ဗဟုသုတ

မန္တလေးမြို့ရဲ့ သစ်ပင်ကြီးများကို တစ်ချိန်က ရည်ရွယ်ချက်ရှိရှိ စိုက်သွားပေးခဲ့တဲ့ တစ်ကိုယ်တော် ပရဟိတသမားကြီးတစ်ယောက်

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
မႏၲေလးမွာ အရိပ္အာဝါသ ေကာင္းမြန္လွေသာ သစ္ပင္မ်ားကို တစ္ခ်ိန္က ရည္႐ြယ္ခ်က္ရွိရွိ စိုက္သြားေပးခဲ့တဲ့ တစ္ကိုယ္ေတာ္ ပရဟိတသမားႀကီးတစ္ေယာက္ မႏၲေလးၿမိဳ႕မွာ ရွိခဲ့ဖူးပါတယ္။

အဲ့ဒီလူကေတာ့ အျခားမဟုတ္။ မႏၲေလးၿမိဳ႕မွာ သစ္ပင္မ်ားကို ဆိုက္ကားတစ္စီးနဲ႔ လွည့္လည္စိုက္ပ်ိဳးခဲ့သူ “ဆိုက္ကားသမားႀကီး ဦးေငြ” ပဲ ျဖစ္ပါတယ္။

သစ္ပင္ဒါယကာ ဦးေငြကိုေတာ့ အဘ ဦးစံၫႊန႔္၊အမိ ေဒၚစံမွီတို႔က (၁၉၁၄) ခုႏွစ္ ဒီဇင္ဘာ ၂၃ရက္ေန႔မွာ ငါန္းဇြန္ၿမိဳ႕တြင္ေမြးဖြားခဲ့ပါတယ္။

မႏၲေလးၿမိဳ႕၊၈၄လမ္းႏွင့္၈၅လမ္းၾကား၊၃၄လမ္းႏွင့္၃၅လမ္းၾကား ဦးလွသိန္း ဗိမာန္အေရွ႕ဘက္ ေတာင္ ၾကယ္ခတ္ဝင္း အိမ္အမွတ္ ၂၉၃/၁ရ မွာ ေနထိုင္ခဲ့ၿပီး ဆိုကၠားနင္းလုပ္ငန္းနဲ႔ အသက္္ေမြးဝမ္းေၾကာင္းပီး မိသားစုတာဝန္ကို ထမ္းေဆာင္ခဲ့ပါတယ္။

ဦးေငြဟာ သူ႔ရဲ႕ ၿမိဳ႕ကေလးကေန တစ္ဝမ္းတစ္ခါးအတြက္ မႏၲေလးၿမိဳ႕ေပၚတက္ပီး အလုပ္လုပ္ခဲ့ရပါတယ္။ ျဖစ္ခ်င္ေတာ့ ဦးေငြ မႏၲေလးေရာက္ၿပီး မၾကာမီ (၁၉၄၁) ခုႏွစ္ ဒုတိယကမာၻစစ္မီးႀကီးက မႏၲေလးၿမိဳ႕ကို မီးဟုန္းဟုန္းေတာက္ေစခဲ့တယ္။

အဲ့ဒါေၾကာင့္ ၿမိဳ႕ေပၚမွာ အေျခအေနမေကာင္းေတာ့ ဇာတိငါန္းဇြန္ၿမိဳ႕ကေလးဆီကို ဦးေငြ ျပန္ေျပးလာရပါေတာ့တယ္။စစ္ေဘးစစ္ဒဏ္ ၿငိမ္သက္သြားေတာ့ ဦးေငြ မႏၲေလးၿမိဳ႕ေပၚ ျပန္တက္လာတယ္။

ဒါေပမယ့္ ဦးေငြ ၿမိဳ႕ေပၚျပန္ေရာက္ခ်ိန္မွာေတာ့ မႏၲေလးက အရင္မႏၲေလးမဟုတ္ေတာ့ပီ။ အေရွ႕မွာ ရွမ္း႐ိုးမေတာင္တန္းႀကီးက ေငါေငါႀကီးေပၚေနပီး အေနာက္ကို ျပန္လွည့္လိုက္ျပန္ေတာ့ စစ္ကိုင္းမင္းဝံေတာင္တစ္႐ိုးက ေငါင္စင္းစင္းႀကီး ျမင္ေနရျပန္တယ္။

အိုးအိမ္တိုက္တာေတြကလည္း မီးေလာင္ျပာက်သြားခဲ့ၿပီ။ မႏၲေလးဟာ လြင္တီးေခါင္တစ္မွ် ျဖစ္ေနပါေတာ့တယ္။ ၿမိဳ႕အျပန္မွာ ​ေဒၚသိန္းေငြနဲ႔အိမ္ေထာင္က်လာတဲ့ ဦးေငြတစ္ေယာက္ မိန္းမနဲ႔ ကေလးေတြအတြက္ ဆိုက္ကားနင္းရင္း ၿမိဳ႕ပတ္ရပါတယ္။

အဲသလို ၿမိဳ႕ပတ္ရင္း ဦးေငြတစ္ေယာက္ အပူဒဏ္ကို အျပင္းအထန္ခံစားရ​ေတာ့တယ္။ ေမာလို႔ပန္းလို႔မွ ခိုနားစရာ ေနရာမရွိတဲ့ အေျခအေနေတြိကို မႏၲေလးၿမိဳ႕ေပၚမွာ ႀကဳံေတြ႕လာရတယ္။

အဲ့ဒါေၾကာင့္ ဦးေငြဟာ လြင္တီးေခါင္ျပင္ မႏၲေလးမွာ သစ္ပင္ေတြ စိုက္ခ်င္စိတ္ တဖြားဖြားေပၚလာခဲ့ပါတယ္။ အဲ့ဒီေနာက္္မွာေတာ့ ဦးေငြဟာ ၿမိဳ႕အႏွံ႔လွည့္ပီး သစ္ပင္စိုက္ဖို႔ စီစဥ္ပါေတာ့တယ္။

သစ္ပင္စိုက္မယ္ဆိုေပမယ့္ အဲ့ဒီအခ်ိန္က အခုလို ပ်ိဳးၿခံအေရာင္းၿခံေတြ ေကာင္းေကာင္းရွိေသးတာမဟုတ္ဘူး။တကယ္လို႔ရွိခဲ့ရင္ေတာင္ ဦးေငြလို အေျခခံလူတန္းစား ဆိုက္ကားသမားတစ္ေယာက္အတြက္ေတာ့ ဝယ္ယူစိုက္ပ်ိဳးႏိုင္မွာလည္း မဟုတ္ပါဘူး။

အဲ့ဒါေၾကာင့္ ဦးေငြဟာ သစ္ပင္ေတြရွိတဲ့ဘက္ကိုလိုက္ပီး မ်ိဳးေစ့ေတြ ကိုယ္တိုင္လိုက္ေကာက္ရတယ္။ သူတို႔ေနထိုင္တဲ့ ေတာင္ၾကယ္ခတ္ဝင္းထဲက ေရတြင္းေလးနားမွာ သစ္ပင္ေလးေတြကို ပ်ိဳးယူခဲ့တယ္။

မနက္ေလးနာရီေလာက္ အိပ္ရာကထတယ္။ အသံအက်ယ္ႀကီးနဲ႔ ဘုရားဝတ္ျပဳၿပီး ကိုယ္ေစာင့္နတ္၊ အိမ္ေစာင့္နတ္နဲ႔ ဝင္းတံခါးေစာင့္နတ္ေတြကအစ ေမတၱာပို႔တယ္။ၿပီးတာနဲ႔ သူ႔ကိုယ္ပိုင္ဆိုက္ကားေပၚ ေရပုံးေတြတင္၊တံျမက္စည္းေတြ၊ ဓားေတြ တင္တယ္။

ေပါက္ျပား၊ တူ႐ြင္းေတြလည္း ပါတာ​ေပါ့။အဲ့ဒီေနာက္ ပ်ိဳးပင္ေလးေတြကို ဆိုက္ကားေပၚတင္ပီး ၿမိဳ႕အႏွံ႔လွည့္ကာ သစ္ပင္စိုက္ပါေတာ့တယ္။ဦးေငြက စိုက္ၿပီးတဲ့သစ္ပင္ေတြကို ဝါးၿခံေလးခတ္ေပးတယ္။ တိရစာၦန္ေတြ ဖ်က္ဆီးမသြားႏိုင္ေအာင္လို႔လဲ ဆူးကိုင္းေလးေတြ ကပ္ထားတယ္။
အဲ့ဒီေနာက္ ေျမအိုးေလးေတြကို သံမႈိေသးေသးနဲ႔ေဖာက္ပီး ေရအျပည့္ျဖည့္ကာ သစ္ပင္ေရရေအာင္ စီမံခဲ့တယ္။ စိုက္ပ်ိဳးပီးတဲ့သစ္ပင္မ်ားကိုလည္း ေန႔စဥ္ နီးစပ္ရာေခ်ာင္းနဲ႔ ေရတြင္းမ်ားဆီကေန ေရကိုသယ္ယူပီး ေရလိုက္ေလာင္းတယ္။

ပီးရင္ ပါလာတဲ့ တံျမက္စည္းနဲ႔ လမ္းေပၚက သစ္႐ြက္ေတြ လိုက္လံလွည္းက်င္းတာေပါ့။ လမ္းေပၚေရာက္လာတဲ့ ကိုင္းဖ်ားကိုင္းနားေတြကိုလည္း လမ္းသြားလမ္းလာ ကားေတြနဲ႔လြတ္ေအာင္ အၿမဲခုတ္ေပးတတ္တယ္။

သစ္ပင္အကိုင္းႀကီးမ်ိဳးဆို ခုတ္ၿပီး အလကားလႊင့္မပစ္တတ္​ျပန္ဘူး။သစ္ပင္ေအာက္္မွာ လမ္းသြားလမ္းလာ​ေတြ ထိုင္လို႔ရေအာင္ ခုံတန္းေလးေတြ လုပ္ေပးထားျပန္ပါတယ္။

ဒါတင္မကေသးပါဘူး။ သူစိုက္ထားတဲ့ သစ္ပင္ေအာက္္မွာ သူ႐ိုက္ေပးတဲ့ ခုံေပၚထိုင္ရင္း အေမာေျပေသာက္ဖို႔ ေရအိုးစင္ေလးမ်ားလည္း တည္ေပးထားတတ္ျပန္ပါေသးတယ္။ဦးေငြဟာ သူတင္ သစ္ပင္စိုက္႐ုံနဲ႔ အားမရဘူး။

သူေမြးထားတဲ့ သားသမီးခုနစ္ေယာက္(သမီးသုံးဦးႏွင့္ သားေလးဦး)ကိုလည္း သူ႔လို သစ္ပင္စိုက္ျဖစ္ေအာင္ ဝါသနာမ်ိဳးေစ့ေတြ ခ်ေပး​ျပန္ပါတယ္။သားသမီးတစ္ေယာက္ေယာက္္ရဲ႕ေမြးေန႔မ်ိဳးဆို

ဦးေငြက သစ္ပင္ေလးတစ္ပင္ လိုက္စိုက္ေပးပီး ေမြးေန႔လက္ေဆာင္ ေပးတတ္ပါတယ္။ အဲဒီလိုေန႔မ်ိဳးဆို ရွိတဲ့သားသမီးအကုန္ ဆိုက္ကားေပၚတင္တယ္။ ေရွ႕ကေဘာင္တန္းေပၚမွာ တစ္ေယာက္၊ ေနာက္က ကယ္ရီယာေပၚမွာ တစ္ေယာက္၊

ေဘးက ဆိုက္ကားေပၚ သစ္ပင္စိုက္ပစၥည္းေတြၾကား ႏွစ္ေယာက္၊ သုံးေယာက္ ၿပဳံတင္ကာ လူပေဒသာပင္ႀကီးနဲ႔အတူ သစ္ပင္စိုက္ထြက္တယ္။ဆိုက္ကားနဲ႔မဆံ့ေတာ့တဲ့ ကေလးေတြက်ေတာ့ စက္ဘီးေလးေတြစီးကာ လိုက္ခိုင္းတယ္။

ကေလးေတြကို သစ္ပင္စိုက္ဖု႔ိ ေျမက်င္းတူးေပးရတာမ်ိဳး၊ ေရဆြဲေပးရတာမ်ိဳး ကူညီေစခဲ့တယ္။ ေနာက္ၿပီး သစ္ပင္သစ္ကိုင္း ခ်ိဳင္မယ္ဆိုရင္ လမ္းသြားလမ္းလာေတြ ထိခိုက္မႈမရွိေအာင္ ဝါးလုံးတစ္လုံးေပၚ ပုဆိုးတစ္ထည္ခ်ည္ေႏွာင္ပီး သားသမီးေတြကို ကိုင္ေဆာင္ထားခိုင္းခဲ့တယ္လို႔ ဦးေငြသားသမီးမ်ားကဆိုၾကပါတယ္။

ဦးေငြက သစ္ပင္စိုက္ဖို႔ရာ သားသမီးတင္လားဆိုေတာ့ မဟုတ္ပါဘူး။ ဦးေငြသားသမီးခုနစ္ေယာက္ရွိတဲ့အနက္ အိမ္ေထာင္က်ၿပီး သားသမီးမ်ားရဲ႕ သမက္္မ်ား၊ ေခြၽးမမ်ားကိုလည္းသားသမီးမ်ားလိုပဲ ေမြးေန႔ေမြးရက္္မ်ားမွာသစ္ပင္ေလးေတြ စိုက္ေပးတတ္ျပန္ပါေသးတယ္။

သစ္ပင္မ်ားစြာပ်ိဳးေနရတာမို႔ သစ္ပင္ပ်ိဳးလို႔ရတဲ့ အိုးအကြဲေလးေတြ ဘူးခြံအေဟာင္းေလးေတြဆိုရင္ သားသမီးမ်ားေရာ သား၊ သမက္၊ ေခြၽးမမ်ားကိုပါ အခ်ိန္မေ႐ြး ေနရာမေ႐ြး သြားေကာက္ခိုင္းတတ္ပါတယ္။

ငယ္တဲ့ကေလးေတြကေတာ့ အိုးစုတ္ခြက္စုတ္ေတြ လိုက္ေကာက္ရတာရွက္ၾကတာေပါ့။အဲ့ဒါမ်ိဳးဆို ဦးေငြက တစ္ခြန္းပဲေျပာလိုက္တယ္။ ‘‘ကုသိုလ္ေတြရတာ။ ခိုးစားတာမဟုတ္ဘူး’’ တဲ့။

ဦးေငြက ၈၄ လမ္း မီးပြိဳင့္နားေလာက္ကေန ဟိုးအေနာက္ဘက္ ေဂါဝိန္နဲ႔ သေဘၤာက်င္းေတြဘက္ထိ သစ္ပင္ေတြစိုက္တယ္။

အဲသည္ေနရာတြင္သာမက ဘုရားႀကီးနား၊ အမွတ္(၆)ကားဂိတ္၊ က်ဳံးေတာင္ဘက္တစ္ေလွ်ာက္၊ ေ႐ႊက်ီးျမင္ဘုရား၊ ေပါက္ၿမိဳင္၊ ဖာသာလဖုန္းေက်ာင္း အစရွိတဲ့ ေနရာ​ေတြမွာလည္း သစ္ပင္ေတြ စိုက္ခဲ့ပါတယ္။

ဦးေငြက အရိပ္အာဝါသေကာင္းမြန္ေစမယ့္ သစ္ပင္ေတြကို ဦးစားေပးစိုက္ပါတယ္။ ကုကၠိဳ၊ တမာ၊ ထေနာင္း၊ မည္စည္၊ ဗာဒံ၊ ခေရ၊ တည္ပင္၊ ေညာင္ပင္ေတြ ေပါ့။ဒါ့အျပင္ ပန္းသေျပ၊ စိန္ပန္း၊ သရက္၊ မဲဇလီ၊ သစ္ဆိမ့္ အစရွိတဲ့ အမ်ိဳးအစားစုံ သစ္ပင္ေတြလည္း စိုက္ခဲ့ပါတယ္။

ဦးေငြက သူစိုက္ခဲ့တဲ့ သစ္ပင္ေလးေတြ နည္းနည္းႀကီးလာ၊ မာလာၿပီဆိုရင္ သံျပားကေလးေပၚ သေဘာေဆၤးနဲ႔ အပင္နံပါတ္မွတ္၊ စာအခ်ိဳ႕ေရးထိုးပီး အမွတ္သညာျပဳ လိုက္တပ္တတ္တယ္။
ထိုသံျပားေလးေပၚမွာ အပင္နံပါတ္နဲ႔အတူ ‘‘လူထုႀကီးအရိပ္ခိုဖို႔ စိုက္ထားေသာ သစ္ပင္ေပါင္း(……) ဦးေငြေကာင္းမႈ၊ နတ္လူသာဓုေခၚေစေသာ္၊ သာဓု၊ သာဓု၊ သာဓု’’ ဆိုပီး ျဖစ္ပါတယ္။

ဦးေငြဟာ သစ္ပင္ ၅၀၀ ကို သံျပား႐ိုက္ႏိုင္ခဲ့ၿပီး စိုက္ပ်ိဳးခဲ့တဲ့ သစ္ပင္ေပါင္းဟာ တစ္ေထာင္ခန႔္ရွိခဲ့တယ္လို႔ ဦးေငြရဲ႕သားသမီးမ်ားက ေျပာျပပါတယ္။

ဦးေငြ သစ္ပင္စိုက္တာကို သိတဲ့သူတခ်ိဳ႕ကလည္း ဦးေငြကို ေငြစေၾကးစအနည္းငယ္ေပးၿပီဆိုရင္ ဦးေငြက သစ္ပင္စိုက္ရာမွာ အသုံးျပဳမယ့္အေၾကာင္း ျပန္ေျပာတတ္ပါတယ္။

တကယ္လည္း ဦးေငြက ေပးသြားတဲ့ ေငြေၾကးကို အိမ္စားအိုးထဲ မထည့္တတ္ပါဘူး။ သစ္ပင္စိုက္ဖို႔ လိုအပ္တဲ့ ေရအိုး၊ ေရပုံး၊ ပ်ိဳးအိုးေလးေတြ ဝယ္ခဲ့ပါတယ္။အဲသလို သစ္ပင္ေတြစိုက္၊ ပရဟိတေတြလုပ္ခဲ့တဲ့ ဦးေငြတစ္ေယာက္ သူ႔သစ္ပင္ေတြအတြက္

စိတ္ထိခိုက္ခဲ့ရတဲ့ အခ်ိန္တစ္ခုရွိခဲ့ဖူးပါတယ္။အဲ့ဒါကေတာ့ ၿမိဳ႕လမ္းခ်ဲ႕ဖို႔အတြက္ အေတာ္အတန္ႀကီးေနၿပီျဖစ္တဲ့ သစ္ပင္ေတြ ခုတ္သြားတဲ့ အခါမ်ိဳးပါပဲ။ ဒါ​ေပမယ့္ အဲ့ဒါကလည္း အမ်ားေကာင္းဖို႔အတြက္ဆိုေတာ့

ဘာမွမတတ္ႏိုင္တာမို႔ ဦးေငြဟာ စိတ္သာမေကာင္းေပမယ့္ သစ္ပင္က​ေတာ ့အစိုက္္မပ်က္ခဲ့ပါဘူး။ အသက္(၇၀)ေက်ာ္သည္အထိ သစ္ပင္ေတြ ကို သူ႔ကိုယ္ပိုင္ ဆိုက္ကားနဲ႔လိုက္လံစိုက္ေနခဲ့တုန္းပါပဲလို႔ ဦးေငြရဲ႕သားသမီးမ်ားက ဆိုၾကပါတယ္။

ဦးေငြက သူ မကြယ္လြန္မီမွာ ဇနီးျဖစ္သူ ေဒၚသိန္းေငြနဲ႔ သားသမီးမ်ား၊ သမက္္မ်ား၊ ေခြၽးမမ်ားကိုေခၚပီး သူကြယ္လြန္ရင္ ခႏၶာကိုယ္ကို ေဆးတကၠသိုလ္သို႔ လႉခ်င္တဲ့အေၾကာင္း ခြင့္ေတာင္းလာခဲ့ပါတယ္။

မိသားစုက သူ႔ဆႏၵအတိုင္းအလြယ္တကူ ခြင့္ျပဳ႐ုံသာမက ဇနီးျဖစ္သူ ေဒၚသိန္းေငြကပင္ ဦးေငြနဲ႔အတူ ေဆးတကၠသိုလ္ကို ခႏၶာကိုယ္လႉဒါန္းဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အဲ့ဒီေနာက္ ဦးေငြတို႔လင္မယား ဘုန္းႀကီးငါးပါးပင့္ကာ သရဏံဂုံတင္ၿပီး ခႏၶာကိုယ္လႉဒါန္းခဲ့ပါေတာ့တယ္။

မႏၲေလးၿမိဳ႕မွာ သစ္ပင္ေပါင္း ေထာင္ခ်ီစိုက္ခဲ့ဖူးတဲ့ ဦးေငြကေတာ့ ၁၉၉၀ ျပည့္ႏွစ္၊ အသက္(၇၆)ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။

ဦးေငြ ကြယ္လြန္သြားေပမယ့္ ဦးေငြအမွတ္တရ သစ္ပင္စိုက္ပ်ိဳးပြဲေတြကို ႏွစ္စဥ္ဦးေငြေမြးေန႔ေရာက္တိုင္း ဦးေငြကဲ့သို႔ပင္ စက္တပ္ယာဥ္မသုံးဘဲ ဆိုက္ကားေတြကိုယ္စီနဲ႔ သစ္ပင္စိုက္ပြဲေတြ က်င္းပခဲ့ၾကပါတယ္။

ကြယ္လြန္သြားၿပီျဖစ္တဲ့ မႏၲေလးက သတင္းစာဆရာ၊ စာေရးဆရာမႀကီး အေမလူထု ေဒၚအမာကေတာ့ ဦးေငြကို ‘‘လူသာဓုေခၚ နတ္သာဓုေခၚ ပုဂၢိဳလ္ႀကီး’’ ေဆာင္းပါးနဲ႔ ေရးသားဂုဏ္ျပဳခဲ့ဖူးၿပီး အဆိုပါေဆာင္းပါးပါတဲ့ မႏၲေလးသူမႏၲေလးမ်ားစာအုပ္အမွာထဲမွာ ဒီလိုမွတ္ခ်က္ျပဳခဲ့ဖူးသည္။

‘‘အလႉဆိုတာ ေငြေၾကးဓနရွိၾကမွ လုပ္ႏိုင္တယ္လို႔ အမ်ားအားျဖင့္ ယုံၾကည္ၾကတယ္ေလ။ ဆိုက္ကားသမားႀကီး ဦးေငြကေတာ့ ေငြေၾကးမရွိေပမယ့္ ေစတနာေတြ၊ ေမတၱာေတြ၊ သဒၶါေတြရွိပါတယ္။

ဒါေၾကာင့္ သူက ပူအိုက္တဲ့ မႏၲေလးမွာ ေအးျမတဲ့ အရိပ္အာဝါသေတြေပးမယ့္ သစ္ပင္ေတြကိုစိုက္ၿပီး လႉခဲ့တယ္။ တစ္ေယာက္ခ်မ္းသာ ကိုယ့္ဖို႔ရွာ သတၱဝါအေပါင္း ဆင္းရဲေၾကာင္းတဲ့။

ဟစ္တလာတို႔ ဘုန္းမီးေနလထြန္းပေတာ့ ဥေရာပတစ္တိုက္လုံး မီးေလာင္ျပာက်ၿပီး လူေတြ အနႏၲ ေသေက်ဒုကၡေရာက္ခဲ့ရတယ္။ လူ႔ေလာကဆိုတာ ဒီလိုပုဂၢိဳလ္မ်ိဳး ေပၚေပါက္ခ်င္ရင္ ေပၚေပါက္လာတာပဲ။

ဦးေငြလို ဘယ္ေလာက္ဆင္းရဲဆင္းရဲ၊ ဘယ္ေလာက္ခြန္အားမဲ့မဲ့ ေမတၱာေစတနာေကာင္းမြန္ျဖဴစင္ရင္ လူေတြအမ်ားႀကီးကို ခ်မ္းသာသုခရေအာင္ လုပ္ႏိုင္တာပဲဆိုၿပီး ဒီလိုသူေတာ္စင္ႀကီးအေၾကာင္းကိုလည္း ေရးသားေမာ္ကြန္းတင္ခဲ့တာပါ’’လို႔ ေျပာၾကားခဲ့ပါတယ္။

မႏၲေလးမွာေတာ့ ေႏြဆိုရင္ တစ္စတစ္စပူျပင္းလို႔လာပါၿပီ။ ဦးေငြ မရွိေတာ့ေပမယ့္ ဦးေငြစိုက္ထားသည့္ က်န္ရွိေနေသးတဲ့သစ္ပင္ေတြကေတာ့ မႏၲေလးၿမိဳ႕ကို အရိပ္အာဝါသေကာင္းစြာေပးကာ ေအးျမေအာင္ စြမ္းေဆာင္ေနၾကဆဲျဖစ္ပါေတာ့တယ္။ Credit

Unicode

မန္တလေးမှာ အရိပ်အာဝါသ ကောင်းမွန်လှသော သစ်ပင်များကို တစ်ချိန်က ရည်ရွယ်ချက်ရှိရှိ စိုက်သွားပေးခဲ့တဲ့ တစ်ကိုယ်တော် ပရဟိတသမားကြီးတစ်ယောက် မန္တလေးမြို့မှာ ရှိခဲ့ဖူးပါတယ်။
အဲ့ဒီလူကတော့ အခြားမဟုတ်။ မန္တလေးမြို့မှာ သစ်ပင်များကို ဆိုက်ကားတစ်စီးနဲ့ လှည့်လည်စိုက်ပျိုးခဲ့သူ “ဆိုက်ကားသမားကြီး ဦးငွေ” ပဲ ဖြစ်ပါတယ်။

သစ်ပင်ဒါယကာ ဦးငွေကိုတော့ အဘ ဦးစံညွှန့်၊အမိ ဒေါ်စံမှီတို့က (၁၉၁၄) ခုနှစ် ဒီဇင်ဘာ ၂၃ရက်နေ့မှာ ငါန်းဇွန်မြို့တွင်မွေးဖွားခဲ့ပါတယ်။

မန္တလေးမြို့၊၈၄လမ်းနှင့်၈၅လမ်းကြား၊၃၄လမ်းနှင့်၃၅လမ်းကြား ဦးလှသိန်း ဗိမာန်အရှေ့ဘက် တောင် ကြယ်ခတ်ဝင်း အိမ်အမှတ် ၂၉၃/၁ရ မှာ နေထိုင်ခဲ့ပြီး ဆိုက္ကားနင်းလုပ်ငန်းနဲ့ အသက််မွေးဝမ်းကြောင်းပီး မိသားစုတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

ဦးငွေဟာ သူ့ရဲ့ မြို့ကလေးကနေ တစ်ဝမ်းတစ်ခါးအတွက် မန္တလေးမြို့ပေါ်တက်ပီး အလုပ်လုပ်ခဲ့ရပါတယ်။ ဖြစ်ချင်တော့ ဦးငွေ မန္တလေးရောက်ပြီး မကြာမီ (၁၉၄၁) ခုနှစ် ဒုတိယကမ္ဘာစစ်မီးကြီးက မန္တလေးမြို့ကို မီးဟုန်းဟုန်းတောက်စေခဲ့တယ်။

အဲ့ဒါကြောင့် မြို့ပေါ်မှာ အခြေအနေမကောင်းတော့ ဇာတိငါန်းဇွန်မြို့ကလေးဆီကို ဦးငွေ ပြန်ပြေးလာရပါတော့တယ်။စစ်ဘေးစစ်ဒဏ် ငြိမ်သက်သွားတော့ ဦးငွေ မန္တလေးမြို့ပေါ် ပြန်တက်လာတယ်။

ဒါပေမယ့် ဦးငွေ မြို့ပေါ်ပြန်ရောက်ချိန်မှာတော့ မန္တလေးက အရင်မန္တလေးမဟုတ်တော့ပီ။ အရှေ့မှာ ရှမ်းရိုးမတောင်တန်းကြီးက ငေါငေါကြီးပေါ်နေပီး အနောက်ကို ပြန်လှည့်လိုက်ပြန်တော့ စစ်ကိုင်းမင်းဝံတောင်တစ်ရိုးက ငေါင်စင်းစင်းကြီး မြင်နေရပြန်တယ်။

အိုးအိမ်တိုက်တာတွေကလည်း မီးလောင်ပြာကျသွားခဲ့ပြီ။ မန္တလေးဟာ လွင်တီးခေါင်တစ်မျှ ဖြစ်နေပါတော့တယ်။ မြို့အပြန်မှာ ​ဒေါ်သိန်းငွေနဲ့အိမ်ထောင်ကျလာတဲ့ ဦးငွေတစ်ယောက် မိန်းမနဲ့ ကလေးတွေအတွက် ဆိုက်ကားနင်းရင်း မြို့ပတ်ရပါတယ်။

အဲသလို မြို့ပတ်ရင်း ဦးငွေတစ်ယောက် အပူဒဏ်ကို အပြင်းအထန်ခံစားရ​ေတာ့တယ်။ မောလို့ပန်းလို့မှ ခိုနားစရာ နေရာမရှိတဲ့ အခြေအနေတွေိကို မန္တလေးမြို့ပေါ်မှာ ကြုံတွေ့လာရတယ်။

အဲ့ဒါကြောင့် ဦးငွေဟာ လွင်တီးခေါင်ပြင် မန္တလေးမှာ သစ်ပင်တွေ စိုက်ချင်စိတ် တဖွားဖွားပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက််မှာတော့ ဦးငွေဟာ မြို့အနှံ့လှည့်ပီး သစ်ပင်စိုက်ဖို့ စီစဉ်ပါတော့တယ်။

သစ်ပင်စိုက်မယ်ဆိုပေမယ့် အဲ့ဒီအချိန်က အခုလို ပျိုးခြံအရောင်းခြံတွေ ကောင်းကောင်းရှိသေးတာမဟုတ်ဘူး။တကယ်လို့ရှိခဲ့ရင်တောင် ဦးငွေလို အခြေခံလူတန်းစား ဆိုက်ကားသမားတစ်ယောက်အတွက်တော့ ဝယ်ယူစိုက်ပျိုးနိုင်မှာလည်း မဟုတ်ပါဘူး။

အဲ့ဒါကြောင့် ဦးငွေဟာ သစ်ပင်တွေရှိတဲ့ဘက်ကိုလိုက်ပီး မျိုးစေ့တွေ ကိုယ်တိုင်လိုက်ကောက်ရတယ်။ သူတို့နေထိုင်တဲ့ တောင်ကြယ်ခတ်ဝင်းထဲက ရေတွင်းလေးနားမှာ သစ်ပင်လေးတွေကို ပျိုးယူခဲ့တယ်။

မနက်လေးနာရီလောက် အိပ်ရာကထတယ်။ အသံအကျယ်ကြီးနဲ့ ဘုရားဝတ်ပြုပြီး ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်နဲ့ ဝင်းတံခါးစောင့်နတ်တွေကအစ မေတ္တာပို့တယ်။ပြီးတာနဲ့ သူ့ကိုယ်ပိုင်ဆိုက်ကားပေါ် ရေပုံးတွေတင်၊တံမြက်စည်းတွေ၊ ဓားတွေ တင်တယ်။

ပေါက်ပြား၊ တူရွင်းတွေလည်း ပါတာ​ေပါ့။အဲ့ဒီနောက် ပျိုးပင်လေးတွေကို ဆိုက်ကားပေါ်တင်ပီး မြို့အနှံ့လှည့်ကာ သစ်ပင်စိုက်ပါတော့တယ်။ဦးငွေက စိုက်ပြီးတဲ့သစ်ပင်တွေကို ဝါးခြံလေးခတ်ပေးတယ်။ တိရစ္ဆာန်တွေ ဖျက်ဆီးမသွားနိုင်အောင်လို့လဲ ဆူးကိုင်းလေးတွေ ကပ်ထားတယ်။

အဲ့ဒီနောက် မြေအိုးလေးတွေကို သံမှိုသေးသေးနဲ့ဖောက်ပီး ရေအပြည့်ဖြည့်ကာ သစ်ပင်ရေရအောင် စီမံခဲ့တယ်။ စိုက်ပျိုးပီးတဲ့သစ်ပင်များကိုလည်း နေ့စဉ် နီးစပ်ရာချောင်းနဲ့ ရေတွင်းများဆီကနေ ရေကိုသယ်ယူပီး ရေလိုက်လောင်းတယ်။

ပီးရင် ပါလာတဲ့ တံမြက်စည်းနဲ့ လမ်းပေါ်က သစ်ရွက်တွေ လိုက်လံလှည်းကျင်းတာပေါ့။ လမ်းပေါ်ရောက်လာတဲ့ ကိုင်းဖျားကိုင်းနားတွေကိုလည်း လမ်းသွားလမ်းလာ ကားတွေနဲ့လွတ်အောင် အမြဲခုတ်ပေးတတ်တယ်။

သစ်ပင်အကိုင်းကြီးမျိုးဆို ခုတ်ပြီး အလကားလွှင့်မပစ်တတ်​ပြန်ဘူး။သစ်ပင်အောက််မှာ လမ်းသွားလမ်းလာ​တွေ ထိုင်လို့ရအောင် ခုံတန်းလေးတွေ လုပ်ပေးထားပြန်ပါတယ်။
ဒါတင်မကသေးပါဘူး။ သူစိုက်ထားတဲ့ သစ်ပင်အောက််မှာ သူရိုက်ပေးတဲ့ ခုံပေါ်ထိုင်ရင်း အမောပြေသောက်ဖို့ ရေအိုးစင်လေးများလည်း တည်ပေးထားတတ်ပြန်ပါသေးတယ်။ဦးငွေဟာ သူတင် သစ်ပင်စိုက်ရုံနဲ့ အားမရဘူး။

သူမွေးထားတဲ့ သားသမီးခုနစ်ယောက်(သမီးသုံးဦးနှင့် သားလေးဦး)ကိုလည်း သူ့လို သစ်ပင်စိုက်ဖြစ်အောင် ဝါသနာမျိုးစေ့တွေ ချပေး​ပြန်ပါတယ်။သားသမီးတစ်ယောက်ယောက််ရဲ့မွေးနေ့မျိုးဆို

ဦးငွေက သစ်ပင်လေးတစ်ပင် လိုက်စိုက်ပေးပီး မွေးနေ့လက်ဆောင် ပေးတတ်ပါတယ်။ အဲဒီလိုနေ့မျိုးဆို ရှိတဲ့သားသမီးအကုန် ဆိုက်ကားပေါ်တင်တယ်။ ရှေ့ကဘောင်တန်းပေါ်မှာ တစ်ယောက်၊ နောက်က ကယ်ရီယာပေါ်မှာ တစ်ယောက်၊

ဘေးက ဆိုက်ကားပေါ် သစ်ပင်စိုက်ပစ္စည်းတွေကြား နှစ်ယောက်၊ သုံးယောက် ပြုံတင်ကာ လူပဒေသာပင်ကြီးနဲ့အတူ သစ်ပင်စိုက်ထွက်တယ်။ဆိုက်ကားနဲ့မဆံ့တော့တဲ့ ကလေးတွေကျတော့ စက်ဘီးလေးတွေစီးကာ လိုက်ခိုင်းတယ်။

ကလေးတွေကို သစ်ပင်စိုက်ဖု့ိ မြေကျင်းတူးပေးရတာမျိုး၊ ရေဆွဲပေးရတာမျိုး ကူညီစေခဲ့တယ်။ နောက်ပြီး သစ်ပင်သစ်ကိုင်း ချိုင်မယ်ဆိုရင် လမ်းသွားလမ်းလာတွေ ထိခိုက်မှုမရှိအောင် ဝါးလုံးတစ်လုံးပေါ် ပုဆိုးတစ်ထည်ချည်နှောင်ပီး သားသမီးတွေကို ကိုင်ဆောင်ထားခိုင်းခဲ့တယ်လို့ ဦးငွေသားသမီးများကဆိုကြပါတယ်။

ဦးငွေက သစ်ပင်စိုက်ဖို့ရာ သားသမီးတင်လားဆိုတော့ မဟုတ်ပါဘူး။ ဦးငွေသားသမီးခုနစ်ယောက်ရှိတဲ့အနက် အိမ်ထောင်ကျပြီး သားသမီးများရဲ့ သမက််များ၊ ချွေးမများကိုလည်းသားသမီးများလိုပဲ မွေးနေ့မွေးရက််များမှာသစ်ပင်လေးတွေ စိုက်ပေးတတ်ပြန်ပါသေးတယ်။


သစ်ပင်များစွာပျိုးနေရတာမို့ သစ်ပင်ပျိုးလို့ရတဲ့ အိုးအကွဲလေးတွေ ဘူးခွံအဟောင်းလေးတွေဆိုရင် သားသမီးများရော သား၊ သမက်၊ ချွေးမများကိုပါ အချိန်မရွေး နေရာမရွေး သွားကောက်ခိုင်းတတ်ပါတယ်။

ငယ်တဲ့ကလေးတွေကတော့ အိုးစုတ်ခွက်စုတ်တွေ လိုက်ကောက်ရတာရှက်ကြတာပေါ့။အဲ့ဒါမျိုးဆို ဦးငွေက တစ်ခွန်းပဲပြောလိုက်တယ်။ ‘‘ကုသိုလ်တွေရတာ။ ခိုးစားတာမဟုတ်ဘူး’’ တဲ့။

ဦးငွေက ၈၄ လမ်း မီးပွိုင့်နားလောက်ကနေ ဟိုးအနောက်ဘက် ဂေါဝိန်နဲ့ သင်္ဘောကျင်းတွေဘက်ထိ သစ်ပင်တွေစိုက်တယ်။

အဲသည်နေရာတွင်သာမက ဘုရားကြီးနား၊ အမှတ်(၆)ကားဂိတ်၊ ကျုံးတောင်ဘက်တစ်လျှောက်၊ ရွှေကျီးမြင်ဘုရား၊ ပေါက်မြိုင်၊ ဖာသာလဖုန်းကျောင်း အစရှိတဲ့ နေရာ​တွေမှာလည်း သစ်ပင်တွေ စိုက်ခဲ့ပါတယ်။

ဦးငွေက အရိပ်အာဝါသကောင်းမွန်စေမယ့် သစ်ပင်တွေကို ဦးစားပေးစိုက်ပါတယ်။ ကုက္ကို၊ တမာ၊ ထနောင်း၊ မည်စည်၊ ဗာဒံ၊ ခရေ၊ တည်ပင်၊ ညောင်ပင်တွေ ပေါ့။ဒါ့အပြင် ပန်းသပြေ၊ စိန်ပန်း၊ သရက်၊ မဲဇလီ၊ သစ်ဆိမ့် အစရှိတဲ့ အမျိုးအစားစုံ သစ်ပင်တွေလည်း စိုက်ခဲ့ပါတယ်။

ဦးငွေက သူစိုက်ခဲ့တဲ့ သစ်ပင်လေးတွေ နည်းနည်းကြီးလာ၊ မာလာပြီဆိုရင် သံပြားကလေးပေါ် သဘောၤဆေးနဲ့ အပင်နံပါတ်မှတ်၊ စာအချို့ရေးထိုးပီး အမှတ်သညာပြု လိုက်တပ်တတ်တယ်။

ထိုသံပြားလေးပေါ်မှာ အပင်နံပါတ်နဲ့အတူ ‘‘လူထုကြီးအရိပ်ခိုဖို့ စိုက်ထားသော သစ်ပင်ပေါင်း(……) ဦးငွေကောင်းမှု၊ နတ်လူသာဓုခေါ်စေသော်၊ သာဓု၊ သာဓု၊ သာဓု’’ ဆိုပီး ဖြစ်ပါတယ်။

ဦးငွေဟာ သစ်ပင် ၅၀၀ ကို သံပြားရိုက်နိုင်ခဲ့ပြီး စိုက်ပျိုးခဲ့တဲ့ သစ်ပင်ပေါင်းဟာ တစ်ထောင်ခန့်ရှိခဲ့တယ်လို့ ဦးငွေရဲ့သားသမီးများက ပြောပြပါတယ်။

ဦးငွေ သစ်ပင်စိုက်တာကို သိတဲ့သူတချို့ကလည်း ဦးငွေကို ငွေစကြေးစအနည်းငယ်ပေးပြီဆိုရင် ဦးငွေက သစ်ပင်စိုက်ရာမှာ အသုံးပြုမယ့်အကြောင်း ပြန်ပြောတတ်ပါတယ်။

တကယ်လည်း ဦးငွေက ပေးသွားတဲ့ ငွေကြေးကို အိမ်စားအိုးထဲ မထည့်တတ်ပါဘူး။ သစ်ပင်စိုက်ဖို့ လိုအပ်တဲ့ ရေအိုး၊ ရေပုံး၊ ပျိုးအိုးလေးတွေ ဝယ်ခဲ့ပါတယ်။အဲသလို သစ်ပင်တွေစိုက်၊ ပရဟိတတွေလုပ်ခဲ့တဲ့ ဦးငွေတစ်ယောက် သူ့သစ်ပင်တွေအတွက်
စိတ်ထိခိုက်ခဲ့ရတဲ့ အချိန်တစ်ခုရှိခဲ့ဖူးပါတယ်။အဲ့ဒါကတော့ မြို့လမ်းချဲ့ဖို့အတွက် အတော်အတန်ကြီးနေပြီဖြစ်တဲ့ သစ်ပင်တွေ ခုတ်သွားတဲ့ အခါမျိုးပါပဲ။ ဒါ​ပေမယ့် အဲ့ဒါကလည်း အများကောင်းဖို့အတွက်ဆိုတော့

ဘာမှမတတ်နိုင်တာမို့ ဦးငွေဟာ စိတ်သာမကောင်းပေမယ့် သစ်ပင်က​ေတာ ့အစိုက််မပျက်ခဲ့ပါဘူး။ အသက်(၇၀)ကျော်သည်အထိ သစ်ပင်တွေ ကို သူ့ကိုယ်ပိုင် ဆိုက်ကားနဲ့လိုက်လံစိုက်နေခဲ့တုန်းပါပဲလို့ ဦးငွေရဲ့သားသမီးများက ဆိုကြပါတယ်။

ဦးငွေက သူ မကွယ်လွန်မီမှာ ဇနီးဖြစ်သူ ဒေါ်သိန်းငွေနဲ့ သားသမီးများ၊ သမက််များ၊ ချွေးမများကိုခေါ်ပီး သူကွယ်လွန်ရင် ခန္ဓာကိုယ်ကို ဆေးတက္ကသိုလ်သို့ လှူချင်တဲ့အကြောင်း ခွင့်တောင်းလာခဲ့ပါတယ်။

မိသားစုက သူ့ဆန္ဒအတိုင်းအလွယ်တကူ ခွင့်ပြုရုံသာမက ဇနီးဖြစ်သူ ဒေါ်သိန်းငွေကပင် ဦးငွေနဲ့အတူ ဆေးတက္ကသိုလ်ကို ခန္ဓာကိုယ်လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီနောက် ဦးငွေတို့လင်မယား ဘုန်းကြီးငါးပါးပင့်ကာ သရဏံဂုံတင်ပြီး ခန္ဓာကိုယ်လှူဒါန်းခဲ့ပါတော့တယ်။

မန္တလေးမြို့မှာ သစ်ပင်ပေါင်း ထောင်ချီစိုက်ခဲ့ဖူးတဲ့ ဦးငွေကတော့ ၁၉၉၀ ပြည့်နှစ်၊ အသက်(၇၆)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဦးငွေ ကွယ်လွန်သွားပေမယ့် ဦးငွေအမှတ်တရ သစ်ပင်စိုက်ပျိုးပွဲတွေကို နှစ်စဉ်ဦးငွေမွေးနေ့ရောက်တိုင်း ဦးငွေကဲ့သို့ပင် စက်တပ်ယာဉ်မသုံးဘဲ ဆိုက်ကားတွေကိုယ်စီနဲ့ သစ်ပင်စိုက်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ မန္တလေးက သတင်းစာဆရာ၊ စာရေးဆရာမကြီး အမေလူထု ဒေါ်အမာကတော့ ဦးငွေကို ‘‘လူသာဓုခေါ် နတ်သာဓုခေါ် ပုဂ္ဂိုလ်ကြီး’’ ဆောင်းပါးနဲ့ ရေးသားဂုဏ်ပြုခဲ့ဖူးပြီး အဆိုပါဆောင်းပါးပါတဲ့ မန္တလေးသူမန္တလေးများစာအုပ်အမှာထဲမှာ ဒီလိုမှတ်ချက်ပြုခဲ့ဖူးသည်။

‘‘အလှူဆိုတာ ငွေကြေးဓနရှိကြမှ လုပ်နိုင်တယ်လို့ အများအားဖြင့် ယုံကြည်ကြတယ်လေ။ ဆိုက်ကားသမားကြီး ဦးငွေကတော့ ငွေကြေးမရှိပေမယ့် စေတနာတွေ၊ မေတ္တာတွေ၊ သဒ္ဓါတွေရှိပါတယ်။

ဒါကြောင့် သူက ပူအိုက်တဲ့ မန္တလေးမှာ အေးမြတဲ့ အရိပ်အာဝါသတွေပေးမယ့် သစ်ပင်တွေကိုစိုက်ပြီး လှူခဲ့တယ်။ တစ်ယောက်ချမ်းသာ ကိုယ့်ဖို့ရှာ သတ္တဝါအပေါင်း ဆင်းရဲကြောင်းတဲ့။

ဟစ်တလာတို့ ဘုန်းမီးနေလထွန်းပတော့ ဥရောပတစ်တိုက်လုံး မီးလောင်ပြာကျပြီး လူတွေ အနန္တ သေကျေဒုက္ခရောက်ခဲ့ရတယ်။ လူ့လောကဆိုတာ ဒီလိုပုဂ္ဂိုလ်မျိုး ပေါ်ပေါက်ချင်ရင် ပေါ်ပေါက်လာတာပဲ။

ဦးငွေလို ဘယ်လောက်ဆင်းရဲဆင်းရဲ၊ ဘယ်လောက်ခွန်အားမဲ့မဲ့ မေတ္တာစေတနာကောင်းမွန်ဖြူစင်ရင် လူတွေအများကြီးကို ချမ်းသာသုခရအောင် လုပ်နိုင်တာပဲဆိုပြီး ဒီလိုသူတော်စင်ကြီးအကြောင်းကိုလည်း ရေးသားမော်ကွန်းတင်ခဲ့တာပါ’’လို့ ပြောကြားခဲ့ပါတယ်။

မန္တလေးမှာတော့ နွေဆိုရင် တစ်စတစ်စပူပြင်းလို့လာပါပြီ။ ဦးငွေ မရှိတော့ပေမယ့် ဦးငွေစိုက်ထားသည့် ကျန်ရှိနေသေးတဲ့သစ်ပင်တွေကတော့ မန္တလေးမြို့ကို အရိပ်အာဝါသကောင်းစွာပေးကာ အေးမြအောင် စွမ်းဆောင်နေကြဆဲဖြစ်ပါတော့တယ်။

Credit