အသက္ (၁၇)ႏွစ္ အ႐ြယ္ ဘိုလစ္ဗီယားႏိုင္ငံသူေလးတစ္ဦးဟာ သူငယ္ခ်င္းေကာင္ေလး (၄) ဦးက အဓမၼက်င့္တာကို ခံခဲ့ရေၾကာင္း သိရပါတယ္။ အဆိုပါ ေကာင္မေလးအမည္ကေတာ့ Jhoselin Monica Calani ျဖစ္ေၾကာင္း The Sun က ေဖာ္ျပထားပါတယ္။
သူမဟာ Oruro ၿမိဳ႕မွာ သူငယ္ခ်င္းေတြနဲ႔ ေသာက္စားစဥ္၊ လူမွန္းသူမွန္းမသိေအာင္ မူးေနခ်ိန္မွာ သူမရဲ႕ သူငယ္ခ်င္း (၄) ဦးက အဓမၼဝိုင္းက်င့္တာကို ခံခဲ့ရပါတယ္။ ဆိုးဆိုး႐ြား႐ြား အဓမၼက်င့္ခံလိုက္ရလို႔ Monica ဟာ ေဆး႐ုံမွာ သတိလစ္လွ်က္အေနအထားနဲ႔ (၂)ရက္ၾကာ ကုသခဲ့ရေပမယ့္၊
ေဒါက္တာေတြက သူမရဲ႕အသက္ကို မကယ္ႏိုင္ခဲ့ပါဘူး။ ဒီအျဖစ္အပ်က္ဟာ ယမန္ႏွစ္က ျဖစ္ခဲ့တဲ့အျဖစ္အပ်က္ဆိုေသာ္လည္း၊ အမႈၾကားနာမႈက အခုအခ်ိန္ထိ မၿပီးျပတ္ေသးပါဘူး။Monica ဟာ သူမတို႔ ေသာက္စားခဲ့တဲ့အိမ္မွာ တစ္ေယာက္တည္း ခ်န္ထားခံခဲ့ရပါတယ္။
အဓမၼက်င့္တဲ့လူေတြကေတာ့ သူမရဲ႕ သူငယ္ခ်င္းအရင္းေခါက္ေခါက္ေတြ ျဖစ္ၾကပါတယ္။ အသက္(၁၆)ႏွစ္နဲ႔ (၁၇)ႏွစ္ အသီးသီးသာ ရွိၾကေသးၿပီး၊ အားလုံးကို မၾကာမီမွာ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။တစ္ခ်ိဳ႕ကလည္း Monica ဟာ အိပ္ေဆးခပ္ၿပီး
အဓမၼက်င့္တာကို ခံခဲ့ရတာလို႔ ဆိုေနၾကေပမယ့္၊ ေသမႈေသခင္းအဖြဲ႕ကေတာ့ ဒါကို အတည္ျပဳထားျခင္း မရွိပါဘူး။ ျပစ္မႈက်ဴးလြန္တဲ့ တရားခံေတြကေတာ့ အသက္အ႐ြယ္အရ ငယ္ၾကေသာ္လည္း၊ ေထာင္ႏွစ္(၃၀)အထိ က်ခံရႏိုင္ပါတယ္။ ခရက္ဒစ္
Unicode
အသက် (၁၇)နှစ် အရွယ် ဘိုလစ်ဗီယားနိုင်ငံသူလေးတစ်ဦးဟာ သူငယ်ချင်းကောင်လေး (၄) ဦးက အဓမ္မကျင့်တာကို ခံခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ ကောင်မလေးအမည်ကတော့ Jhoselin Monica Calani ဖြစ်ကြောင်း The Sun က ဖော်ပြထားပါတယ်။
သူမဟာ Oruro မြို့မှာ သူငယ်ချင်းတွေနဲ့ သောက်စားစဉ်၊ လူမှန်းသူမှန်းမသိအောင် မူးနေချိန်မှာ သူမရဲ့ သူငယ်ချင်း (၄) ဦးက အဓမ္မဝိုင်းကျင့်တာကို ခံခဲ့ရပါတယ်။ ဆိုးဆိုးရွားရွား အဓမ္မကျင့်ခံလိုက်ရလို့ Monica ဟာ ဆေးရုံမှာ သတိလစ်လျှက်အနေအထားနဲ့ (၂)ရက်ကြာ ကုသခဲ့ရပေမယ့်၊
ဒေါက်တာတွေက သူမရဲ့အသက်ကို မကယ်နိုင်ခဲ့ပါဘူး။ ဒီအဖြစ်အပျက်ဟာ ယမန်နှစ်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်ဆိုသော်လည်း၊ အမှုကြားနာမှုက အခုအချိန်ထိ မပြီးပြတ်သေးပါဘူး။Monica ဟာ သူမတို့ သောက်စားခဲ့တဲ့အိမ်မှာ တစ်ယောက်တည်း ချန်ထားခံခဲ့ရပါတယ်။
အဓမ္မကျင့်တဲ့လူတွေကတော့ သူမရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်တွေ ဖြစ်ကြပါတယ်။ အသက်(၁၆)နှစ်နဲ့ (၁၇)နှစ် အသီးသီးသာ ရှိကြသေးပြီး၊ အားလုံးကို မကြာမီမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။တစ်ချို့ကလည်း Monica ဟာ အိပ်ဆေးခပ်ပြီး
အဓမ္မကျင့်တာကို ခံခဲ့ရတာလို့ ဆိုနေကြပေမယ့်၊ သေမှုသေခင်းအဖွဲ့ကတော့ ဒါကို အတည်ပြုထားခြင်း မရှိပါဘူး။ ပြစ်မှုကျူးလွန်တဲ့ တရားခံတွေကတော့ အသက်အရွယ်အရ ငယ်ကြသော်လည်း၊ ထောင်နှစ်(၃၀)အထိ ကျခံရနိုင်ပါတယ်။ ခရက်ဒစ်