ၾကားသိရသမွ်

ကိုဗစ်ရောဂါပျောက်ကင်းလို့ ဒီကနေ့ အိမ်ပြန်ခွင့်ရပြီ ဖြစ်တဲ့ဦးကျော်သူနဲ့ထွန်းကိုကို

ကိုဗစ်ရောဂါပျောက်ကင်းလို့ ဒီကနေ့ အိမ်ပြန်ခွင့်ရပြီ ဖြစ်တဲ့ဦးကျော်သူနဲ့ထွန်းကိုကို

Fighting အသင့် !အသင့် ! Fighting.အားလုံး မင်္ဂလာပါခင်ဗျာ။ကျော်နဲ့ထွန်း အိမ်ပြန်ခွင့် ရပါပြီခင်ဗျား။ကိုဗစ်ကူးဆက်မှုကြောင့် ရက်ပေါင်း (၁၈)ရက်တိတိ ဝေဘာဂီဆေးရုံမှာ ကုသမှုခံခဲ့ရပါသည်။

 

ကုသပေးခဲ့ကြသော ဆရာဝန်၊ဆရာဝန်မများ၊ကျန်းမာရေးဝန်ထမ်းများ၊ဝေဘာဂီဆေးရုံအုပ်ကြီးနှင့်တကွ ပြင်ပမှကျွန်တော်တို့အတွက် အဟာရဒါနပြုကြသော အလှူရှင်အပေါင်းတို့နှင့် အားပေးနှစ်သိမ့်မေတ္တာပို့ကြသော ညီ/ညီမငယ် အနုပညာရှင် များ၊ပရဟိတသမားများ၊မိတ်ဆွေသင်္ဂဟများ၊ပြည်သူလူထုအပေါင်းအပြင်
နေ့စဉ်ယနေ့တိုင် ဆေးရုံတက်သည်မှအစပြု၍ မေတ္တာဓါတ် ပို့လွှတ်ပေးနေကြသော ကျေးဇူးရှင်ဆရာတော်ဘုရားအပေါင်းတို့အား ရင်ထဲနှလုံးသားထဲမှလှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိကာ သာဓု သာဓု သာဓုဟုခေါ်ဆိုလိုက်ပါသည်။


အထူးအားဖြင့် ကျွန်တော့်အား သွေးရည်ကြည်လှူဒါန်းလိုက်သော မမြင် လိုက်ရသည့် အသက်သခင်ကျေးဇူးရှင်ပဋ္ဋာန်းဆက် (နှစ်ဦး) အားလည်း အထူး သာဓု သာဓု သာဓုဟု ခေါ်ဆိုလိုက်ပါသည်

ကျွန်တော့်မွေးနေ့အတွက် ဆေးရုံသို့ပို့ပေးကြသောအမှတ်တရ မွေးနေ့ကိတ် များ၊ပန်းစည်းများ၊မွေးနေ့မေတ္တာစကားများ၊Fighting Group များအားလုံးကို ကျွန်တော်တို့နေအိမ်အသီးသီးတွင်တစ်ပါတ်နား၍ဆေးရုံ၌ ပြန်လည်ဆေးစစ်ချက်ယူပြီးချိန် တစ်လခန့်အကြာတွင် ပရဟိတစိတ်ဓါတ်သစ်၊အားမာန်သစ်တို့ဖြင့် ကျွန်တော်တို့နှစ်ယောက် (ကျော် + ထွန်း)တို့သည် လောကကြီးအတွက် အသင့် “FIGHTING ” ပါဟု။

ယနေ့ စနေနေ့(၇-၁၁-၂၀၂၀)ရက်နေ့ ၊ နေ့လည်ပိုင်းတွင် ဝေဘာဂီဆေးရုံမှ နေအိမ် သို့ စတင်ရွေ့ပါတော့မည်။

ကျော်သူ၊ ထွန်းက်ိုကို ။

Swelsone News