ၾကားသိရသမွ်

နိုဝင်ဘာ(၁၉)ရက်နေ့မှာ နှစ်ပေါင်းတစ်ရာကြာမှ တစ်ခါပဲ မြင်တွေ့ရမယ့် အခွင့်အရေး

လာမယ့္ နိုဝင္ဘာလ(၁၉)ရက္ ေသာၾကာေန႔တြင္ ရာစုႏွစ္တစ္ေလၽွာက္ အရွည္ၾကာဆုံးလၾကတ္ခ်ိန္ကို ကၽြန္ေတာ္တို႔တစ္ေတြ ေတြ႕ၾကဳံရလိမ့္မယ္လို႔ သိရပါတယ္။

အဆိုပါလၾကတ္ခ်ိန္ဟာ အခ်ိန္အားျဖင့္ ညေနပိုင္း (၆ း ၅၈)နာရီကေန (၈ း ၀၃)နာရီအထိ ၾကာျမင့္မွာျဖစ္ေၾကာင္း National Planetarium က တြစ္တာမွာ ေရးသားထားပါတယ္။

လြန္ခဲ့တဲ့ေမလက ကၽြန္ေတာ္တို႔တစ္ေတြဟာ ေသြးေရာင္လႊမ္းလျပည့္ညဆိုတဲ့ သမိုင္းမွာၾကဳံေတာင့္ၾကဳံခဲအျဖစ္ကို ေတြ႕ၾကဳံခဲ့ၾကဖူးပါလိမ့္မယ္။

ယခုေတြ႕ၾကဳံရမယ့္ လၾကတ္ျခင္းကို Penumbra Lunar Eclipse လို႔ အမည္ေပးေဖာ္ျပထားပါတယ္။

NASA ေဖာ္ျပခ်က္မွာေတာ့ လၾကတ္မယ့္ၾကာျမင့္ခ်ိန္ဟာ (၃)နာရီ၊ (၂၈)မိနစ္၊ (၂၃)စကၠန႔္ အထိျဖစ္ၿပီး ဒါဟာသကၠရာဇ္ (၂၀၀၁)ခုႏွစ္နဲ႔ (၂၁၀၀)ၾကားမွာ အရွည္ၾကာဆုံး လၾကတ္ခ်ိန္တစ္ခုအျဖစ္ မွတ္တမ္းဝင္မွာလို႔ သိရပါတယ္။

သိရသေလာက္ေတာ့ လက္ရွိအရွည္ၾကာဆုံး လၾကတ္ခ်ိန္အျဖစ္ (၂၀၁၈)ခုႏွစ္က ျဖစ္ခဲ့ေၾကာင္းသိရၿပီး ထိုစဥ္က အခ်ိန္အားျဖင့္ တစ္နာရီနဲ႔ (၄၃)မိနစ္အထိ ၾကာျမင့္ခဲ့ေၾကာင္း သိရပါတယ္။

NASA ရဲ့ ခန႔္မွန္းခ်က္မွာေတာ့ ေနာက္ထပ္ဆယ္စုႏွစ္(၈)ခုအတြင္းမွာ လၾကတ္မႈေပါင္း (၁၇၉)ႀကိမ္အထိ ျဖစ္ပြားလိမ့္မယ္လို႔ ဆိုပါတယ္။

ဒါဟာတစ္ႏွစ္မွာ ပ်မ္းမၽွလၾကတ္မႈႏွစ္ႀကိမ္အထိရွိမယ္လို႔ ဆိုတဲ့သေဘာျဖစ္ပါတယ္။

ေနာက္ၿပီးဒီလၾကတ္မႈေတြကို သာမန္မ်က္လုံးျဖင့္ အကာအကြယ္မပါဘဲ ျမင္ေတြ႕နိုင္မယ္လို႔ သိရပါတယ္။

အခုလၾကတ္ျခင္းကို National Planetarium ကေန Live ထုတ္လႊင့္ျပသမယ္လို႔လည္း သိရၿပီး အခ်ိန္အားျဖင့္ နိုဝင္ဘာ(၁၉)ရက္ (၅)နာရီကေန (၇)နာရီအထိ ထုတ္လႊင့္ျပသသြားမယ္လို႔ သိရပါတယ္။

Credit ; လင္းေဇာ္ကို

unicode

လာမယ့် နိုဝင်ဘာလ(၁၉)ရက် သောကြာနေ့တွင် ရာစုနှစ်တစ်လျှောက် အရှည်ကြာဆုံးလကြတ်ချိန်ကို ကျွန်တော်တို့တစ်တွေ တွေ့ကြုံရလိမ့်မယ်လို့ သိရပါတယ်။

အဆိုပါလကြတ်ချိန်ဟာ အချိန်အားဖြင့် ညနေပိုင်း (၆ း ၅၈)နာရီကနေ (၈ း ၀၃)နာရီအထိ ကြာမြင့်မှာဖြစ်ကြောင်း National Planetarium က တွစ်တာမှာ ရေးသားထားပါတယ်။

လွန်ခဲ့တဲ့မေလက ကျွန်တော်တို့တစ်တွေဟာ သွေးရောင်လွှမ်းလပြည့်ညဆိုတဲ့ သမိုင်းမှာကြုံတောင့်ကြုံခဲအဖြစ်ကို တွေ့ကြုံခဲ့ကြဖူးပါလိမ့်မယ်။

ယခုတွေ့ကြုံရမယ့် လကြတ်ခြင်းကို Penumbra Lunar Eclipse လို့ အမည်ပေးဖော်ပြထားပါတယ်။

NASA ဖော်ပြချက်မှာတော့ လကြတ်မယ့်ကြာမြင့်ချိန်ဟာ (၃)နာရီ၊ (၂၈)မိနစ်၊ (၂၃)စက္ကန့် အထိဖြစ်ပြီး ဒါဟာသက္ကရာဇ် (၂၀၀၁)ခုနှစ်နဲ့ (၂၁၀၀)ကြားမှာ အရှည်ကြာဆုံး လကြတ်ချိန်တစ်ခုအဖြစ် မှတ်တမ်းဝင်မှာလို့ သိရပါတယ်။

သိရသလောက်တော့ လက်ရှိအရှည်ကြာဆုံး လကြတ်ချိန်အဖြစ် (၂၀၁၈)ခုနှစ်က ဖြစ်ခဲ့ကြောင်းသိရပြီး ထိုစဉ်က အချိန်အားဖြင့် တစ်နာရီနဲ့ (၄၃)မိနစ်အထိ ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။

NASA ရဲ့ ခန့်မှန်းချက်မှာတော့ နောက်ထပ်ဆယ်စုနှစ်(၈)ခုအတွင်းမှာ လကြတ်မှုပေါင်း (၁၇၉)ကြိမ်အထိ ဖြစ်ပွားလိမ့်မယ်လို့ ဆိုပါတယ်။

ဒါဟာတစ်နှစ်မှာ ပျမ်းမျှလကြတ်မှုနှစ်ကြိမ်အထိရှိမယ်လို့ ဆိုတဲ့သဘောဖြစ်ပါတယ်။

နောက်ပြီးဒီလကြတ်မှုတွေကို သာမန်မျက်လုံးဖြင့် အကာအကွယ်မပါဘဲ မြင်တွေ့နိုင်မယ်လို့ သိရပါတယ်။

အခုလကြတ်ခြင်းကို National Planetarium ကနေ Live ထုတ်လွှင့်ပြသမယ်လို့လည်း သိရပြီး အချိန်အားဖြင့် နိုဝင်ဘာ(၁၉)ရက် (၅)နာရီကနေ (၇)နာရီအထိ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

Credit ; လင်းဇော်ကို