အခ်စ္နွင့္ဘဝ

စိတ္ေရာကိုယ္ပါ ခ်စ္သူေတြျဖစ္သြားၿပီဆုိတာ ျပေနတဲ့ အျပဳအမူ (၇) ခု…..

သူနဲ႔ ပတ္သက္လို႔ အရာရာကို လက္ခံသြားႏုိင္ပါၿပီ

အေပၚယံဟန္ေဆာင္မႈေတြ လံုးဝကြာက်ၿပီး ကိုယ္အစစ္အမွန္ကို လက္ခံႏုိင္ၿပီဆုိတဲ့ အဓိပၸာယ္လည္းျဖစ္ပါတယ္။

၁။ ျပင္ဆင္ထားျခင္းမရွိတဲ့ အနမ္း

ခ်စ္သူနဲ႔ ေတြ႕မွာမို႔လို႔ သြားေသခ်ာတုိက္၊ ပီေကေတြစား၊ ခ်ဳိခ်ဥ္ေတြ စားတာမ်ဳိးမဟုတ္ဘဲ တစ္ေနကုန္ စားခ်င္တာစားၿပီး နမ္းလိုက္တဲ့အနမ္းမ်ဳိး၊ အိပ္ရာထ အနမ္းမ်ဳိးေတြကကေတာင္ ရင္ခုန္မႈေပးေနဆဲပါပဲ။

၂။ ေအာ့အန္ခ်ိန္lover

ဘယ္ေလာက္ပဲ ဆြဲေဆာင္မႈေကာင္းသူပဲျဖစ္ျဖစ္ အန္ၿပီးစအခ်ိန္မွာေတာ့ ဘယ္လိုမွ သေဘာက်စရာမရွိပါဘူး။ သူနဲ႔အတူ ေသာၾကာညအတူစားေသာက္ၿပီး လူမွန္းသူမွန္းမသိ မူးၿပီး ….

ေအာ့အန္ၿပီးတာေတာင္ ကိုယ္ဟာ သူ႔အတြက္ ဆြဲေဆာင္မႈရွိတုန္းျဖစ္သလို သူကလည္း ကိုယ့္အတြက္ ဆြဲေဆာင္္မႈရွိေနဆဲ ျဖစ္ဖို႔လုိပါတယ္။

၃။ ေလ့က်င့္ခန္းအတူလုပ္ေလးက်င့္ခန္းလုပ္

မျပင္မဆင္ထားတဲ့ ပံုစံကို ျမင္ေတြ႕ရတာထက္ ေခၽြးတရႊဲရႊဲနဲ႔ ပင္ပန္းႏြမ္းနယ္ေနပံုကိုလည္း ျမင္ေတြ႕ဖူးတာေတာင္ ခ်စ္ေနေသးလား စစ္ေဆးဖုိ႔ပါ။ ဒီလိုအခ်ိန္ေတြေတာင္ စိတ္ပ်က္တာမ်ဳိး မခံစားရဖို႔ လိုပါတယ္။

၄။ အစြမ္းကုန္ ႐ိုးသားၾကည့္ပါlover

ကိုယ့္ရဲ႕ ဆိုးရြားတဲ့အက်င့္ေတြ၊ အပ်င္းထူတာေတြ၊ ညစ္ပတ္တာေတြကို အျပန္အလွန္ ေျပာျပရဲရပါမယ္။

၅။ သန္႔စင္ခန္းအေၾကာင္း ေဆြးေႏြးျခင္း

ေလလည္တဲ့အေၾကာင္းေတြ၊ ဝမ္းခ်ဳပ္တာ ဝမ္းသြားတာကို အေသးစိတ္ကအစ ေဆြးေႏြးတုိင္ပင္လုိ႔ရၿပီဆိုရင္ သင္တုိ႔အခ်စ္ဟာ အေတာ္ခုိင္ျမဲေနပါၿပီ။

၆။ အေရးေပၚဆက္သြယ္ရမယ့္သူ

ခ်စ္သူနဲ႔ ကုန္ဆံုးတဲ့အခ်ိန္က မ်ားတဲ့အတြက္ မိသားစု၊ အေဖအေမရဲ႕ ဖုန္းနံပါတ္ေတြထက္ အေရးေပၚဆက္သြယ္ရမယ့္နံပါတ္မွာ ခ်စ္သူရဲ႕ဖုန္းနံပါတ္ကို ေပးထားႏုိင္ၿပီလား။

၇။ ဘယ္ေတာ့မွ ေဗြမယူဘူးlover

တစ္ေယာက္အႀကိဳက္ဆံုး ပစၥည္းတစ္ခုကို တစ္ေယာက္က မေတာ္တဆ ဖ်က္ဆီးမိရင္လည္း စိတ္မဆုိးသလို တျခားသူ ေျပာရင္ သည္းမမခံႏိုင္တဲ့အရာေတြကို ခ်စ္သူ စေနာက္ရင္ စိတ္ဆုိးစရာလို႔ မထင္ဘူး။

တစ္ေယာက္စိတ္တစ္ေယာက္ အျပည့္အဝနားလည္ထားၾကသူေတြ ျဖစ္ေနၿပီေလ။

Source & Photos : Metro

unicode

သူနဲ့ ပတ်သက်လို့ အရာရာကို လက်ခံသွားနိုင်ပါပြီ

အပေါ်ယံဟန်ဆောင်မှုတွေ လုံးဝကွာကျပြီး ကိုယ်အစစ်အမှန်ကို လက်ခံနိုင်ပြီဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်ပါတယ်။

၁။ ပြင်ဆင်ထားခြင်းမရှိတဲ့ အနမ်း

ချစ်သူနဲ့ တွေ့မှာမို့လို့ သွားသေချာတိုက်၊ ပီကေတွေစား၊ ချိုချဉ်တွေ စားတာမျိုးမဟုတ်ဘဲ တစ်နေကုန် စားချင်တာစားပြီး နမ်းလိုက်တဲ့အနမ်းမျိုး၊ အိပ်ရာထ အနမ်းမျိုးတွေကကတောင် ရင်ခုန်မှုပေးနေဆဲပါပဲ။

၂။ အော့အန်ချိန်lover

ဘယ်လောက်ပဲ ဆွဲဆောင်မှုကောင်းသူပဲဖြစ်ဖြစ် အန်ပြီးစအချိန်မှာတော့ ဘယ်လိုမှ သဘောကျစရာမရှိပါဘူး။ သူနဲ့အတူ သောကြာညအတူစားသောက်ပြီး လူမှန်းသူမှန်းမသိ မူးပြီး ….

အော့အန်ပြီးတာတောင် ကိုယ်ဟာ သူ့အတွက် ဆွဲဆောင်မှုရှိတုန်းဖြစ်သလို သူကလည်း ကိုယ့်အတွက် ဆွဲဆောင်မှုရှိနေဆဲ ဖြစ်ဖို့လိုပါတယ်။

၃။ လေ့ကျင့်ခန်းအတူလုပ်လေးကျင့်ခန်းလုပ်

မပြင်မဆင်ထားတဲ့ ပုံစံကို မြင်တွေ့ရတာထက် ချွေးတရွှဲရွှဲနဲ့ ပင်ပန်းနွမ်းနယ်နေပုံကိုလည်း မြင်တွေ့ဖူးတာတောင် ချစ်နေသေးလား စစ်ဆေးဖို့ပါ။ ဒီလိုအချိန်တွေတောင် စိတ်ပျက်တာမျိုး မခံစားရဖို့ လိုပါတယ်။

၄။ အစွမ်းကုန် ရိုးသားကြည့်ပါlover

ကိုယ့်ရဲ့ ဆိုးရွားတဲ့အကျင့်တွေ၊ အပျင်းထူတာတွေ၊ ညစ်ပတ်တာတွေကို အပြန်အလှန် ပြောပြရဲရပါမယ်။

၅။ သန့်စင်ခန်းအကြောင်း ဆွေးနွေးခြင်း

လေလည်တဲ့အကြောင်းတွေ၊ ဝမ်းချုပ်တာ ဝမ်းသွားတာကို အသေးစိတ်ကအစ ဆွေးနွေးတိုင်ပင်လို့ရပြီဆိုရင် သင်တို့အချစ်ဟာ အတော်ခိုင်မြဲနေပါပြီ။

၆။ အရေးပေါ်ဆက်သွယ်ရမယ့်သူ

ချစ်သူနဲ့ ကုန်ဆုံးတဲ့အချိန်က များတဲ့အတွက် မိသားစု၊ အဖေအမေရဲ့ ဖုန်းနံပါတ်တွေထက် အရေးပေါ်ဆက်သွယ်ရမယ့်နံပါတ်မှာ ချစ်သူရဲ့ဖုန်းနံပါတ်ကို ပေးထားနိုင်ပြီလား။

၇။ ဘယ်တော့မှ ဗွေမယူဘူးlover

တစ်ယောက်အကြိုက်ဆုံး ပစ္စည်းတစ်ခုကို တစ်ယောက်က မတော်တဆ ဖျက်ဆီးမိရင်လည်း စိတ်မဆိုးသလို တခြားသူ ပြောရင် သည်းမမခံနိုင်တဲ့အရာတွေကို ချစ်သူ စနောက်ရင် စိတ်ဆိုးစရာလို့ မထင်ဘူး။

တစ်ယောက်စိတ်တစ်ယောက် အပြည့်အဝနားလည်ထားကြသူတွေ ဖြစ်နေပြီလေ။

Source & Photos : Metro