#နေရွှေသွေးအောင် post
unicode,
NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ကို ပထမဆုံး မဲထည့်မယ်လို့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူပြော
နိုဝင်ဘာ ၇ အခုရွေးကောက်ပွဲတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ကို ပထမဆုံးမဲထည့်မယ်လို့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်က ပြောကြားလိုက်ပါတယ်။
ကိုနေရွှေသွေးအောင်က “ အမျိုးသားလွှတ်တော် ဦးဘမျိုးသိန်း (NLD ပါတီ)ကျွန်တော့်အနေဖြင့် ရွေးကောက်ပွဲ ၃ ခု (၂၀၁၀ -၂၀၁၅ -၂၀၂၀) ကြုံဖူးပြီး တစ်ခါမှ မြန်မာပြည်၏လူ အများစုကြိုက်နှစ်သက်သည့် NLD ပါတီကို ဒါပထမဆုံးအကြိမ်မဲပေးဖူးခြင်းဖြစ်ပါသည်။
အန်တီဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းပြည်ကိုဦးဆောင်ရာ၌ ယခုထက်အများကြီးတိုး တက်အောင်ဆောင်ရွက်စေချင်ပါတယ်” လို့ ယနေ့ ညပိုင်းက သူ၏ လူမှုကွန်ယက်မှ တစ်ဆင့်ပြောကြားထားတာဖြစ်ပါတယ်။
#နေရွှေသွေးအောင် post