ၾကားသိရသမွ်

ထန်တလန်မြို့ကို ယနေ့နံနက် မီးထပ်ရှို့

ထန္တလန္ၿမိဳ႕ကို ယေန႔နံနက္ မီးထပ္ရႈိ႕၊ အိမ္ ၅၅ လုံးထက္မနည္း မီးေလာင္ကြၽမ္းေန (႐ုပ္/သံ)

ရန္ကုန္၊ ဒီဇင္ဘာ ၃၀

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ကို အၾကမ္းဖက္စစ္ေကာင္စီတပ္က ဒီဇင္ဘာလ ၃၀ ရက္ ယေန႔နံနက္ ၁၀ နာရီဝန္းက်င္တြင္ မီးတင္ရႈိ႕ေနၿပီး အနည္းဆုံး ေနအိမ္ ၅၅ လုံးေက်ာ္ မီးေလာင္ကြၽမ္းေနၿပီျဖစ္ေၾကာင္း ေဒသသတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္။

ယေန႔မီးေလာင္မႈေၾကာင့္ Assembly of God (AG) ခရစ္ယာန္ဘုရားေက်ာင္း မီးေလာင္ပ်က္စီးေနေၾကာင္း ေဒသသတင္းရင္းျမစ္တြင္‌ ေဖာ္ျပသည္။

ယေန႔ မီးေလာင္မႈေၾကာင့္ မီးခိုးလုံးႀကီးမ်ားကို ၂၃ မိုင္ခန႔္အကြာရွိ ဟားခါးၿမိဳ႕မွပင္ ျမင္ေတြ႕ႏိုင္ေၾကာင္း သိရွိရသည္။

ထန္တလန္ၿမိဳ႕အနီး ေတာင္ကုန္းတြင္ တပ္စြဲထားေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕၏ မီးရႈိ႕မႈေၾကာင့္ ထန္တလန္ၿမိဳ႕တြင္ ၁၀ ႀကိမ္ထက္မနည္း မီးေလာင္ကြၽမ္းခဲ့ၿပီး ဘုရားေက်ာင္းမ်ားအပါအဝင္ ေနအိမ္ေပါင္း ၆၅၀ ေက်ာ္ မီးေလာင္ပ်က္စီးကာ ၿမိဳ႕ခံမ်ား ၿမိဳ႕ကိုစြန႔္ခြာ စစ္ေရွာင္ေနရသည္မွာ ၄ လခန႔္ ရွိေနၿပီ ျဖစ္သည္။

Video – CJ

ထန်တလန်မြို့ကို ယနေ့နံနက် မီးထပ်ရှို့၊ အိမ် ၅၅ လုံးထက်မနည်း မီးလောင်ကျွမ်းနေ (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၃၀ ရက် ယနေ့နံနက် ၁၀ နာရီဝန်းကျင်တွင် မီးတင်ရှို့နေပြီး အနည်းဆုံး နေအိမ် ၅၅ လုံးကျော် မီးလောင်ကျွမ်းနေပြီဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့မီးလောင်မှုကြောင့် Assembly of God (AG) ခရစ်ယာန်ဘုရားကျောင်း မီးလောင်ပျက်စီးနေကြောင်း ဒေသသတင်းရင်းမြစ်တွင်‌ ဖော်ပြသည်။

ယနေ့ မီးလောင်မှုကြောင့် မီးခိုးလုံးကြီးများကို ၂၃ မိုင်ခန့်အကွာရှိ ဟားခါးမြို့မှပင် မြင်တွေ့နိုင်ကြောင်း သိရှိရသည်။

ထန်တလန်မြို့အနီး တောင်ကုန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် ထန်တလန်မြို့တွင် ၁၀ ကြိမ်ထက်မနည်း မီးလောင်ကျွမ်းခဲ့ပြီး ဘုရားကျောင်းများအပါအဝင် နေအိမ်ပေါင်း ၆၅၀ ကျော် မီးလောင်ပျက်စီးကာ မြို့ခံများ မြို့ကိုစွန့်ခွာ စစ်ရှောင်နေရသည်မှာ ၄ လခန့် ရှိနေပြီ ဖြစ်သည်။

Video – CJ