Source ; Thi Ha Monywa
Unicode
စစ်ကိုင်းက ရပ်တော်မူမြတ်စွာဘုရားကြီးကို ကြိုးတစ်ချောင်းတည်းနဲ့ တက်ပြီး စွန့်စွန့်စားစားရွှေချပူဇော်နေသူများ
မုံရွာမြို့က ကမ္ဘာ့ဒုတိယအကြီးဆုံး ရပ်တော်မူမြတ်စွာဘုရားကြီးကို စွန့်စွန့်စားစားနဲ့ ခက်ခက်ခဲခဲရွှေချပူဇော်နေတဲ့ပုံရိပ်များဖြစ်ပါတယ်။ ကြိုးတစ်ချောင်းတည်းနဲ့ အမြင့်ကြီးမှာ ရွှေချပြီး ကုသိုလ်ယူနေကြတဲ့ လေးစားဖွယ်လူတွေပါ။
လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီးကို ၁၉၉၅ ခုနှစ်တွင် စတင်တည်ထား ကိုးကွယ်ခဲ့ပါတယ်။ဉာဏ်တော်အမြင့်ပေ (၄၂၄)ပေ အမြင့်ဆောင်ပြီး၊ အထပ်ပေါင်း (၃၃)ထပ်ပါရှိသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံးဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမှာ တည်ထားကိုးကွယ်ထားတာပါ။ခုအခါမှာတော့ ရပ်တော်မူဘုရားကြီးကိုရောင်တော်ဖွင့် ပြန်လည် ရွှေချနေပါတယ်။ပေပေါင်းရာချီမြင့်တဲ့ ရပ်တော်မူဘုရားကြီးကို ခက်ခက်ခဲခဲနဲ့ ရွှေချနေတဲ့ဆေးဆရာတွေရဲ့အလှူကို ပရိသတ်ကြီးတို့ တွေ့နိုင်အောင် ပြန်လည်မျှဝေပါတယ။်ကြိုးတွေနဲ့ ခန္ဓာကိုယ်မှာ ရစ်ချည်ပြီး ခက်ခက်ခဲခဲ ရွှေချကုသိုလ်ယူနေတာပါ။
ပရိသတ်ကြီးတို့လည်း အခုလို ရွှေချနေတဲ့ ဆေးဆရာတို့ကို ဂုဏ်ပြုပေးခဲ့ကြပါအုံးနော်။
သာဓု ခေါ်ဆိုနိုင်ကြပါစေနော်။
Writer ; Kwee (Jeeptoolay)
Source ; Thi Ha Monywa