္ႀကီးပါ။
ျမန္မာျပည္မွာ အႀကီးဆုံးျဖစ္လာမယ့္ အဲဒီစက္မႈဇုန္ဟာ အေကာင္းဆုံးလဲ ျဖစ္လာမွာပါ။ သူနဲ႔ အတူ တည္ေဆာက္မွာက ပဲခူး-က်ိဳက္ထိုလမ္းမႀကီး၊ ဟံသာဝတီေလဆိပ္သစ္ႀကီးနဲ႔ လွည္းကူးက စက္မႈဇုန္ပါ ပါဝင္ပါလိမ့္မယ္။ အဲဒီလမ္းမႀကီးဟာ ပဲခူး-သန္လ်င္လမ္း၊ သီလဝါစက္မႈဇုန္၊ ဟံသာဝတီေလဆိပ္သစ္ႀကီးနဲ႔ ရန္ကုန္-မန္းေလး အေဝးေျပးလမ္းမႀကီးကို ခ်ိတ္ဆက္ပါလိမ့္မယ္။ ကားလမ္းက ထိုင္းအထိ ေပါက္မွာျဖစ္ပါတယ္။ အဲဒီပတ္လမ္းႀကီးကို အေရွ႕-အေနာက္ စီးပြားေရးျစကၤန္(East West Economic Corridor) ရဲ႕ တစိတ္တေဒသအျဖစ္ သတ္မွတ္ပါတယ္။ အဲဒီလမ္းေဘးမွာ နံရံေတြ ကာရံထားမွာျဖစ္ပီး အရင္ကလို ကားလမ္းေဘးမွာ အိမ္ဝယ္လို႔လဲ အက်ိဳးျဖစ္မွာ မဟုတ္ပါဘူး။ တင္ဒါကိုလဲ ပြင့္လင္းျမင္သာမႈရွိစြာ တကမာၻလုံးကို ဖိတ္ေခၚသြားမယ္လို႔ သိရပါတယ္။
ဒီစီမံကိန္းကို ဂ်ပန္ေတြက အေတာ္ကို စိတ္ဝင္စားသြားပါတယ္။ ပထဝီအေနအထားက က်န္အာဆီယံ ႏိုင္ငံေတြထက္ ပိုေကာင္းေနလို႔ပါ။ အဆင္ေျပပီဆိုရင္ အလုပ္အကိုင္ေပါင္းမ်ားစြာနဲ႔ ေငြေၾကးဘီလီယံနဲ႔ခ်ီပီး ျမန္မာႏိုင္ငံကို ဝင္လာမွာပါ။ မြန္ျပည္နယ္နဲ႔ ကရင္ျပည္နယ္ကေန ထိုင္းမွာ သြားလုပ္ေနရတဲ့ ျမန္မာျပည္သူေတြ တိုင္းရင္းသားေတြ တိုင္းျပည္ထဲမွာပဲ အဆင့္မွီမွီ လုပ္ကိုင္ႏိုင္ပါလိမ့္မယ္။
ဒီလို စက္မႈဇုန္ႀကီးေတြ တည္ေဆာက္ပီးရင္ မီးရဖို႔ လို ပါတယ္။ ဟိုတေန႔က ဂ်ပန္က ထုတ္လုပ္မယ့္ LNG စက္႐ုံက ၂၀၂၅ မွာ လည္ပတ္ပါလိမ့္မယ္။ အဲဒီထက္အရင္ တ႐ုတ္က ေဆာက္ေနတဲ့ စက္႐ုံတခုရွိပါေသးတယ္။ ၂၀၂၃ မွာ စတင္လည္ပတ္မွာျဖစ္ပီး ထြက္ရွိမယ့္ မဂၢါဝပ္က ၁၃၉၀ မဂါၢဝပ္ ျဖစ္ပီး ဂ်ပန္က ေဆာက္မယ့္ စက္႐ုံ ထက္ကို ပိုမ်ားပါတယ္။
ဂ်ပန္စက္႐ုံက ၁၂၅၀ မဂါၢဝပ္ ထြက္ပါမယ္။ NLD အစိုးရဟာ ၅ ႏွစ္အတြင္း ရသေလာက္ႀကိဳးစားတည္ေဆာက္လာခဲ့ရာ အခုဆို လမ္းေတြ အရမ္းေကာင္းလာသလို အျခားအေျခခံအေဆာက္အဦးေတြလဲ တိုးတက္လာေနပါတယ္။ က်န္ရွိေနတဲ့ လွ်ပ္စစ္မီးကို အခုအခ်ိန္မွာ အသားေပးပီး တည္ေဆာက္ဖို႔ လုပ္ေနပါတယ္။
၂၀၂၅ ခု ေရာက္လို႔ အေမစု အနားယူခဲ့မယ္ဆိုရင္ေတာင္ ျမန္မာႏိုင္ငံဟာ လမ္း၊ တံတားနဲ႔ လွ်ပ္စစ္ အစရွိတဲ့ အေျခခံအေဆာက္အဦးေတြ အေတာ္ျပည့္စုံေနပီလို႔ ထင္မွတ္ရပါတယ္။ ထို႔အတူ ယခု စတင္တဲ့ ပညာေရးစနစ္သစ္နဲ႔အတူ ေပၚထြက္လာမယ့္ ျမန္မာလူငယ္ေတြဟာ ၂၀၃၀ က်ရင္ လုပ္ငန္းခြင္ေတြထဲ စတင္ ဝင္ေရာက္လာမွာပါ။
ဒီလို ျပည့္စုံေနပီဆိုရင္ ႏိုင္ငံတကာ ရင္းႏွီးျမဳပ္ႏွံမႈေတြကို ဖိတ္ေခၚဖို႔က သိပ္လြယ္သြားပါပီ။ တဖက္မွာ အထူးအခြန္ကင္းလြတ္ခြင့္ေတြလဲ ရွိေနပါေသးတယ္။ အဲဒီအခ်ိန္က်ရင္ ကုန္း႐ုန္းပီး ႀကိဳးစားၾကရင္ေတာ့ ၂၀၃၀ ကေန ၂၀၄၀ မွာေတာ့ ျမန္မာဟာ အာဆီယံမွာ က်ားတေကာင္အျဖစ္ ျပန္ႏိုးထလာပါေတာ့မယ္။
အေမစု ေျပာခဲ့တဲ့ စင္ကာပူကို ေက်ာ္ေအာင္ လုပ္မယ္ ဆိုတာ အလကားမဟုတ္ပါဘူး။ အခု ကိုဗစ္ ကာလမွာလို စည္းလုံးစြာ ႀကိဳးစားၾကရင္ ဘာမဆို ျဖစ္ႏိုင္ပါတယ္။ ျမန္မာႏိုင္ငံဟာ လမ္းမွန္ေပၚေရာက္ေနပါပီ။ အဲဒီ အေနအထားက ေခ်ာ္မသြားဖို႔က တခုပဲ လိုပါေတာ့တယ္။ ႏိုဝင္ဘာ ၈ ရက္ေန႔မွာ ခင္ဗ်ားထည့္လိုက္မယ့္ မဲတျပားပါပဲ။ အဲဒီမဲဟာ ျမန္မာျပည္ရဲ႕ အနာဂတ္ကို ဆုံးျဖတ္ေပးပါေတာ့မယ္။
အႏွစ္ႏွစ္အလလက ေမွ်ာ္လင့္ခဲ့ရတဲ့ ေ႐ႊျပည္ေတာ္က ခင္ဗ်ားတို႔ က်ေနာ္တို႔ ေရွ႕မွာ ေရာက္ေနပါပီ။ အေမအိုက ယူလာေပးေနခဲ့ပီ။ အေမစုဟာ ဗိုလ္ခ်ဳပ္ေမွ်ာ္မွန္းခဲ့တဲ့ ေ႐ႊႏိုင္ငံကို တည္ေဆာက္ဖို႔ အားကုန္ ထုတ္လုပ္ေဆာင္ေနခဲ့တာပါ။ သူတို႔ သားအဖက တိုင္းျပည္အေပၚ တာဝန္ေက်ခဲ့ၾကပါပီ။ က်ေနာ္တို႔ဘက္က မဲေလး ၁မဲ သြားေပး႐ုံ နဲ႔ ဗိုလ္ခ်ဳပ္နဲ႔ တိုင္းျပည္အေပၚ တာဝန္ေက်ခြင့္ ရွိေနပါပီ။crd
Unicode
အာဆီယံ မှာ ကျားတကောင်အဖြစ် ပြန်နိုး ထလာတော့မယ့် မြန်မာ
ကမ ္ဘာမှာ စီးပွားရေး တွေ ပြန်စတယ်။ ကျောင်းတွေ ပြန်ဖွင့်ကြတယ်။ ကိုဗစ္ ကို နိုင်လိုက်ပီဆိုပီး ရဲဝံ့စွန့်စား လိုက်ကြတယ်။ Mask တွေ မတပ်ကြတော့ဘူး။ အဲဒီအချိန်မှာ ကိုဗစ္ က နောက်တကြိမ် ထတွယ်ပါတယ်။ ဂျပန်မှာ မြို့တွေ ပြန်ပိတ်လိုက်ရပီ။ Lock Down ပေါ့။ ၃လ ကျော် ပိုးကူးတဲ့သူ တယောက်မှ မတွေ့ခဲ့တဲ့ ဗီယက်နမ် မှာ ၃ ယောက် သေသွားပီ။ ထိုင်းမှာလဲ အသဲအသန်။ အမေရိကန် မှာလဲ မရပ်တန့်နိုင်သေးပါဘူး။
ဒီအချိန်မှာ ဘာဖြစ်ဖြစ် စည်းကမ်းတွေကို မလျှော့လိုက်တဲ့ မြန်မာအစိုးရကို ကျေးဇူးတင်ရပါတယ်။ ဘောလုံးပွဲတွေ၊ ရှိုးပွဲတွေ၊ ဘာသာရေးအခမ်းအနားတွေကနေ အတော်ကူးစက်ကြပါတယ်။ ကျနော်တို့ နိုင်ငံကတော့ ပန်းပန်နေဆဲပါပဲ။ အခု ပိတ်ရက်တွေမှာ လူတွေ မြန်မာပြည်အနှံ့ စိတ်ချလက်ချ ခရီးသွားကြပါတယ်။ ၃ ၄ လ လောက် အိမ်တွင်းပုန်းနေရတော့ သွားချင်ကြမှာပါပဲ။ အခုလို သွားနိုင်ကြလို့လဲ ကျေနပ်မိပါတယ်။
တခြားနိုင်ငံတွေ ကျီးလန့်စာစားဖြစ်နေချိန်မှာ ကျနော်တို့ပြည်သူတွေ စိတ်ချမ်းချမ်းသာသာ နေနိုင်တာ ဝမ်းသာမိပါတယ်။ ဒီရလာဒ်က ကမ္ဘာကို ရိုက်ခတ်ပါတယ်။ အရင်ကလို မဟုတ်တော့ပဲ တနေရာမှာ တခုခုဖြစ်တာနဲ့ မိနစ်ပိုင်းအတွင်း ကမ္ဘာက သိကြတဲ့ခေတ်ထဲမှာ မြန်မာလို ငမွဲနိုင်ငံ၊ လူ့အရင်းအမြစ်၊ အထောက်အပံ့နည်းတဲ့နိုင်ငံက ဘာလို့ ဒီရောဂါကြီးကို ထိန်းနိုင်နေတာလဲဆိုတာကို စိတ်ဝင်စားကြပါတယ်။ နောက်ပီး ပြန်လည်ထူထောင်ရေးမှာလဲ စနစ်တကျနဲ့ နှိုးထမှု ရှိတယ်ဆိုတာကို ကမ္ဘာက လက်ခံလာပါတယ်။ ဒါကြောင့် အစိုးရအပေါ် အကောင်းမြင်မှုက များပြားလာပါတယ်။
ဒါရဲ့ အကျိုးဆက်က ဆက်တိုက်ခံစားရပါတယ်။ ကိုဗစ္ ကာလမှာ အထည်ချုပ်က အလုပ်ဖြစ်ခဲ့ပါတယ်။ ပိတ်လိုက်ရတာတွေ မနည်းမနော ရှိပေမယ့် အနောက်တိုင်းက မြန်မာ့အထည်ချုပ်ရဲ့ အားကို အသိအမှတ်ပြုပါတယ်။ ဒါကြောင့် အထည်ချုပ်လုပ်ငန်းတွေ မပြိုလဲအောင် EU က ငွေကြေးထောက်ပံ့ပါတယ်။ ပြန်လည်ထူထောင်ရေး အတွက် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့က ငွေချေးပါတယ်။ ဒါ့အပြင် အမေရိကန်လို နိုင်ငံတွေကလဲ မြန်မာ့အရေးဆိုပီး စကားလုံးတိုက်ပွဲထဲ ပြန်ပါလာပါတယ်။ ရိုဟင်ဂျာကိစ္စက တခန်းရပ်သွားပါပီ။ အမေရိကန်က သူ့အကျိုးစီးပွားကို ကြည့်ပါတယ်။
တရုတ်လက်ထဲ လွှတ်ထားလိုက်ခြင်းဟာ ခါးပတ်လမ်းကြီးဖြစ်လာမှာဖြစ်ပီး အမေရိကန်အတွက် အထိနာစေနိုင်ပါတယ်။ ကိုဗစ္ ဖြစ်လိုက်ခြင်းဟာ တရုတ်သမ္မတရှီရဲ့ အိပ်မက်တွေကို အကြီးအကျယ် နှောင့်ယှက်လိုက်တာပါပဲ။ သူ့ရဲ့ အစီအစဉ်တွေက ထင်ထားသလို မဖြစ်တော့ပဲ ကသောင်းကနင်းဖြစ်နေပါတယ်။
ကုန်သွယ်ရေးတိုက်ပွဲရဲ့ အကျိုးဆက်အဖြစ် နိုင်ငံတကာက တရုတ်ကို ဖိအားပေးချိန်မှာတော့ ဂျပန်က မြန်မာနိုင်ငံရဲ့ အနီးကပ်မဟာမိတ်ဖြစ်လာပါတယ်။ ဂျပန်က မြန်မာရဲ့ ရောဂါထိန်းချုပ်ပုံကို လေးစားသလို ပထဝီအနေအထားကိုလဲ တန်ဖိုးထားပါတယ်။ တရုတ်က ထွက်လာမယ့် ဂျပန်လုပ်ငန်းတွေကို ခေါ်နိုင်ဖို့ အာဆီယံနိုင်ငံအားလုံးက အသည်းအသန်ကြိုးစားနေပါတယ်။ ဒါပေမယ့် အမေစုက ဟိုတနေ့က အစည်းအဝေးမှာ ဂျပန်တွေ အကုန်စိတ်ဝင်စားသွားမယ့် စီမံကိန်းကြီးကို ချပြလိုက်ပါတယ်။ မွန်ပြည်နယ်က စက်မှုဇုန်ကြီးပါ။
မြန်မာပြည်မှာ အကြီးဆုံးဖြစ်လာမယ့် အဲဒီစက်မှုဇုန်ဟာ အကောင်းဆုံးလဲ ဖြစ်လာမှာပါ။ သူနဲ့ အတူ တည်ဆောက်မှာက ပဲခူး-ကျိုက်ထိုလမ်းမကြီး၊ ဟံသာဝတီလေဆိပ်သစ်ကြီးနဲ့ လှည်းကူးက စက်မှုဇုန်ပါ ပါဝင်ပါလိမ့်မယ်။ အဲဒီလမ်းမကြီးဟာ ပဲခူး-သန်လျင်လမ်း၊ သီလဝါစက်မှုဇုန်၊ ဟံသာဝတီလေဆိပ်သစ်ကြီးနဲ့ ရန်ကုန်-မန်းလေး အဝေးပြေးလမ်းမကြီးကို ချိတ်ဆက်ပါလိမ့်မယ်။ ကားလမ်းက ထိုင်းအထိ ပေါက်မှာဖြစ်ပါတယ်။ အဲဒီပတ်လမ်းကြီးကို အရှေ့-အနောက် စီးပွားရေးစြင်္ကန်(East West Economic Corridor) ရဲ့ တစိတ်တဒေသအဖြစ် သတ်မှတ်ပါတယ်။ အဲဒီလမ်းဘေးမှာ နံရံတွေ ကာရံထားမှာဖြစ်ပီး အရင်ကလို ကားလမ်းဘေးမှာ အိမ်ဝယ်လို့လဲ အကျိုးဖြစ်မှာ မဟုတ်ပါဘူး။ တင်ဒါကိုလဲ ပွင့်လင်းမြင်သာမှုရှိစွာ တကမ္ဘာလုံးကို ဖိတ်ခေါ်သွားမယ်လို့ သိရပါတယ်။
ဒီစီမံကိန်းကို ဂျပန်တွေက အတော်ကို စိတ်ဝင်စားသွားပါတယ်။ ပထဝီအနေအထားက ကျန်အာဆီယံ နိုင်ငံတွေထက် ပိုကောင်းနေလို့ပါ။ အဆင်ပြေပီဆိုရင် အလုပ်အကိုင်ပေါင်းများစွာနဲ့ ငွေကြေးဘီလီယံနဲ့ချီပီး မြန်မာနိုင်ငံကို ဝင်လာမှာပါ။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကနေ ထိုင်းမှာ သွားလုပ်နေရတဲ့ မြန်မာပြည်သူတွေ တိုင်းရင်းသားတွေ တိုင်းပြည်ထဲမှာပဲ အဆင့်မှီမှီ လုပ်ကိုင်နိုင်ပါလိမ့်မယ်။
ဒီလို စက်မှုဇုန်ကြီးတွေ တည်ဆောက်ပီးရင် မီးရဖို့ လို ပါတယ်။ ဟိုတနေ့က ဂျပန်က ထုတ်လုပ်မယ့် LNG စက်ရုံက ၂၀၂၅ မှာ လည်ပတ်ပါလိမ့်မယ်။ အဲဒီထက်အရင် တရုတ်က ဆောက်နေတဲ့ စက်ရုံတခုရှိပါသေးတယ်။ ၂၀၂၃ မှာ စတင်လည်ပတ်မှာဖြစ်ပီး ထွက်ရှိမယ့် မဂ္ဂါဝပ်က ၁၃၉၀ မဂါ္ဂဝပ် ဖြစ်ပီး ဂျပန်က ဆောက်မယ့် စက်ရုံ ထက်ကို ပိုများပါတယ်။
ဂျပန်စက်ရုံက ၁၂၅၀ မဂါ္ဂဝပ် ထွက်ပါမယ်။ NLD အစိုးရဟာ ၅ နှစ်အတွင်း ရသလောက်ကြိုးစားတည်ဆောက်လာခဲ့ရာ အခုဆို လမ်းတွေ အရမ်းကောင်းလာသလို အခြားအခြေခံအဆောက်အဦးတွေလဲ တိုးတက်လာနေပါတယ်။ ကျန်ရှိနေတဲ့ လျှပ်စစ်မီးကို အခုအချိန်မှာ အသားပေးပီး တည်ဆောက်ဖို့ လုပ်နေပါတယ်။
၂၀၂၅ ခု ရောက်လို့ အမေစု အနားယူခဲ့မယ်ဆိုရင်တောင် မြန်မာနိုင်ငံဟာ လမ်း၊ တံတားနဲ့ လျှပ်စစ် အစရှိတဲ့ အခြေခံအဆောက်အဦးတွေ အတော်ပြည့်စုံနေပီလို့ ထင်မှတ်ရပါတယ်။ ထို့အတူ ယခု စတင်တဲ့ ပညာရေးစနစ်သစ်နဲ့အတူ ပေါ်ထွက်လာမယ့် မြန်မာလူငယ်တွေဟာ ၂၀၃၀ ကျရင် လုပ်ငန်းခွင်တွေထဲ စတင် ဝင်ရောက်လာမှာပါ။
ဒီလို ပြည့်စုံနေပီဆိုရင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေကို ဖိတ်ခေါ်ဖို့က သိပ်လွယ်သွားပါပီ။ တဖက်မှာ အထူးအခွန်ကင်းလွတ်ခွင့်တွေလဲ ရှိနေပါသေးတယ်။ အဲဒီအချိန်ကျရင် ကုန်းရုန်းပီး ကြိုးစားကြရင်တော့ ၂၀၃၀ ကနေ ၂၀၄၀ မှာတော့ မြန်မာဟာ အာဆီယံမှာ ကျားတကောင်အဖြစ် ပြန်နိုးထလာပါတော့မယ်။
အမေစု ပြောခဲ့တဲ့ စင်ကာပူကို ကျော်အောင် လုပ်မယ် ဆိုတာ အလကားမဟုတ်ပါဘူး။ အခု ကိုဗစ္ ကာလမှာလို စည်းလုံးစွာ ကြိုးစားကြရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံဟာ လမ်းမှန်ပေါ်ရောက်နေပါပီ။ အဲဒီ အနေအထားက ချော်မသွားဖို့က တခုပဲ လိုပါတော့တယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာ ခင်ဗျားထည့်လိုက်မယ့် မဲတပြားပါပဲ။ အဲဒီမဲဟာ မြန်မာပြည်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးပါတော့မယ်။
အနှစ်နှစ်အလလက မျှော်လင့်ခဲ့ရတဲ့ ရွှေပြည်တော်က ခင်ဗျားတို့ ကျနော်တို့ ရှေ့မှာ ရောက်နေပါပီ။ အမေအိုက ယူလာပေးနေခဲ့ပီ။ အမေစုဟာ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ ရွှေနိုင်ငံကို တည်ဆောက်ဖို့ အားကုန် ထုတ်လုပ်ဆောင်နေခဲ့တာပါ။ သူတို့ သားအဖက တိုင်းပြည်အပေါ် တာဝန်ကျေခဲ့ကြပါပီ။ ကျနော်တို့ဘက်က မဲလေး ၁မဲ သွားပေးရုံ နဲ့ ဗိုလ်ချုပ်နဲ့ တိုင်းပြည်အပေါ် တာဝန်ကျေခွင့် ရှိနေပါပီ။