အိန္ဒိယနိုင်ငံကရွာတစ်ရွာမှာ ဆိတ်မတစ်ကောင်မှ လူကလေးတစ်ယောက်ကို မွေးဖွား။
ဆိတ်တစ်ကောင်က လူမျက်နှာအသွင်အပြင်ရှိတဲ့ ကလေးကို မွေးဖွားခဲ့တာကြောင့် ထူးထူးဆန်းဆန်းဖြစ်ခဲ့ရပြီး ရွာသားများကလည်း အံ့ဩထိတ်လန့်ခဲ့ကြပါတယ်။ ပုံထဲမှာလည်းသင့်အနေနဲ့ ထိတ်လန့်စရာကောင်းအောင် တွေ့ရှိရမှာဖြစ်ပါတယ်။

ဒီကလေးကိုတော့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ Gangapur ရွာတွင် မွေးဖွားခဲ့ပါတယ်။ ကလေးမွေးတဲ့လယ်ကွင်းထဲမှာ လာရောက်ကြည်ရှုသူတွေလည်း တန်းစီပြည့်နှက်ခဲ့ကြပါတယ်။
ဆိတ်ပိုင်ရှင်ဖြစ်တဲ့ Shankar Das (အသက် ၄၆ နှစ် ) ဟာ ဒီကလေးမွေးလာတုန်းက အသက်ရှင်နေခဲ့ပြီး ခဏအကြာမှာပဲ စိတ်မကောင်းစွာနဲ့ သေဆုံးခဲ့ရကြောင်းပြောပြခဲ့ပါတယ်။ ဒီလိုတိရစ္ဆာန်တွေကနေ ထူးထူးဆန်းဆန်း လူလိုသတ္တဝါတွေဟာ မွေးမွေးပြီချင်းမှာ သေဆုံးတက်ကြလေ့ရှိပါတယ်။

မျက်နှာ၊ နှာခေါင်းနှင့်ပါးစပ်တို့ဟာ လူနဲ့တူကြောင်း အချို့က ပြောကြပြီး ခြေလက်နှစ်ဖက်ဖြင့် မွေးဖွားလာခဲ့တဲ့ ထူးထူးဆန်းဆန်း တိရစ္ဆာန်လေးဖြစ်ပါတယ်။
ဒါပေမယ့် အမြီးပျောက်နေပြီး ပုံပျက်နေသလို နားရွက်တွေလည်းဆိုးဆိုးရွားရွား ပုံပျက်နေပါတယ်။ ဒီကလေးရဲ့ ခန္ဓာကိုယ်မှာ အမွှေးအမျှင်တွေမရှိဘဲ မွေးဖွားလာခဲ့တာဖြစ်ပါတယ်။ ဒီလိုပုံမမှန်မဟုတ်တဲ့အရာကို သူဟာဘဝမှာ ပထမဆုံးမြင်ဖူးတာဖြစ်ပြီး ထိတ်လန့်ခဲ့ရကြောင်းပြောပြခဲ့ပါတယ်။

ဒီလိုမျိုး သန္ဓေသားပုံစံပြောင်းလဲပြီး မွေးဖွာလာတာတွေဟာ သိပ္ပံပညာလောကမှာလည်း အဖြေရှာရခက်တဲ့ပုဒ်စာတစ်ခုပါပဲ။
Zawgyi
အိႏၵိယႏိုင္ငံက႐ြာတစ္႐ြာမွာ ဆိတ္မတစ္ေကာင္မွ လူကေလးတစ္ေယာက္ကို ေမြးဖြား။
ဆိတ္တစ္ေကာင္က လူမ်က္ႏွာအသြင္အျပင္ရွိတဲ့ ကေလးကို ေမြးဖြားခဲ့တာေၾကာင့္ ထူးထူးဆန္းဆန္းျဖစ္ခဲ့ရၿပီး ႐ြာသားမ်ားကလည္း အံ့ဩထိတ္လန႔္ခဲ့ၾကပါတယ္။ ပုံထဲမွာလည္းသင့္အေနနဲ႔ ထိတ္လန႔္စရာေကာင္းေအာင္ ေတြ႕ရွိရမွာျဖစ္ပါတယ္။

ဒီကေလးကိုေတာ့ အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ပိုင္းရွိ Gangapur ႐ြာတြင္ ေမြးဖြားခဲ့ပါတယ္။ ကေလးေမြးတဲ့လယ္ကြင္းထဲမွာ လာေရာက္ၾကည္ရႈသူေတြလည္း တန္းစီျပည့္ႏွက္ခဲ့ၾကပါတယ္။
ဆိတ္ပိုင္ရွင္ျဖစ္တဲ့ Shankar Das (အသက္ ၄၆ ႏွစ္ ) ဟာ ဒီကေလးေမြးလာတုန္းက အသက္ရွင္ေနခဲ့ၿပီး ခဏအၾကာမွာပဲ စိတ္မေကာင္းစြာနဲ႔ ေသဆုံးခဲ့ရေၾကာင္းေျပာျပခဲ့ပါတယ္။ ဒီလိုတိရစာၦန္ေတြကေန ထူးထူးဆန္းဆန္း လူလိုသတၱဝါေတြဟာ ေမြးေမြးၿပီခ်င္းမွာ ေသဆုံးတက္ၾကေလ့ရွိပါတယ္။
မ်က္ႏွာ၊ ႏွာေခါင္းႏွင့္ပါးစပ္တို႔ဟာ လူနဲ႔တူေၾကာင္း အခ်ိဳ႕က ေျပာၾကၿပီး ေျခလက္ႏွစ္ဖက္ျဖင့္ ေမြးဖြားလာခဲ့တဲ့ ထူးထူးဆန္းဆန္း တိရစာၦန္ေလးျဖစ္ပါတယ္။

ဒါေပမယ့္ အၿမီးေပ်ာက္ေနၿပီး ပုံပ်က္ေနသလို နား႐ြက္ေတြလည္းဆိုးဆိုး႐ြား႐ြား ပုံပ်က္ေနပါတယ္။ ဒီကေလးရဲ႕ ခႏၶာကိုယ္မွာ အေမႊးအမွ်င္ေတြမရွိဘဲ ေမြးဖြားလာခဲ့တာျဖစ္ပါတယ္။ ဒီလိုပုံမမွန္မဟုတ္တဲ့အရာကို သူဟာဘဝမွာ ပထမဆုံးျမင္ဖူးတာျဖစ္ၿပီး ထိတ္လန႔္ခဲ့ရေၾကာင္းေျပာျပခဲ့ပါတယ္။
ဒီလိုမ်ိဳး သေႏၶသားပုံစံေျပာင္းလဲၿပီး ေမြးဖြာလာတာေတြဟာ သိပၸံပညာေလာကမွာလည္း အေျဖရွာရခက္တဲ့ပုဒ္စာတစ္ခုပါပဲ။



