နိုဝင်ဘာလ ၅ ရက်
Unicode
ဖြစ်ရဖြစ်ရပလေ မောင်ရင်ရယ်
နေ့ခင်းကြောင်တောင်ရွှေဆိုင်ကနေဆွဲကြိုးလုပြေးစဉ် မှတ်ပုံတင်ပြုတ်ကျကျန်ခဲ့သဖြင့် နာရီပိုင်းအတွင်းရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့
နိုဝင်ဘာလ ၅ ရက်
ထိုင်းနိုင်ငံဘန်ကောက်မြို့ ခလောင်းတန်းစီရင်စု ဖတ္ထနာကန်းလမ်း ၃၈ တွင်ဖွင့်လှစ်ထားသော Tesco Lotus ကုန်တိုက်အတွင်းရှိရွှေဆိုင်ထဲသို့ နိုဝင်ဘာလ ၅ ရက်နေ့ ၁၁:၀၀ ချိန် –
အသက် ၂၅-၃၀ အရွယ်အမျိုးသားတစ်ဦး ဦးထုပ်ဆောင်းထားပြီး Mask 😷 ဝတ်ဆင်ထားကာ ရွှေဆိုင်ရှိအရောင်းဝန်ထမ်းထံမှ ၁ ဘတ်သားရွှေဆွဲကြိုး နှစ်ကြိုးအားဝယ်ယူရန်ကြည့်ရှု့အပြီးရုတ်တရက်ထွက်ပြေးသွားခဲ့ ။
ထွက်ပြေးသွားစဉ်နောက်မှလိုက်လံဖမ်းဆီးသော်လည်း ဆိုင်ကယ်စီးကာလွတ်မြောက်သွားခဲ့ပြီး အနီးအနားတွင် မှတ်ပုံတင်ကျကျန်ခဲ့သဖြင့် လိပ်စာအရ Lotus နှင့် –
မနီးမဝေးလမ်း ၃၅ ထဲမှာနေထိုင်သူဖြစ်တာကြောင့်ရဲတပ်ဖွဲ့မှအချိန်မှီဖမ်းဆီးရမိခဲ့ကာ ရွှေဆွဲကြိုးနှစ်ကုံးအားပြန်လည်အပ်နှင်းခဲ့သည်ဟုသိရ ။
တရားခံသည် အသက် ၃၄ နှစ်အရွယ် နိုင် ပထမဖုန်း စုနေ့တ် ဖြစ်ပြီး စာသောက်စရာ Delivery’s ပို့ဆောင်တဲ့ဝန်ထမ်းတစ်ဦးဖြစ်ကာ လစာငွေဖြင့်မလုံလောက်သဖြင့်ယခုလိုလုပ်ခဲ့တာဟု ရဲစစ်ချက်တွင်ဖြောင့်ချက်ပေးခဲ့ကြောင်းသိရှိရသည် ။
Photo Credit #TheTempoNews
#SiThuMaung #မှတ်ပုံတင်ကိုသေချာသိမ်းထားကြပါ