ၾကားသိရသမွ်

ဇနီးျဖစ္သူမွာ သားေလး လသားအ႐ြယ္တည္းက ဆုံးပါးသြား၍ ကေလးထိန္းေပးသမားမရွိတာေၾကာင့္ အလုပ္ထဲထိေခၚလာခဲ့ရေသာ ဖခင္တစ္ဦး

ဗီယက္နမ္ႏိုင္ငံမွ အသက္၃၀ေက်ာ္အ႐ြယ္ အမ်ိဳသားတစ္ဦးသည္ အိမ္ေထာင္က်ၿပီး သားေလးေမြးဖြားခဲ့၍ ေပ်ာ္႐ႊင္ေနေသာ္လည္း ဇနီးသည္မွာ က်န္းမာေရးမေကာင္းသည့္အတြက္ သားအဖႏွစ္ေယာက္ကို ထားရစ္ကာ ဆုံးပါးသြားခဲ့သည္။

ထို႔ေၾကာင့္ ဖခင္ျဖစ္သူခမ်ာ အိမ္ဌားေနသည့္အတြက္ လစဥ္ေၾကးသြင္းဖို႔ရာတစ္ဖက္ စားဝတ္ေနေရးကတစ္ဖက္ႏွင့္ အလုပ္လုပ္မွရမွာျဖစ္သည့္အတြက္ သူႏွင့္ကိုက္ညီမည္ထင္ေသာ အစားအစာပို႔ေဆာင္ေရးသမားအျဖစ္ ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။

ဖခင္ျဖစ္သူသည္ ပို႔ေဆာင္ေရးသမားျဖစ္သည့္အတြက္ အိမ္မွာကေလးၾကည့္ေပးမည့္သူမရွိလည္း အလုပ္ထဲထိ ေခၚေဆာင္သြားလို႔ရကာ ဝင္ေငြရွာရန္ အဆင္ေျပခဲ့ေသာ္လည္း အနည္းငယ္ေတာ့ ခက္ခဲပင္ပန္းခဲ့သည္။

ဖခင္ျဖစ္သူသည္ အလုပ္သြားတိုင္း ကေလးႏို႔ဘူးနဲ႔ အဝတ္အစားတို႔ကို အိတ္ေလးတစ္လုံးမွာ သက္သက္ထည့္ၿပီး ေရွ႕နားတြင္ သားေလးလြယ္ထားၿပီး အလုပ္လုပ္ခဲ့ျခင္းျဖင့္ ျမင္ေတြ႕သူမ်ားမွ ေလးစားခ်ီးက်ဴးခဲ့ၾကသည္။

Rain (For Ialinks)

Unicode

ဇနီးဖြစ်သူမှာ သားလေး လသားအရွယ်တည်းက ဆုံးပါးသွား၍ ကလေးထိန်းပေးသမားမရှိတာကြောင့် အလုပ်ထဲထိခေါ်လာခဲ့ရသော ဖခင်တစ်ဦး

ဗီယက်နမ်နိုင်ငံမှ အသက်၃၀ကျော်အရွယ် အမျိုသားတစ်ဦးသည် အိမ်ထောင်ကျပြီး သားလေးမွေးဖွားခဲ့၍ ပျော်ရွှင်နေသော်လည်း ဇနီးသည်မှာ ကျန်းမာရေးမကောင်းသည့်အတွက် သားအဖနှစ်ယောက်ကို ထားရစ်ကာ ဆုံးပါးသွားခဲ့သည်။

ထို့ကြောင့် ဖခင်ဖြစ်သူခမျာ အိမ်ဌားနေသည့်အတွက် လစဥ်ကြေးသွင်းဖို့ရာတစ်ဖက် စားဝတ်နေရေးကတစ်ဖက်နှင့် အလုပ်လုပ်မှရမှာဖြစ်သည့်အတွက် သူနှင့်ကိုက်ညီမည်ထင်သော အစားအစာပို့ဆောင်ရေးသမားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ဖခင်ဖြစ်သူသည် ပို့ဆောင်ရေးသမားဖြစ်သည့်အတွက် အိမ်မှာကလေးကြည့်ပေးမည့်သူမရှိလည်း အလုပ်ထဲထိ ခေါ်ဆောင်သွားလို့ရကာ ဝင်ငွေရှာရန် အဆင်ပြေခဲ့သော်လည်း အနည်းငယ်တော့ ခက်ခဲပင်ပန်းခဲ့သည်။

ဖခင်ဖြစ်သူသည် အလုပ်သွားတိုင်း ကလေးနို့ဘူးနဲ့ အဝတ်အစားတို့ကို အိတ်လေးတစ်လုံးမှာ သက်သက်ထည့်ပြီး ရှေ့နားတွင် သားလေးလွယ်ထားပြီး အလုပ်လုပ်ခဲ့ခြင်းဖြင့် မြင်တွေ့သူများမှ လေးစားချီးကျူးခဲ့ကြသည်။

Rain (For Ialinks)