ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်တိုအတွင်း ရရှိလာသူကတော့ အဆိုတော် ဖြိုးမြတ်အောင်ပဲ ဖြစ်ပါတယ်။ သူဟာ သီချင်းဆိုပြိုင်ပွဲတစ်ခုမှတစ်ဆင့် ဂီတလောကထဲကို ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ သီချင်းတွေကိုလည်း အမြဲကြိုးစားရေးသားနေပြီး ပရိသတ်တွေကို အမြဲချပြလေ့ ရှိတာလည်း ဖြစ်ပါတယ်
သူရဲ့ သီချင်းတိုင်းလိုလိုဟာလည်း ပရိသတ်တွေရဲ့ ခံစားချက်တွေနဲ့ အမြဲတိုက်ဆိုင်လေ့ရှိတာကြောင့်လည်း လူကြိုက်များနေကြတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ Music Video တစ်ခုမှာ မော်ဒယ် ကောင်မလေး တစ်ယောက်နဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ မနေ့ညကလည်း မော်ဒယ် စနိုးကြည်ဖြူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။
ဒါကတော့ သဲလေးကကိုယ့်ဘဝရဲ့အသက်ပါဆိုပြီးစနိုးကြည်ဖြူအား စနောက်ကျီစယ်နေတဲ့ ဖြိုးမြတ်အောင်ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ သူတို့အနုပညာမောင်နှမနှစ်ယောက်သား ပျော်ပျော်ပါးပါးစနောက်နေကြတာဟာလည်း မြင်ရသူတိုင်းကို အပျော်တွေကူးစက်သွားစေမှာ အသေချာပါပဲနော်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Swelsone News
zawgyi,
Video ကြည့်ရန်
Swelsone News