အခ်စ္နွင့္ဘဝ


ဆံပင်တိုတဲ့ ကောင်မလေးတွေကို ကောင်လေးတွေ ပိုသဘောကျတတ်သည့် အကြောင်းအရင်းများ

ဆင့်ကဲပြောင်းလဲမှုကို လေ့လာတဲ့စိတ်ပညာအရ လူသိများတဲ့အသိကတော့ ဆံပင်အရှည်နဲ့ အမျိုးသမီးတွေဟာ ကောင်းမွန်တဲ့ အမျိုးသမီးတွေအဖြစ် လူအများနဲ့ အမျိုးသားတွေရဲ့ အသိစိတ်မှာ စွဲနေလေ့ ရှိပါတယ်။ လေ့လာမှုတစ်ခုမှာတော့ ဆံပင်တိုက စတိုင်လ်တစ်မျိုးသာ ဖြစ်ပြီး ကလက်တက်တက်မိန်းမလို့ မဆိုလိုပါဘူး။ ဆံပင်အရှည်နဲ့ မိန်းကလေးတွေက မိန်းကလေးဆန်ပြီး လှပတဲ့ အသွင်ကို ဆောင်သလို ဆံပင်တိုနဲ့ကောင်မလေးတွေကလည်း တစ်မျိုး ဆွဲဆောင်မှု ရှိနေပါတယ်။ အခုခေတ်မှာတော့ ဆံပင်အတိုနဲ့အရှည် ကြိုက်နှစ်သက်ကြပုံမတူတာတွေလည်း ရှိပြီး ကောင်လေးတွေကတော့ ဆံပင်အတိုနဲ့ ကောင်မလေးတွေကို ဒီလို အကြောင်းအရင်းတွေကြောင့် ပိုပြီး နှစ်သက်သဘောကျတတ်ပါတယ်။

 

၁။ အာရုံစိုက်မှု ပိုရကြတယ်

ဆံပင်အတိုနဲ့ မိန်းကလေးတွေဟာ တခြားမိန်းကလေးတွေကြား တမူထူးနေတဲ့အတွက် အမျိုးသားတွေက ပိုပြီး သတိထားမိလွယ်ကြပါတယ်။ ဆိုရှယ်မီဒီယာပေါ်က ပြောဆိုထားချက်တွေအရ ဆံပင်အတိုနဲ့ မိန်းကလေးတွေကို ပိုသဘောကျကြတဲ့ အမျိုးသားတွေက ဆံပင်အရှည်နဲ့ မိန်းကလေးတွေ များနေတဲ့ကြားမှာ ဆံပင်အတိုနဲ့ ကောင်မလေးတွေက ထင်သာမြင်သာ ဖြစ်တဲ့အတွက်ပိုပြီး အာရုံစိုက်မှု ခံရပြီး အမျိုးသားတွေအမြင်မှာ ဆွဲဆောင်မှု ရှိနေတတ်ပါတယ်။

၂။ မျက်နှာနဲ့ လည်တိုင်အလှကို ရှင်းရှင်းလင်းလင်းရှိစေတယ်

မော်ဒယ်တွေအနေနဲ့ မျက်နှာအလှနဲ့ နောက်ကျောဘက် ဆံပင်အလှကို တတ်နိုင်သမျှ ပေါ်လွင်အောင် ဝတ်ကြတာကို သတိထားမိဖူးမှာပါ။ ဒါက ဆံပင်တွေက အလှကို ဖန်တီးနိုင်သလို အလှကို ဖုံးကွယ်ပစ်နိုင်တယ်ဆိုတဲ့အချက်ပါပဲ။ ဒီအယူအဆကို လက်ခံတဲ့ ကောင်လေးတွေက မိန်းကလေးတွေရဲ့ လည်တိုင်နဲ့ မျက်နှာတွေက ပိုဆွဲဆောင်မှု ရှိတယ်လို့လည်း လက်ခံကြပါတယ်။ သူတို့ကလည်း ဆံပင်အတိုနဲ့ ကောင်မလေးတွေက အလှပိုပေါ်လွင်တယ်လို့ ယူဆကြပါတယ်။

 

၃။ ဆံပင်အတိုဟာ အမျိုးသားတွေအတွက် ဆွဲဆောင်မှုရှိတဲ့ အနုပညာရှင်တွေကို အမှတ်ရစေတယ်

ဆံပင်တိုတဲ့ကောင်မလေးတွေက ဆွဲဆောင်မှု ပိုနေတတ်ကြပြီး ကောင်လေးတွေအမြင်မှာ စွဲနေတတ်ပါတယ်။ ဒီလို ဆံပင်အတိုနဲ့ ကောင်မလေးတွေကို ကြိုက်နှစ်သက်တဲ့ ကောင်လေးတွေကို မေးလိုက်တဲ့အခါမှာ ဘယ်လို ကောင်မလေးတွေကို ကြိုက်လဲမေးရင် ဆံပင်အတိုနဲ့ အနုပညာရှင်တွေကို ဥပမာပေးပြီး ဖြေတတ်ပါတယ်။

၄။ ဆံပင်ကို ပြုစုထိန်းသိမ်းရတာ ပိုလွယ်တယ်

ဆံပင်အရှည်ကို ပုံသွင်းရတာကို ဘယ်လောက်အချိန်ကြာတယ်ဆိုတာ သိကြမှာပါ။ ဆံပင်အရှည်ကို လျှော်ရတာ၊ အခြောက်ခံရတာ၊ ဆံပင်အလှပြင်ပစ္စည်း ကုန်ကျစရိတ်တွေဟာ အမျိုးသားတွေအတွက် စိတ်ရှုပ်စရာ ဖြစ်စေပါတယ်။ အမျိုးသားတွေအတွက် ဆံပင်အရှည်နဲ့ အမျိုးသမီးတစ်ယောက် ဆံပင်ကို ဖြီးလိမ်းပြင်ဆင်တာ ပြီးစီးဖို့ စောင့်ဆိုင်းနေရတာဟာလည်း ငြီးငွေ့ဖွယ် ဖြစ်စေပါတယ်။ ဒါကြောင့် ဆံပင်အတိုနဲ့ အမျိုးသမီးတွေဟာ သူတို့အတွက် ဒီအခက်အခဲတွေကနေ ကင်းလွတ်စေပါတယ်။

 

၅။ ဆံပင်အတိုဟာ ယုံကြည်မှုရှိခြင်းကို ကိုယ်စားပြုတယ်

အမျိုးသမီးတိုင်းဟာ ဆံပင်အတိုညှပ်ပစ်ဖို့ မဝံ့ရဲကြပါဘူး။ ဆံပင်အတိုဟာ မိမိရဲ့ မျက်နှာသွင်ပြင်အလှကို စိတ်ချယုံကြည်တဲ့အမျိုးသမီးတွေမှသာ ညှပ်လေ့ရှိကြပါတယ်။ အမျိုးသားတွေဟာ ယုံကြည်မှုရှိတဲ့အမျိုးသမီးတွေကို ပိုသဘောကျလေ့ရှိကြပြီး ကိုယ့်ရုပ်ရည်အပေါ် ယုံကြည်မှုရှိတဲ့အတွက် ဆံပင်အတို ထားတဲ့အမျိုးသမီးတွေဟာ အမျိုးသားတွေကို သူတို့မှာ ယုံကြည်မှုရှိတယ်ဆိုတာကို သိစေပါတယ်။

၆။ ဆံပင်တွေ ရှုပ်ပွမနေဘူး

စိတ်ဝင်စားဖွယ်ကောင်းတာက ဆံပင်အတိုနဲ့ အမျိုးသမီးတွေကို အမျိုးသားတွေသဘောကျတဲ့အချက်တွေထဲမှာ အရေးကြီးတဲ့အချက်အနေနဲ့ တစ်ဦးနဲ့တစ်ဦ ပွေ့ဖက်တဲ့အခါ အဆင်ပြေတယ်လို့ ပြောကြတာပါပဲ။ ဆံပင်အတိုဆိုတော့ ပွေ့ဖက်တဲ့အခါ ဆံပင်အရှည်လို သူတို့ရဲ့ နှာခေါင်းတွေ၊ ပါးစပ်တွေထဲ ဝင်မနေတတ်တဲ့အတွက် သဘောကျကြတာပဲ ဖြစ်ပါတယ်။ ထပ်ပြီးဆိုရရင်တော့ ဆံပင်တွေဟာ ရေချိုးခန်းတွေထဲ၊ အခန်းထဲမှာ ပြန့်ကျဲရှုပ်ပွမနေတဲ့အတွက် သဘောကျကြတာပဲ ဖြစ်ပါတယ်။

 

ပရိတ်သတ်ကြီးရော ဆံပင်အတိုနဲ့ အရှည်ကို ဘယ်ဟာ ပိုသဘောကျတတ်လဲ။ မိန်းကလေးတွေအတွက် ယောက်ျားလေးတစ်ယောက်ရဲ့ ကြိုက်နှစ်သက်မှုဟာ ဆံပင်ရှည်ခြင်း၊ တိုခြင်းရှိတယ်ဆိုတာကိုရော သိသွားကြမယ်လို့ ထင်ပါတယ်နော်။