အပိုဝင်ငွေရရှိရန် အပတ်တိုင်း ငါးဖမ်းလှေဆီသို့ ဖောင်စုတ်လေးစီးပြီး အလုပ်သွားလုပ်ရတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေး
စွန့်ပစ်ထားသောသစ်သားနှင့်ပြုလုပ်ထားသည့် ဖောင်တစ်စီးဖြင့် တစ်နာရီကြာခရီးကို လက်ဗလာဖြင့် ပင်လယ်ရေပေါ်တွင်လှော်တက်ခြင်းဟာ လူတိုင်းလုပ်လိုသည့်အလုပ်တစ်ခုတော့မဟုတ်ပေမဲ့ ဤဖိလစ်ပိုင်ဆယ်ကျော်သက်ကောင်လေးအတွက်ကတော့ မဖြစ်မနေလုပ်ရတဲ့အလုပ်တစ်ခုပါဘဲ။ အသက် ၁၃ နှစ်အရွယ်တွင် Reymark Cavesirano အမည်ရှိကောင်လေးဟာ သူ၏မိသားစုကို ကျွေးမွေးပြုစုနိုင်ရန်လုံလောက်သော ရွေးစရာအလုပ်တစ်ခုသာရှိပါတယ်။
၎င်းအလုပ်ဟာ သူ့အား ပင်လယ်ထဲရှိဝေးလံသောငါးဖမ်းလှေများသို့ နေ့တိုင်းလှော်ခတ်စေခဲ့ပါတယ်။ သူအလုပ်သွားလုပ်နေတဲ့ငါးဖမ်းလှေဟာ မနီလာပင်လယ်အော်နဲ့သိပ်မဝေးပေမယ့် ကောင်လေးဟာ ထိုနေရာသို့အချိန်မီရောက်ဖို့ မနက်အရုဏ်မတက်ခင်မှာ ထွက်ခွါရပါတယ်။ ထို့နောက် သူဟာ သူ့ရဲ့ယာယီဌားရမ်းထားတဲ့သစ်သားဖောင်ဖြင့် ၎င်းငါးဖမ်းလှေဆီသို့ လက်ဗလာဖြင့် လှော်ခတ်သွားရပါတယ်။
လှေပေါ်မှာ Reymark က ငါးဖမ်းပိုက်မှာကပ်နေတဲ့ငါးတွေကို ဖယ်ရှားဖို့ သူ့အသက်ထက် နှစ်ဆကြီးတဲ့အမျိုးသားတွေနဲ့အတူ အလုပ်လုပ်ရပါတယ်။ လှေပေါ်တွင် အချိန်ကြာမြင့်စွာအလုပ်လုပ်နေသော်လည်း Reymark ဟာ သူ့ရဲ့အလွန်ပြင်းထန်သောအလုပ်ရဲ့ လုပ်အားအတွက် လစာမရရှိပါဘူး။ သို့ပေမယ့် သူဖယ်ထားခဲ့တဲ့ငါးတွေကို သူ့ရဲ့လုပ်အားခအဖြစ် သိမ်းယူသွားနိုင်ပါတယ်။
ထို့နောက် စက်လှေပေါ်ရှိ သူ့ရဲ့တာဝန်ပြီးဆုံးပြီးတဲ့နောက်မှာ Reymark ဟာ ကျွန်းပေါ်သို့ပြန်လှည့်ပြန်ပြီး သူ၏မိသားစုအတွက် အစားအစာနှင့်ဆေးဝါးများ၀ယ်ယူရန် ဖမ်းလာခဲ့တဲ့ငါးများကို ရောင်းချရပါတယ်။
Reymark ဟာ တစ်နေ့တစ်နေ့ ငါးရောင်းရငွေမှ အကြမ်းဖျင်းအားဖြင့် PHP 100 (အမေရိကန်ဒေါ်လာ 1.92) နှင့် PHP 150 (ဒေါ်လာ 2.88) ၀င်ငွေရရှိပါတယ်။ ပုံမှန်အားဖြင့် သူဟာ ထိုငွေများကို အဘိုးဖြစ်သူ၏တီဘီဆေးနှင့် နောက်အပတ်အတွက် သူ့ရဲ့ကျောင်းထောက်ပံ့ကြေးအတွက် ပေးလေ့ရှိပါတယ်။Reymark က နာမကျန်းဖြစ်နေတဲ့အဘိုးဖြစ်သူကိုပြုစုရင်းနဲ့ ငါးဖမ်းလှေပေါ်မှာနေရတာခက်မှန်းသိပေမယ့် ဆယ်ကျော်သက်ကောင်လေးဟာ သူ့မှာတစ်ခြားရွေးချယ်စရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
“ အလုပ်မှာ ပိုက်ကွန်တွေကို ဆွဲရတော့ ကျွန်တော့်ကျောကုန်းက အရမ်းနာပေမဲ့ ကျွန်တော်အလုပ်မနားနိုင်ခဲ့ဘူး ၊ ကျွန်တော်တို့ စားသောက်ဖို့လိုအပ်တာကြောင့် ကျွန်တော်ဆက်လုပ်နေခဲ့တယ် ၊ ကျွန်တော် အဘိုးအဘွားတွေရဲ့ကြင်နာမှုကို ကျေးဇူးပြန်ဆပ်ချင်တယ်၊ သူတို့အတွက် အုတ်နဲ့လုပ်ထားတဲ့သုံးထပ်အိမ်တစ်လုံးဆောက်ပေးချင်တယ် ” ဟု Reymark က သူဘာကြောင့်အလုပ်ကြိုးစားရပြီး သူ့ရဲ့မျှော်မှန်းချက်ကဘာလဲဆိုတာကို ပြောပြခဲ့ပါတယ်။
credit
Zawgyi
အပိုဝင္ေငြရရွိရန္ အပတ္တိုင္း ငါးဖမ္းေလွဆီသို႔ ေဖာင္စုတ္ေလးစီးၿပီး အလုပ္သြားလုပ္ရတဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ေကာင္ေလး
စြန႔္ပစ္ထားေသာသစ္သားႏွင့္ျပဳလုပ္ထားသည့္ ေဖာင္တစ္စီးျဖင့္ တစ္နာရီၾကာခရီးကို လက္ဗလာျဖင့္ ပင္လယ္ေရေပၚတြင္ေလွာ္တက္ျခင္းဟာ လူတိုင္းလုပ္လိုသည့္အလုပ္တစ္ခုေတာ့မဟုတ္ေပမဲ့ ဤဖိလစ္ပိုင္ဆယ္ေက်ာ္သက္ေကာင္ေလးအတြက္ကေတာ့ မျဖစ္မေနလုပ္ရတဲ့အလုပ္တစ္ခုပါဘဲ။ အသက္ ၁၃ ႏွစ္အ႐ြယ္တြင္ Reymark Cavesirano အမည္ရွိေကာင္ေလးဟာ သူ၏မိသားစုကို ေကြၽးေမြးျပဳစုႏိုင္ရန္လုံေလာက္ေသာ ေ႐ြးစရာအလုပ္တစ္ခုသာရွိပါတယ္။
၎အလုပ္ဟာ သူ႔အား ပင္လယ္ထဲရွိေဝးလံေသာငါးဖမ္းေလွမ်ားသို႔ ေန႔တိုင္းေလွာ္ခတ္ေစခဲ့ပါတယ္။ သူအလုပ္သြားလုပ္ေနတဲ့ငါးဖမ္းေလွဟာ မနီလာပင္လယ္ေအာ္နဲ႔သိပ္မေဝးေပမယ့္ ေကာင္ေလးဟာ ထိုေနရာသို႔အခ်ိန္မီေရာက္ဖို႔ မနက္အ႐ုဏ္မတက္ခင္မွာ ထြက္ခြါရပါတယ္။ ထို႔ေနာက္ သူဟာ သူ႔ရဲ႕ယာယီဌားရမ္းထားတဲ့သစ္သားေဖာင္ျဖင့္ ၎ငါးဖမ္းေလွဆီသို႔ လက္ဗလာျဖင့္ ေလွာ္ခတ္သြားရပါတယ္။
ေလွေပၚမွာ Reymark က ငါးဖမ္းပိုက္မွာကပ္ေနတဲ့ငါးေတြကို ဖယ္ရွားဖို႔ သူ႔အသက္ထက္ ႏွစ္ဆႀကီးတဲ့အမ်ိဳးသားေတြနဲ႔အတူ အလုပ္လုပ္ရပါတယ္။ ေလွေပၚတြင္ အခ်ိန္ၾကာျမင့္စြာအလုပ္လုပ္ေနေသာ္လည္း Reymark ဟာ သူ႔ရဲ႕အလြန္ျပင္းထန္ေသာအလုပ္ရဲ႕ လုပ္အားအတြက္ လစာမရရွိပါဘူး။ သို႔ေပမယ့္ သူဖယ္ထားခဲ့တဲ့ငါးေတြကို သူ႔ရဲ႕လုပ္အားခအျဖစ္ သိမ္းယူသြားႏိုင္ပါတယ္။
ထို႔ေနာက္ စက္ေလွေပၚရွိ သူ႔ရဲ႕တာဝန္ၿပီးဆုံးၿပီးတဲ့ေနာက္မွာ Reymark ဟာ ကြၽန္းေပၚသို႔ျပန္လွည့္ျပန္ၿပီး သူ၏မိသားစုအတြက္ အစားအစာႏွင့္ေဆးဝါးမ်ား၀ယ္ယူရန္ ဖမ္းလာခဲ့တဲ့ငါးမ်ားကို ေရာင္းခ်ရပါတယ္။
Reymark ဟာ တစ္ေန႔တစ္ေန႔ ငါးေရာင္းရေငြမွ အၾကမ္းဖ်င္းအားျဖင့္ PHP 100 (အေမရိကန္ေဒၚလာ 1.92) ႏွင့္ PHP 150 (ေဒၚလာ 2.88) ၀င္ေငြရရွိပါတယ္။ ပုံမွန္အားျဖင့္ သူဟာ ထိုေငြမ်ားကို အဘိုးျဖစ္သူ၏တီဘီေဆးႏွင့္ ေနာက္အပတ္အတြက္ သူ႔ရဲ႕ေက်ာင္းေထာက္ပံ့ေၾကးအတြက္ ေပးေလ့ရွိပါတယ္။Reymark က နာမက်န္းျဖစ္ေနတဲ့အဘိုးျဖစ္သူကိုျပဳစုရင္းနဲ႔ ငါးဖမ္းေလွေပၚမွာေနရတာခက္မွန္းသိေပမယ့္ ဆယ္ေက်ာ္သက္ေကာင္ေလးဟာ သူ႔မွာတစ္ျခားေ႐ြးခ်ယ္စရာမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။
“ အလုပ္မွာ ပိုက္ကြန္ေတြကို ဆြဲရေတာ့ ကြၽန္ေတာ့္ေက်ာကုန္းက အရမ္းနာေပမဲ့ ကြၽန္ေတာ္အလုပ္မနားႏိုင္ခဲ့ဘူး ၊ ကြၽန္ေတာ္တို႔ စားေသာက္ဖို႔လိုအပ္တာေၾကာင့္ ကြၽန္ေတာ္ဆက္လုပ္ေနခဲ့တယ္ ၊ ကြၽန္ေတာ္ အဘိုးအဘြားေတြရဲ႕ၾကင္နာမႈကို ေက်းဇူးျပန္ဆပ္ခ်င္တယ္၊ သူတို႔အတြက္ အုတ္နဲ႔လုပ္ထားတဲ့သုံးထပ္အိမ္တစ္လုံးေဆာက္ေပးခ်င္တယ္ ” ဟု Reymark က သူဘာေၾကာင့္အလုပ္ႀကိဳးစားရၿပီး သူ႔ရဲ႕ေမွ်ာ္မွန္းခ်က္ကဘာလဲဆိုတာကို ေျပာျပခဲ့ပါတယ္။
credit