အေထြအေထြဗဟုသုတ

ဆံပင္နဲ့ပတ္သက္ျပီး သင္ရပ္တန့္ပစ္သင့္တဲ့ လက္ဆင့္ကမ္းအေတြးအေခၚမ်ား

ကေလးဘဝကတည္းက ဆံပင္ နဲ့ပတ္သက္ျပီး နာယူစရာ၊မွတ္သားစရာ နည္းလမ္းအဖံုဖံုကိုၾကားသိျပီး

အဆင့္ဆင့္လက္ဆင့္ကမ္းသယ္ေဆာင္လာခဲ့ၾကတာ ယေန့ခ်ိန္ထိပဲျဖစ္ပါတယ္။ဒါေပမယ့္ ေခတ္မီလာတာနဲ့အညီ

တခ်ိဳ့နည္းေတြရဲ့စနစ္မက်မွဳေတြကိုျမင္လာတဲ့အျပင္ တစ္စံုတရာရွင္းခ်က္ထုတ္မေပးနိုင္၊သက္ေသမျပနိုင္တဲ့နည္းအမ်ားစုျဖစ္ေနတတ္

တာကိုသတိထားမိပါတယ္။ဒီတစ္ခါမွာေတာ့ ဆံပင္ထိန္းသိမ္းျခင္းနဲ့ပတ္သက္ျပီး လူသိမ်ားေနတဲ့ လက္ဆင့္ကမ္းအေတြးအေခၚအခ်ိဳ့ကို ေဖာ္ျပေပးလိုက္ပါတယ္။

1.ဆံပင္ညွပ္ေလေလ သန္ေလေလ

ဆံပင္ကအရင္းကေနေပါက္တာျဖစ္ျပီး အဖ်ားကေနေပါက္တာမဟုတ္လို့ ဆံပင္သန္နွဳန္းဟာ ညွပ္တာနဲ့လံုးဝမဆိုင္ပါဘူး။

ေနာက္ အမ်ားစုလက္ခံထားၾကတဲ့ ဂတံုးရိတ္ျခင္းနဲ့ဆံပင္သန္ျခင္းလည္း လံုးဝမသက္ဆိုင္ပါဘူး။

ဘာလို့လည္းဆိုေတာ့ ဆံပင္ရဲ့ေမြွးညွင္းေပါက္အေရအတြက္ဟာ မ်ိဳးရုိးဗီဇအလိုက္ သတ္မွတ္ျပီးလာတာမို့ပါ။

2.သဘာဝအေျခာက္ခံျခင္းဟာ ေလမွဳတ္စက္ထက္ပိုေကာင္းတယ္

ေခတ္ကတိုးတက္လာတာနဲ့အမ်ွ နည္းပညာေတြတိုးတက္လာတဲ့အခါမ်ိဳးမွာ ယွဥ္ျပိဳင္အကဲျဖတ္တာေတြေပၚလာတတ္တာ ျဖစ္ရုိးျဖစ္စဥ္ပါ။တကယ္လို့သင့္ဆံပင္က ခပ္တိုတိုဆိုရင္ေတာ့ သဘာဝအေျခာက္ခံလိုက္တာ ျမန္လည္းျမန္၊ေကာင္းလည္းေကာင္းမွာေပါ့။ဒါေပမယ့္ ရွည္လ်ားတဲ့ဆံပင္ေတြအတြက္ဆိုရင္ေတာ့ အပူခ်ိန္ခပ္ေလ်ာ့ေလ်ာ့ေလးေပးထားတဲ့ ေလမွဳတ္စက္က အသင့္ေတာ္ဆံုးပါ။

3.ဦးေရေျခာက္ေသြ့ျခင္းဟာ ေဗာက္ထျခင္းရဲ့အဓိကအေၾကာင္းရင္း

ဒီအခ်က္ကေတာ့ လံုးဝဆန့္က်င္ဘက္ပါ။တကယ္ေတာ့ ေဗာက္ဟာ အဆီမ်ားတဲ့ဦးေရျပားပိုင္ရွင္ေတြမွာပဲေတြ့နိုင္တာမို့ ဒီလိုမၾကာခဏေဗာက္ထတာကိုေျဖရွင္းခ်င္တယ္ဆိုရင္ သင့္ကိုအေျခအေနဆိုးဝါးေစတဲ့ ဆီေတြမလိမ္းပါနဲ့။

4.ဆံဖ်ားပ်က္စီးျခင္းကို ျပဳျပင္ထိန္းသိမ္းနိုင္တယ္။

ဆံဖ်ားပ်က္စီးျခင္း၊ဆံသားကဲြထြက္ျခင္းေတြကို အထူးနည္းလမ္းေတြ၊ဆီေတြနဲ့ ခဏတာရပ္တန့္ထားနိုင္ေသာ္လည္း

သူတို့ကိုအျပတ္ဖယ္ရွားဖို့ဆိုရင္ေတာ့ ခဏခဏညွပ္ေပးရမွာပါ။

5.မၾကာခဏဘီးျဖီးေပးျခင္းဟာ ဆံပင္ကိုက်န္းမာသန္စြမ္းေစတယ္။

မၾကာခဏအလြန္အက်ြံဆံပင္ျဖီးေပးျခင္းဟာ အဆီကိုဦးေရတစ္ခုလံုးနွံ့ေအာင္ပ်ံ့နွံ့ေစျပီး လ်င္ျမန္စြာညစ္ပတ္လာေစနိုင္ပါတယ္။ဒီလိုျဖီးေပးျခင္းနဲ့ ဆံပင္သန္စြမ္းက်န္းမာျခင္းကလည္း လံုးဝမသက္ဆိုင္တဲ့အျပင္ အႏၱရာယ္ျဖစ္ေစနိုင္တာမို့ လိုအပ္မွသာေခါင္းျဖီးေပးပါ။

6.ဆံပင္ျဖဴနုတ္ရင္ ပိုေပါက္လာမယ္။

လူတိုင္းရဲ့ဆံပင္ပြားမွဳနွဳန္းဟာ ဂရုစိုက္ပံု၊အာဟာရမွာမမူတည္တာမို့ နုတ္လိုက္တဲ့ဆံပင္ျဖဴအစား ျပန္ေပါက္မလာပါဘူး။ဒါေပမယ့္ ဆံပင္ျဖဴဆဲြမနုတ္တာေတာ့အေကာင္းဆံုးပါ။အေၾကာင္းက သင့္ရဲ့ဦးေရေမြွးညွင္းေပါက္ေတြကို ပ်က္စီးေစနိုင္လို့ပါ။

7.ေရေအးဟာ ဆံပင္ေတြကိုေခ်ာမြတ္ေစတယ္။

ဆံပင္မွာ ေသေနတဲ့တစ္သ်ွဴးးဆဲလ္ေတြပါျပီးသားမို ေရပူေရေအးအားျဖင့္ ဆံပင္ၾကမ္းေတြေပါက္မလာနိုင္ပဲ ေခ်ာမြတ္လာတာ မဟုတ္ပါဘူး။

Unicode Version

ကလေးဘဝကတည်းက ဆံပင် နဲ့ပတ်သက်ပြီး နာယူစရာ၊မှတ်သားစရာ နည်းလမ်းအဖုံဖုံကိုကြားသိပြီး

အဆင့်ဆင့်လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြတာ ယနေ့ချိန်ထိပဲဖြစ်ပါတယ်။ဒါပေမယ့် ခေတ်မီလာတာနဲ့အညီ

တချို့နည်းတွေရဲ့စနစ်မကျမှုတွေကိုမြင်လာတဲ့အပြင် တစ်စုံတရာရှင်းချက်ထုတ်မပေးနိုင်၊သက်သေမပြနိုင်တဲ့နည်းအများစုဖြစ်နေတတ်တာကိုသတိထားမိပါတယ်။ဒီတစ်ခါမှာတော့ ဆံပင်ထိန်းသိမ်းခြင်းနဲ့ပတ်သက်ပြီး လူသိများနေတဲ့ လက်ဆင့်ကမ်းအတွေးအခေါ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ။

1.ဆံပင်ညှပ်လေလေ သန်လေလေ

ဆံပင်ကအရင်းကနေပေါက်တာဖြစ်ပြီး အဖျားကနေပေါက်တာမဟုတ်လို့ ဆံပင်သန်နှုန်းဟာ ညှပ်တာနဲ့လုံးဝမဆိုင်ပါဘူး။

နောက် အများစုလက်ခံထားကြတဲ့ ဂတုံးရိတ်ခြင်းနဲ့ဆံပင်သန်ခြင်းလည်း လုံးဝမသက်ဆိုင်ပါဘူး။

ဘာလို့လည်းဆိုတော့ ဆံပင်ရဲ့မွှေးညှင်းပေါက်အရေအတွက်ဟာ မျိုးရိုးဗီဇအလိုက် သတ်မှတ်ပြီးလာတာမို့ပါ။

2.သဘာဝအခြောက်ခံခြင်းဟာ လေမှုတ်စက်ထက်ပိုကောင်းတယ်

ခေတ်ကတိုးတက်လာတာနဲ့အမျှ နည်းပညာတွေတိုးတက်လာတဲ့အခါမျိုးမှာ ယှဉ်ပြိုင်အကဲဖြတ်တာတွေပေါ်လာတတ်တာ ဖြစ်ရိုးဖြစ်စဉ်ပါ။တကယ်လို့သင့်ဆံပင်က ခပ်တိုတိုဆိုရင်တော့ သဘာဝအခြောက်ခံလိုက်တာ မြန်လည်းမြန်၊ကောင်းလည်းကောင်းမှာပေါ့။ဒါပေမယ့် ရှည်လျားတဲ့ဆံပင်တွေအတွက်ဆိုရင်တော့ အပူချိန်ခပ်လျော့လျော့လေးပေးထားတဲ့ လေမှုတ်စက်က အသင့်တော်ဆုံးပါ။

3.ဦးရေခြောက်သွေ့ခြင်းဟာ ဗောက်ထခြင်းရဲ့အဓိကအကြောင်းရင်း

ဒီအချက်ကတော့ လုံးဝဆန့်ကျင်ဘက်ပါ။တကယ်တော့ ဗောက်ဟာ အဆီများတဲ့ဦးရေပြားပိုင်ရှင်တွေမှာပဲတွေ့နိုင်တာမို့ ဒီလိုမကြာခဏဗောက်ထတာကိုဖြေရှင်းချင်တယ်ဆိုရင် သင့်ကိုအခြေအနေဆိုးဝါးစေတဲ့ ဆီတွေမလိမ်းပါနဲ့။

4.ဆံဖျားပျက်စီးခြင်းကို ပြုပြင်ထိန်းသိမ်းနိုင်တယ်။

ဆံဖျားပျက်စီးခြင်း၊ဆံသားကွဲထွက်ခြင်းတွေကို အထူးနည်းလမ်းတွေ၊ဆီတွေနဲ့ ခဏတာရပ်တန့်ထားနိုင်သော်လည်း

သူတို့ကိုအပြတ်ဖယ်ရှားဖို့ဆိုရင်တော့ ခဏခဏညှပ်ပေးရမှာပါ။

5.မကြာခဏဘီးဖြီးပေးခြင်းဟာ ဆံပင်ကိုကျန်းမာသန်စွမ်းစေတယ်။

မကြာခဏအလွန်အကျွံဆံပင်ဖြီးပေးခြင်းဟာ အဆီကိုဦးရေတစ်ခုလုံးနှံ့အောင်ပျံ့နှံ့စေပြီး လျင်မြန်စွာညစ်ပတ်လာစေနိုင်ပါတယ်။ဒီလိုဖြီးပေးခြင်းနဲ့ ဆံပင်သန်စွမ်းကျန်းမာခြင်းကလည်း လုံးဝမသက်ဆိုင်တဲ့အပြင် အန္တရာယ်ဖြစ်စေနိုင်တာမို့ လိုအပ်မှသာခေါင်းဖြီးပေးပါ။

6.ဆံပင်ဖြူနုတ်ရင် ပိုပေါက်လာမယ်။

လူတိုင်းရဲ့ဆံပင်ပွားမှုနှုန်းဟာ ဂရုစိုက်ပုံ၊အာဟာရမှာမမူတည်တာမို့ နုတ်လိုက်တဲ့ဆံပင်ဖြူအစား ပြန်ပေါက်မလာပါဘူး။ဒါပေမယ့် ဆံပင်ဖြူဆွဲမနုတ်တာတော့အကောင်းဆုံးပါ။အကြောင်းက သင့်ရဲ့ဦးရေမွှေးညှင်းပေါက်တွေကို ပျက်စီးစေနိုင်လို့ပါ။

7.ရေအေးဟာ ဆံပင်တွေကိုချောမွတ်စေတယ်။

ဆံပင်မှာ သေနေတဲ့တစ်သျှူးးဆဲလ်တွေပါပြီးသားမို ရေပူရေအေးအားဖြင့် ဆံပင်ကြမ်းတွေပေါက်မလာနိုင်ပဲ ချောမွတ်လာတာ မဟုတ်ပါဘူ