အေထြအေထြဗဟုသုတ
ပထမဝါဆိုလအတွက်အကောင်းဆုံးယတြာ (20.6.2020)မှ ပထမဝါဆိုလကွယ်နေ့(19.7.2020)အထိ
ပထမဝါဆိုလဆန်း(၁)ရက်နေ့(20.6.2020)မှ ပထမဝါဆိုလကွယ်နေ့(19.7.2020)အထိတစ်လတာလုံး
“စာရွက်ပြောင်တစ်ရွက်ပေါ်တွင် အောက်ပါ အတိုင်း ဆုတောင်းစာကို အပြာရောင်ရှိသော ဘောပင်(သို့) ဆော့ပင်များဖြင့် ရေးသားပြီး ပန်းကန်ပြား တစ်ချပ်တွင် တင်ထားပါ။
“ထိုဆုတောင်းစာရေးထားသော စာရွက်ပေါ်၌
နွားနို့ကျို ပြီးသားတစ်ခွက်*ကို ထပ်မံ၍တင်ထား၍ စံပယ်ပန်းအနည်းငယ်ဝိုက်ထည့်ပြီး မိမိအိမ်/လုပ်ငန်း ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား တင်ထား ကပ်လှူ ရပါမယ် မိတ်ဆွေများ ခင်ဗျား….။
အောက်ပါ ဂါထာတော်ကို (၁၆)ခေါက်တိတိ ရွတ်ဖတ်ပေးရပါမယ်။
” ဥုံ ပထဗျာ အာကာသေ ပဗ္ဗတေစေဝ ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ သဗ္ဗ လာဘသိဒ္ဓိ ဥပတုံမေ။”
ဆုတောင်းစာ
ပထမဝါဆိုလ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ၊အပ၊အခိုက် များ မှန်သမျှ ကင်းရှင်းပြီးကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်ဖြစ်ထွန်းတိုးတက်ရပါလို၏။
စံပယ်ပန်းများ ညိုးနွမ်းလာခြင်းရှိပါက စွန့်၍ အသစ်ပြန်လည် လှဲလှယ် ကပ်လှူ ပေးရမည်။
နွားနို့မလွယ်ကူပါက နို့မှုန့်ကိုဖျော်ကျို ပြီး ကပ်လှူလို့ရ၏။ အချိန် ကြာမြှင့်စွာ နွားနို့ခွက်ကိုကပ်လှူ မထားသင့်ပါ။
ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက် သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ပထမဝါဆိုလ တစ်လတာလုံး စီးပွားလာဘ်လာဘပွင့်လန်းစေပြီး မည်သည့်အခက်အခဲများ မဆို ပြေလည်စေပြီး ကောင်ခြင်းမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေသား။
၇ရက်သားသမီးများအားလုံး ကြီးပွားချမ်းသာကြပါစေ
ဗေဒင်နှင့်အထူးယတြာပေးပညာရှင်☯ ဆရာပေါက်ကျိုင်း
09776478912
Zawgyi
ပထမဝါဆိုလအတွက်အကောင်းဆုံးယတြာ (20.6.2020)မှ ပထမဝါဆိုလကွယ်နေ့(19.7.2020)အထိ
ဆုတောင်းစာ
09776478912