ၾကားသိရသမွ်

ဓာတ်ပုံရိုက်လိုက်မှ ဘေးနားမှာ ဇော်ဂျီကိုပါတွေ့ရတဲ့ ထူးခြားတဲ့ ခမုံဆရာတော်ဘုရားကြီးအကြောင်း

တချို့အဖြစ်အပျက်တွေဟာ သက်သေသာမရှိရင် တကယ်ဟုတ်ပါ့မလားလို့ ထင်ကြပါတယ်….သာမန်လူတွေထက် ထူးခြားတဲ့

ပုဂ္ဂိုလ်တွေရဲ့ အကြောင်းတွေကို ပရိသတ်ကြီးတို့လည်း ဖတ်ရှုဖူးကြမှာပါ…..ဒါပေမယ့် ခမုံဆရာတော်ကြီးရဲ့ ထူးခြားတဲ့ ဖြစ်စဉ်လေးကို ပရိသတ်ကြီးတို့ မသိသေးရင် သိရှိကြည်ညိုနိုင်ဖို့ အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ရတယ်…

“မြန်မာနိုင်ငံ ပဋိပတ္တိသမိုင်းတစ်လျောက် ထူးခြားလှတဲ့သံဃာတော်များ လူပုဂ္ဂိုလ်များအမြောက်အများရှိကြတဲ့ ထဲမှာ ဖိနပ်မစီး ထီးမဆောင်း ကျောင်း ၁၂ ကျောင်းကိုခေါင်းလောင်းထိုးလှူခဲ့တဲ့ ခမုံဆရာတော်ကြီး လည်းတစ်ပါး အပါအဝင်ဖြစ်ပါတယ် ……ဆရာတော်

ကြီးဟာ အရပ်မြင့်မြင့် အသားဖြူ ဖြူ ကြည်လင်သောအသားအရည် ခန့်ညားတဲ့ ဥပဓိရုပ်နဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးဖြစ်ပြီး အမြဲတမ်း တက်ကြွရွှင်လန်းစွာ ပရိတ်သတ်နဲ့ တရင်းတနှီးနေလေ့ရှိပါတယ် …..

ဆရာတော်ကြီးရဲ့ဓမ္မစွမ်းအား လောကီစွမ်းအားမည်မျှထိ ရှိတယ်ဆိုတာကို သာမန်လူတို့ ခန့်မှန်းဖို့ မဖြစ်နိုင်ပေမယ့် ကာလတစ်ခုထိ တပည့်သာဝကအဖြစ် အတူရှိနေခဲ့ဖူးတဲ့အဘဦးကောင်းခန့်ရဲ့အတွေ့အကြုံများအရ ဆရာတော်ကြီးဟာ ထူးခြားသောဝိသေသရှိတဲ့ ဆရာတော်တစ်ပါးဖြစ်တယ်ဆိုတာ မြေကြီးလက်ခတ် မလွဲသိရှိရပါတယ် …..

လွန်ခဲ့သော နှစ် ၃၀ ကျော်ခန့် ရန်ကုန်တိုင်း သာကေတမြို့နယ်မှာရှိတဲ့ဒကာအရင်း တစ်ယောက်နေအိမ်ကိုတစ်ညတာ ကြွရောက်သတင်းသုံးစဉ်အခါက …ထိုစဉ်က တိုက်တိုက်ဆိုင်ဆိုင် ဇိနမာရ်အောင်စေတီကြီးတည်နေတဲ့ အချိန်လည်းဖြစ်ပါတယ် …..ညဦးပိုင်း

တရားဟောလို့အပြီး …. ဒကာကောင်းရေလာဗျာ ဇိနမာရ်အောင်ဘုရားသွားကြရအောင် ဆိုင်းလည်းနားထောင်ရင်း စိန်အောင်မင်းနဲ့လည်း စကားပြောရင်းပေါ့ …..

ခုတင် သာကေတရောက်လာတာ ဘုရားမှာဆိုင်းတီးနေတာကို ဘယ်လိုများ သိပါလိမ့် ပြီးတော့ စိန်အောင်မင်းနဲ့လည်း စကားပြောမလို့တဲ့ … စဉ်စားချိန်မရခင်ပဲ ခြေလှမ်းမြန်တဲ့ဆရာတော့်ကို အမီလိုက်ရင်း ဇိနမာရ်အောင်ဘုရားကို ရောက်သွားကြပါတယ် …..စေတီ

တော်ဝင်းတစ်ခုလုံး လူပရိတ်သတ်တွေအပြင်ရဟန်းသာမဏေတွေနဲ့ပါ ကြိတ်ကြိတ်တိုးစည်ကားနေပြီး ဘုရားဝင်းတစ်နေရာမှာတော့ မြစည်သူဆိုင်းအဖွဲ့နဲ့အတူ ဝဏ္ဏကျော်ထင်စိန်အောင်မင်းကလည်းရတုပိုဒ်စုံသီဆိုနေတာတွေ့ရပါတယ် …..

ဆရာတော်ကြီးဟာ ပရိတ်အစွန်မှာရပ်နေရင်း အနီးနားက ဘုရားလုံခြုံရေးတစ်ယောက်ကို လှမ်းခေါ်လိုက်ပီး ဟေ့ … ဟိုစင်ပေါ်မှာ ရတုဆိုနေတဲ့ စိန်အောင်မင်းကိုသွားခေါ်ချည် ဒီမှာခမုံဆရာတော်ရောက်နေတယ်အခုလာခဲ့လို့ သွားပြောလိုက် …..သံနေသံထားနဲ့

ရတုသီဆိုနေတဲ့ စိန်အောင်မင်းဟာသီဆိုလက်စကို ရုတ်တရက်ရပ်တန့်လိုက်ပီး ပရိတ်သတ်ကို ခေတ္တစောင့်ဆိုင်းပေးဖို့ တောင်းပန်ရင်း ဆရာတော်ကြီးရှိရာကို ပျာပျာသလဲ ရောက်လာပါတယ်…….ဆရာတော်ကြီးရဲ့ခြေအစုံကိုဦးတိုက်ရှိခိုးနေတာကိုကြည့်ပီး အနီးနားက ပရိတ်သတ်တွေလည်းခမုံဆရာတော်ကြီးမှန်း ခုမှသိရလို့ အံ့သြစွာနဲ့ဝိုင်းအုံလာပြီး ရှိခိုးကန်တော့ကြပါတယ် ..…

အေး ဘယ်နှယ့်လည်း ဥသြရွှေကော နေကောင်းရဲ့လား … မနက် ၅ နာရီ မင်းအိမ်ကို ငါကြွလာမယ်….ဥသြရွှေကို ကြာဆံကြော်ကပ်ဖို့ အသင့်ပြင်ထားလို့ပြောလိုက် ကြားလား ….. ကဲကဲ ငါပြန်ကြွတော့မယ် မင်းလည်း ရတုဆက်ဆိုတော့ …..မနက် ၅ နာရီအရောက် စိန်

အောင်မင်းအိမ်ကိုကြွဖို့ခြင်ထောင်ထဲမှာကျိန်းစက်နေတဲ့ ဆရာတော်ကြီးကိုအချိန်မှီနှိုးရမယ့်အတွေးနဲ့ မကြာခဏ နာရီထကြည့်နေရင်း ဘယ်လိုအိပ်ပျော်သွားမှန်းမသိတဲ့ … အဘဦးကောင်းခန့်ဟာ ရုတ်တရက်နိုးလာလို့ နာရီကိုလှမ်းကြည့်လိုက်တော့ မနက် ၆ နာရီထိုးနေပါပြီ …..

ဒုက္ခပါပဲငါလည်းဘယ်လိုအိပ်ပျော်သွား မှန်းမသိဘူးဆရာတော်ကြီးလည်းခုထိအိပ်ပျော်နေတုန်းမို့ မနှိုးရဲဘူး ခုမှ ဂွကျပြီ … ဦးကောင်းခန့်တစ်ယောက် ဘာလုပ်ရမှန်းမသိပဲ အကြံအိုက်နေရင်း တစ်စုံတစ်ခုကိုသတိရလိုက်မိပါတယ် ဆရာတော်ကြီးဟာ သူ့ကတိ

ကို ဘယ်တော့မှမပျက်ဖူးဘူး ……ဒါဆိုတန်တော့ …ဦးကောင်းခန့်ဟာ ဆရာတော်ကြီးကျိန်းစက်နေတာ ကို သေချာကြည့်ပီးတဲ့ချိန်မှာပဲ စက်ဘီးအမြန်စီးပီးဘဘစိန်အောင်မင်းတို့တိုက်ကို ရောက်သွားပါတယ်…..

အိမ်ထဲကိုလှမ်းကြည့်လိုက်တော့ ဘုရားခန်းမှာ ထိုင်ပြီး ကြာဆံကြော်ဘုဉ်းပေးနေတဲ့ ဆရာတော်ကြီးကိုထူးဆန်းအံ့သြစွာတွေ့လိုက်ရပါတော့တယ် … အိမ်မှာလည်း ကျိန်းစက်နေပါလျက် ဒီကို ဘယ်လိုရောက်နေပါလိမ့် …..

မဖြစ်သေးပါဘူး အိမ်အမြန်ပြန်ကြည့်ဦးမှဆိုပီး အိမ်ကိုအမြန်ပြန်လာ ဆရာတော်အိပ်တဲ့ အိပ်ယာကိုကြည့်လိုက်တော့ …ဒကာကောင်းနှယ် တိုက်ရှေ့ရောက်ပါရက်နဲ့ ဘာလို့ မဝင်လာတာလည်း ကဲ ရော့ရော့ ဒကာကောင်းစားဖို့ကျုပ်ကြာဆံကြော်ယူလာခဲ့တယ် …….

အဆာပြေလေးစားလိုက်ပါဦးဆိုပီး ထိုင်ခုံပေါ်ကနေ ပြုံးရွှင်စွာ ဆီးကြိုပြောလိုက်တဲ့ ဆရာတော်ကြီးကိုကြည့်ပီး ဦးကောင်းခန့်ဟာ ကြက်သီးမွေးညှင်းထမတတ် ကြည်ညိုစွာနဲ့ဆရာတော်ကြီးရဲ့ခြေအစုံကို ဦးချ ကန်တော့လိုက်ပါတော့တယ် …


လမ်းခွတ်လပ်တစ်နေရာအရောက်မှာ ရုတ်တရက်ရပ်တန့်တော်မူလိုက်ပီး တစ်ပါးထဲစကားပြောနေဟန်တွေ့လိုက်ရတဲ့မြန်မာစာဌာနကထိကဦးမျိုးမြင့်ဟာထူးခြားတဲ့မြင်ကွင်းမို့ အသင့်ပါလာတဲ့ ကင်မရာနဲ့ဓါတ်ပုံရိုက်ကူးလိုက်ပါတယ် …..ရန်ကုန်ကိုပြန်ရောက်လို့ဓါတ်

ပုံဆေးကူးကြည့်တဲ့ခါမှာတော့ ရပ်တော်မူနေတဲ့ ဆရာတော်ကြီးရဲ့ရှေ့မှာ ဇော်ဂျီတစ်ပါးက နာနတ်သီးတစ်လုံးကပ်လှူနေတဲ့ပုံကို အံ့သြစွာတွေ့လိုက်ရပါတယ် …

ဆရာတော်ကြီးကိုလျောက်ထားမေးမြန်းကြည့်တဲ့ခါ ဇော်ဂျီဟာအတိတ်ဘဝက ဆရာတော်စပ်ခဲ့ဖူးကြောင်းဟိမဝန္တာမှာ နေထိုင်ပီး ဆရာတော်ကြီးရဲ့ တရားကိုနာကြားရတဲ့အတွက် ကြည်ညိုစွာဖြင့်ခုလိုသစ်သီးလာရောက်ကပ်လှုတာဖြစ်ကြောင်း ဖြေကြားတော်မူခဲ့ပါ

တယ် …ကုသိုလ်သဒ္ဓါပွါးများနိုင်ရန်အတွက် ဓါတ်ပုံကိုကူးယူဖော်ပြပေးလိုက်ပါတယ် … အလျဉ်းသင့်တဲ့ခါ အခြားထူးခြားသော အဖြစ်အပျက်များကိုလည်း ထပ်မံရေးသား တင်ပြပေးပါ့မယ် …..ဆရာတော်ဘုရားကြီးကိုလည်း ရှိခိုးကန်တော့အပ်ပါတယ်….ပရိသတ်ကြီးတို့လည်း ဆရာတော်ကြီး သီလတန်ခိုးတော်တွေကို သိရှိကြည်ညိုနိုင်ဖို့ ခုလိုမျှဝေလိုက်ရပါတယ်…

Writer ; Kwee

Source ; ဦးမင်း