ၾကားသိရသမွ်

မြန်မာ့အလံကိုကိုင်ဆောင်ပြီး ပြိုင်ဘက်ဆိုင်းရပ်စ်ဝါရှင်တန်ကို ၅ ချီအတွင်း အလဲထိုးသတ်သွားမယ်ဆိုတဲ့ ဒေ့ဗ်…..

မြန်မာ့အလံကိုကိုင်ဆောင်ပြီး ပြိုင်ဘက်ဆိုင်းရပ်စ်ဝါရှင်တန်ကို ၅ ချီအတွင်း အလဲထိုးသတ်သွားမယ်ဆိုတဲ့ ဒေ့ဗ်

ကနေဒါနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ မြန်မာ့ရိုးရာလက်ဝှေ့သမားတစ်ယောက်ဖြစ်သူ ဒေ့ဗ်က လာမယ့်နိုဝင်ဘာ (၇)ရက်နေ့ အမေရိကန်နိုင်ငံမှာ ထိုးသတ်သွားမယ့်ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲမှာတော့ ပြိုင်ဘက်ဆိုင်းရပ်စ်ဝါရှင်တန်ကို(၅) ချီအတွင်း အလဲထိုးသွားဖို့ပြင်ဆင်ထားတယ်လို့ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။အဆိုပါ စိန်ခေါ်ပွဲမှာတော့ ဒေ့ဗ်က မြန်မာနိုင်ငံအလံကို ကိုင်ဆောင်သွားမှာဖြစ်တယ်လို့ဆိုထားခဲ့ပါတယ်။Lethwei World Title ဟု အမည်ပေးထားခဲ့တဲ့ အဆိုပါ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲမှာတော့ အနိုင်ရရှိတဲ့ ကစားသမားအနေနဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

ယခုစိန်ခေါ်ပွဲကိုလည်း မြန်မာ့ရိုးရာလက်ဝှေ့စည်းမျဉ်းအတိုင်းယှဉ်ပြိုင်သွားဖို့ သဘောတူညီထားပြီး အလဲထိုးစနစ်နဲ့ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ နောက်ပြီး တစ်ချီလျှင်(၃)မိနစ်စီယှဉ်ပြိုင်သွားမှာဖြစ်သလို (၅) ချီအထိထိုးသတ်သွားမှာဖြစ်ပါတယ်။

အကယ်၍(၅)ချီအတွင်း အရှုံးအနိုင်မဖြစ်ပေါ်ခဲ့ပါက နောက်ထပ်(၂)ချီ ဆက်လက်ထိုးသတ်သွားမှာဖြစ်တယ်လို့ ဒေ့ဗ်ကအတည်ပြု ပြောကြားထားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့ရိုးရာ လက်ဝှေ့စည်းမျဉ်းတွေမှာ အပါအဝင်ဖြစ်တဲ့ ခေါင်းနဲ့တိုက်တဲ့နည်းစနစ်ကိုလည်းအသုံးပြုခွင့် ပေးထားတယ်လို့သိရပြီး လက်သီးဗလာဖြင့်ထိုးသတ်သွားမှာဖြစ်ပါတယ်။ဒါပေမယ့် ဒီပွဲစဉ်မှာ ကြိုးဝိုင်းအစား Cage ကိုအသုံးပြုသွားမှာဖြစ်ပြီး အနားတောင်းသည့်စနစ်ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဒေ့ဗ်က ဆိုင်းရပ်စ်ဟာပွဲပေါင်း (၁၀၀)ကျော် အတွေ့ အကြုံရှိထားတဲ့ဖိုက်တာတစ်ယောက်ပါ။ မြန်မာ့ရိုးရာလက်ဝှေ့ဆိုရင်လည်း စောငမန်း၊ တူးတူးနဲ့ ထွန်းထွန်းမင်းတို့လိုလက်ဝှေ့သမားတွေနဲ့ ယှဉ်ပြိုင်ဖူးသူတစ်ယောက်ဖြစ်တာကြောင့်သူဟာ ကစားသမားကောင်းတစ်ယောက်ဆိုတာ ငြင်းလို့မရပါဘူး။သူဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေအရဆိုရင်ကျွန်တော်နဲ့ ယှဉ်ပြိုင်ဖို့အခွင့်အရေးအပြည့်ရှိတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

ဒါကြောင့်ကျွန်တော့်အတွက်ကတော့ စိတ်လှုတ်ရှားစရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲလို့ဆိုရမှာပါ။ ဒီစိန်ခေါ်ပွဲမှာ ဆိုင်းရပ်စ်ကိုအမြန်ဆုံး ပွဲသိမ်းနိုင်အောင်အလဲထိုးသွားဖို့ ကျွန်တော်ပြင်ဆင်ထားပါတယ်။ လက်ရှိအခြေနေတွေအရ ပွဲအတွင်းမှာ ဘာတွေဖြစ်သွားမယ်ဆိုတာ ပြောဖို့ ခက်ခဲပါတယ်။

ကျွန်တော်တို့ (၂)ယောက်စလုံးဟာ အလဲထိုးစနစ်နဲ့ယှဉ်ပြိုင်ဖူးသူတွေပါ။ မြန်မာ့လက်ဝှေ့ကို ကျွန်တော်ကသူ့ထက်ပိုပြီး ကျွမ်းကျင်ပါတယ်။ ဆိုင်းရပ်စ်ကို အလဲထိုးသွားဖို့ ကျွန်တော်အနေနဲ့ အခက်အခဲ မရှိနိုင်ပါဘူးလို့ ဆိုသွားခဲ့ပါတယ်။ ခရက်ဒစ်

Photo – Dave