ပညာေရးဝန္ႀကီးဌာန၊အေျခခံပညာဦးစီးဌာနက မသုံးစြဲရေသးတဲ့ဘက္ဂ်က္ကို အသုံးျပဳၿပီး ေက်ာင္းသားေတြအတြက္ ကိုဗစ္ ၁၉ ကာကြယ္ေရးပစၥည္းေတြ အခမဲ့ေပးသြားဖို႔ရွိတယ္လို႔ အေျခခံပညာဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။
ေႏြရာသီမွာ ဆရာ၊ဆရာမေတြကို အခုႏွစ္ သင္တန္းေတြမေပးျဖစ္တဲ့အတြက္ အဲဒီအတြက္ရရွိထားတဲ့ ဘက္ဂ်က္ေတြကို ေက်ာင္းသားေတြအတြက္ ကိုဗစ္ ကာကြယ္ေရးပစၥည္းေတြ အခမဲ့ေပးဖို႔ အသုံးျပဳသြားမွာျဖစ္တယ္လို႔ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။
“ပညာေရးဝန္ႀကီးဌာန၊အေျခခံပညာဦးစီးဌာန ရဲ႕ ဘတ္ဂ်က္ကေန ေပးသြားမွာပါ။ ဆရာဆရာမ ေလးသိန္းခြဲကို ေႏြရာသီမွာ သင္တန္းေပးဖို႔က ရွိၿပီးသား။
အဲဒီသင္တန္း (၁၄) ရက္က ေပးဖို႔မရွိေတာ့ဘူး။ အဲဒီထဲက တစ္ဝတ္ေလာက္ကေန လုံလုံေလာက္ေလာက္ကို ေပးလို႔ရပါတယ္။ “ လို႔ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။
အခုႏွစ္ ကိုဗစ္ ကာကြယ္ေရးအတြက္ ေက်ာင္းသားေတြကို အဝတ္ႏွာေခါင္းစည္း ႏွစ္ခု ၊မ်က္ႏွာကာကြယ္တဲ့ မ်က္ႏွာဖုံးတစ္ခုေပးမွာ ျဖစ္ပါတယ္။ အဲဒီ့အျပင္ ေက်ာင္းေတြမွာ လည္း လက္ေဆးကန္နဲ႔လိုအပ္တဲ့အရာေတြကို လုပ္ေဆာင္ေပးသြားဖို႔ရွိတယ္လို႔ သိရပါတယ္။
ေက်ာင္းေတြကိုေတာ့ အေစာဆုံးဇူလိုင္လမွာ ဖြင့္လွစ္ႏိုင္ဖို႔ ေမွ်ာ္မွန္း ေဆာင္႐ြက္ ေနတယ္လို႔လည္း ေျပာပါတယ္။
Unicode
ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနက မသုံးစွဲရသေးတဲ့ဘက်ဂျက်ကို အသုံးပြုပြီး ကျောင်းသားတွေအတွက် ကိုဗစ် ၁၉ ကာကွယ်ရေးပစ္စည်းတွေ အခမဲ့ပေးသွားဖို့ရှိတယ်လို့ အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။
နွေရာသီမှာ ဆရာ၊ဆရာမတွေကို အခုနှစ် သင်တန်းတွေမပေးဖြစ်တဲ့အတွက် အဲဒီအတွက်ရရှိထားတဲ့ ဘက်ဂျက်တွေကို ကျောင်းသားတွေအတွက် ကိုဗစ် ကာကွယ်ရေးပစ္စည်းတွေ အခမဲ့ပေးဖို့ အသုံးပြုသွားမှာဖြစ်တယ်လို့ ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။
“ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန ရဲ့ ဘတ်ဂျက်ကနေ ပေးသွားမှာပါ။ ဆရာဆရာမ လေးသိန်းခွဲကို နွေရာသီမှာ သင်တန်းပေးဖို့က ရှိပြီးသား။
အဲဒီသင်တန်း (၁၄) ရက်က ပေးဖို့မရှိတော့ဘူး။ အဲဒီထဲက တစ်ဝတ်လောက်ကနေ လုံလုံလောက်လောက်ကို ပေးလို့ရပါတယ်။ “ လို့ ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။
အခုနှစ် ကိုဗစ် ကာကွယ်ရေးအတွက် ကျောင်းသားတွေကို အဝတ်နှာခေါင်းစည်း နှစ်ခု ၊မျက်နှာကာကွယ်တဲ့ မျက်နှာဖုံးတစ်ခုပေးမှာ ဖြစ်ပါတယ်။ အဲဒီ့အပြင် ကျောင်းတွေမှာ လည်း လက်ဆေးကန်နဲ့လိုအပ်တဲ့အရာတွေကို လုပ်ဆောင်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
ကျောင်းတွေကိုတော့ အစောဆုံးဇူလိုင်လမှာ ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်း ဆောင်ရွက် နေတယ်လို့လည်း ပြောပါတယ်။