မိန္းမကိုယ္မွာ မိႈေရာဂါျဖစ္ေနမွန္းသိႏိုင္မယ့္ လံုးဝမေပါ့ဆသင့္တဲ့ ေရာဂါလကၡဏာ(၅)မ်ိဳး
မိုေရာဂါေတာ္ေတာ္မ်ားဟာ မ်ိဳးပြားအဂၤါေတြ၊ ေျခေထာက္ေတြနဲ႔ ပါးစပ္ေတြမွာ အမ်ားဆံုး ျဖစ္တတ္တဲ့ ေရာဂါတစ္မ်ိဳးပါ။ အမ်ိဳးသမီးအားလံုးရဲ႕ ၇၅% ေလာက္ဟာ ဘဝမွာ မိႈေရာဂါကို ခံစားဖူးတဲ့ သူေတြခ်ည္းျဖစ္ပါတယ္။ မိႈေရာဂါဟာ မေပါ့ဆသင့္တဲ့ ေရာဂါျဖစ္ျပီး အေျခအေနဆိုးလာရင္ သားအိမ္ကိုပါ ထိခိုက္ႏိုင္တာေၾကာင့္ မိႈေရာဂါရဲ႕ လကၡဏာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ တကယ္လုိ႔ သင့္မွာ ဒီလို လကၡဏာေတြ ရွိေနတယ္ဆိုရင္ေတာ့ လံုးဝမေပါ့ဆဘဲ ဆရာဝန္နဲ႔ ျပသဖို႔ အၾကံေပးလိုက္ရပါတယ္ေနာ္ …။
(၁) ျပင္းထန္ဆိုးဝါးတဲ့အနံ႔”
သင့္ရဲ႕မိန္းမကုိယ္မွာ အနံ႔နံေနတာမ်ိဳး ျဖစ္လာခဲ့ရင္ ခ်က္ခ်င္း ေဆးခန္းျပသင့္ပါတယ္။ မိႈေရာဂါလည္း ျဖစ္ႏိုင္သလို တစ္ျခား ဘက္တီးရီးယားေၾကာင့္ျဖစ္တဲ့ ေရာဂါေတြလည္း ျဖစ္ႏိုင္ပါတယ္။ ဒါတင္မကေသးပါဘူး၊ ကင္ဆာေရာဂါလည္း ျဖစ္ေနႏုိင္တာေၾကာင့္ ဆရာဝန္ထံမွာ အျမန္ဆံုးေဆးစစ္ ကုသမႈကို ခံယူသင့္ပါတယ္ ..။
(၂) ယားယံျခင္း”
မိန္းမကိုယ္ေျခာက္ေသြ႕တာ၊ ယားယံတာေတြဟာလည္း မိႈေရာဂါရဲ႕ လကၡဏာေတြျဖစ္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ သြားျပီးေတာ့ မကုတ္လိုက္ပါနဲ႔။ ေဆးေတြလိမ္း၊ ေဆးျမီးတိုေတြ လုပ္တာမ်ိဳးေတြထက္ ဆရာဝန္နဲ႔ ေသေသခ်ာခ်ာ သြားျပလိုက္တာ အေကာင္းဆံုးပဲ ျဖစ္ပါတယ္ …။
(၃) ဆီးသြားတဲ့အခါ မိန္းမကိုယ္ပူျခင္း”
ဆီးသြားတဲ့အခါ သင့္ရဲ႕ဆီးက ပူေနသလိုခံစားေနရတယ္ ဒါမွမဟုတ္ လိင္ဆက္ဆံေနစဥ္ နာက်င္မႈကို ခံစားရတယ္ဆုိရင္ေတာ့ ဒါဟာ မိန္းမကိုယ္မွာ မိႈေရာဂါျဖစ္ေနတာလို႔ ယူဆလို႔ရပါတယ္။ ဒါေၾကာင့္ ဒီလိုေဝဒနာကို ခံစားရရင္ ဆရာဝန္နဲ႔ အျမန္ဆံုးကုသပါ။ အေျခအေနဆိုးရင္ သားအိမ္ကင္ဆာအထိပါ ျဖစ္လာႏိုင္လုိ႔ပါပဲ …။
(၄) ဗိုက္ေအာင့္ျခင္း”
တကယ္လို႔သင္ဟာ မိႈေရာဂါလကၡဏာေတြလညး္ ရွိေနတဲ့အျပင္ကုိ ဗိုက္ေအာင့္တယ္ဆိုရင္ေတာ့ ဆီးလမး္ေၾကာင္းနဲ႔ ဆီးအိမ္ကို စစ္ေဆးသင့္ပါတယ္။ အေၾကာင္းကေတာ့ မိႈေရာဂါဟာ မိန္းမအဂၤါနဲ႔ မိန္းမအဂၤါဇတ္ကိုပဲ ထိခိုက္ႏိုင္ျပီး ဗိုက္ေအာင့္တာကေတာ့ တစ္ျခားေသာ မိန္းမကိုယ္ ေရာဂါေတြေၾကာင့္ ျဖစ္ေနႏိုင္ပါတယ္ …။
(၅) အျဖဴပ်စ္ပ်စ္ဆင္းျခင္း”
အျဖဴဆင္းတဲ့အခါမွာ ႏို႔ႏွစ္ေရာင္လိုမ်ိဳးနဲ႔ ခပ္ပ်စ္ပ်စ္ျဖစ္ေနတယ္ဆိုရင္ေတာ့ ဒါဟာလည္း မိႈေရာဂါရဲ႕ လကၡဏာျဖစ္ျပီး ၾကာလာတဲ့အခါ ဆီးလမး္ေၾကာငး္ကို ပိတ္ျပီး ေက်ာက္ကပ္ကုိပါ ထိခိုက္ေစႏိုင္တာေၾကာင့္ လံုးဝမေပါ့ဆသင့္တဲ့ လကၡဏာပဲ ျဖစ္ပါတယ္ေနာ္ …။ ။
Em Em
(Aunty May)
Unicode Version ျဖင္႔ဖတ္ရန္
မိန်းမကိုယ်မှာ မှိုရောဂါဖြစ်နေမှန်းသိနိုင်မယ့် လုံးဝမပေါ့ဆသင့်တဲ့ ရောဂါလက္ခဏာ(၅)မျိုး
မိုရောဂါတော်တော်များဟာ မျိုးပွားအင်္ဂါတွေ၊ ခြေထောက်တွေနဲ့ ပါးစပ်တွေမှာ အများဆုံး ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးပါ။ အမျိုးသမီးအားလုံးရဲ့ ၇၅% လောက်ဟာ ဘဝမှာ မှိုရောဂါကို ခံစားဖူးတဲ့ သူတွေချည်းဖြစ်ပါတယ်။ မှိုရောဂါဟာ မပေါ့ဆသင့်တဲ့ ရောဂါဖြစ်ပြီး အခြေအနေဆိုးလာရင် သားအိမ်ကိုပါ ထိခိုက်နိုင်တာကြောင့် မှိုရောဂါရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ တကယ်လို့ သင့်မှာ ဒီလို လက္ခဏာတွေ ရှိနေတယ်ဆိုရင်တော့ လုံးဝမပေါ့ဆဘဲ ဆရာဝန်နဲ့ ပြသဖို့ အကြံပေးလိုက်ရပါတယ်နော် …။
(၁) ပြင်းထန်ဆိုးဝါးတဲ့အနံ့”
သင့်ရဲ့မိန်းမကိုယ်မှာ အနံ့နံနေတာမျိုး ဖြစ်လာခဲ့ရင် ချက်ချင်း ဆေးခန်းပြသင့်ပါတယ်။ မှိုရောဂါလည်း ဖြစ်နိုင်သလို တစ်ခြား ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ကင်ဆာရောဂါလည်း ဖြစ်နေနိုင်တာကြောင့် ဆရာဝန်ထံမှာ အမြန်ဆုံးဆေးစစ် ကုသမှုကို ခံယူသင့်ပါတယ် ..။
(၂) ယားယံခြင်း”
မိန်းမကိုယ်ခြောက်သွေ့တာ၊ ယားယံတာတွေဟာလည်း မှိုရောဂါရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သွားပြီးတော့ မကုတ်လိုက်ပါနဲ့။ ဆေးတွေလိမ်း၊ ဆေးမြီးတိုတွေ လုပ်တာမျိုးတွေထက် ဆရာဝန်နဲ့ သေသေချာချာ သွားပြလိုက်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ် …။
(၃) ဆီးသွားတဲ့အခါ မိန်းမကိုယ်ပူခြင်း”
ဆီးသွားတဲ့အခါ သင့်ရဲ့ဆီးက ပူနေသလိုခံစားနေရတယ် ဒါမှမဟုတ် လိင်ဆက်ဆံနေစဉ် နာကျင်မှုကို ခံစားရတယ်ဆိုရင်တော့ ဒါဟာ မိန်းမကိုယ်မှာ မှိုရောဂါဖြစ်နေတာလို့ ယူဆလို့ရပါတယ်။ ဒါကြောင့် ဒီလိုဝေဒနာကို ခံစားရရင် ဆရာဝန်နဲ့ အမြန်ဆုံးကုသပါ။ အခြေအနေဆိုးရင် သားအိမ်ကင်ဆာအထိပါ ဖြစ်လာနိုင်လို့ပါပဲ …။
(၄) ဗိုက်အောင့်ခြင်း”
တကယ်လို့သင်ဟာ မှိုရောဂါလက္ခဏာတွေလညး် ရှိနေတဲ့အပြင်ကို ဗိုက်အောင့်တယ်ဆိုရင်တော့ ဆီးလမး်ကြောင်းနဲ့ ဆီးအိမ်ကို စစ်ဆေးသင့်ပါတယ်။ အကြောင်းကတော့ မှိုရောဂါဟာ မိန်းမအင်္ဂါနဲ့ မိန်းမအင်္ဂါဇတ်ကိုပဲ ထိခိုက်နိုင်ပြီး ဗိုက်အောင့်တာကတော့ တစ်ခြားသော မိန်းမကိုယ် ရောဂါတွေကြောင့် ဖြစ်နေနိုင်ပါတယ် …။
(၅) အဖြူပျစ်ပျစ်ဆင်းခြင်း”
အဖြူဆင်းတဲ့အခါမှာ နို့နှစ်ရောင်လိုမျိုးနဲ့ ခပ်ပျစ်ပျစ်ဖြစ်နေတယ်ဆိုရင်တော့ ဒါဟာလည်း မှိုရောဂါရဲ့ လက္ခဏာဖြစ်ပြီး ကြာလာတဲ့အခါ ဆီးလမး်ကြောငး်ကို ပိတ်ပြီး ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်တာကြောင့် လုံးဝမပေါ့ဆသင့်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်နော် …။ ။
Em Em
(Aunty May)