အခ်စ္နွင့္ဘဝ
မိန်းကလေး တစ်ယောက်ကို တကယ်ချစ်မိတဲ့ယောက်ျားလေးတွေ ဆိုတာ….
မိန်းကလေး တစ်ယောက်ကို တကယ်ချစ်မိတဲ့ယောက်ျားလေးတွေရဲ့ အပြုအမူ (၁၀)ချက်
သူဘာကြောင့်သတိရတာလဲဆိုတော့ သင်ဟာ သူု့အတွက်အလွန်အရေးပါတဲ့တစ်ယောက်ဖြစ်သလို သင့်ဘ၀အတွက်အဖော်မွန်တစ်ယောက် ဖြစ်လာမယ်ဆိုတာယုံကြည်လို့ပါပဲ။
unicode,
မိန်းကလေး တစ်ယောက်ကို တကယ်ချစ်မိတဲ့ယောကျ်ားလေးတွေရဲ့ အပြုအမူ (၁၀)ချက်
ယောကျ်ားလေးတွေဟာ နေ့နဲ့ညကဲ့သို့ ကွဲပြားမှုတွေရှိနိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာသူတို့ချစ်တဲ့ မိန်းကလေးတွေနှင့် ဆုံတွေ့လာရင်တော့ သူတို့ရဲ့ချစ်ခြင်းမေတ္တာကို အောက်ဖော်ပြပါအရာတွေနဲ့ တူညီစွာဖော်ပြတတ်ကြပါတယ်။
( ၁ ) သင့်ပိုက်ဆံအိတ်ကို ကိုင်ပေးထားမယ်
ယောကျ်ားလေးတွေဟာ သူတို့နေထိုင်ရာပတ်ဝန်းကျင် နဲ့ ဘယ်နေရာကိုပဲသွားသွား အခြားသူတွေရဲ့ အထင်သေးခြင်း အောက်ကျနောက်ကျသလို အထင်ခံရခြင်းတို့ကို မလိုချင်ကြပါဘူး။ တကယ်လို့သူတို့ဟာ သင့်ရဲ့ပိုက်ဆံအိတ် ဒါမှမဟုတ် ….
အခြားပစ္စည်းတွေကို ကိုင်ပေးထားတယ်ဆိုရင်တော့ သင့်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ပတ်ဝန်းကျင်က ထင်မြင်သမျှကို ဂရုစိုက်မှာမဟုတ်ပါဘူး။ ဒါဟာသင့်ကိုအောက်ကျို့ခြင်းမဟုတ်ပဲ သင့်ကိုသူတကယ်ချစ်ကြောင်းသိနိုင်ပါတယ်။
( ၂ ) အမျိုးသမီးသုံးပစ္စည်းများကိုဝယ်ပေးခြင်း
သင့်ကိုသင့်ချစ်သူက တကယ်ချစ်ကြောင်းသိနိုင်ဖို့နောက်တစ်နည်းကတော့ သင်လိုအပ်လာတဲ့အခါတိုင်း သူတို့ကသင့်အချစ်ကိုပိုမိုရရှိဖို့ ဘာမဆိုဝယ်ပေးမှာပါ။ စတိုးဆိုင်ထဲမှာ စိတ်မသက်မသာဖြစ်ရတဲ့ အခိုက်အတံ့ကို သူတို့ဂရုမစိုက်ကြပါဘူး။ သင်ပျော်ရွင်ဖို့တစ်ခုတည်းကိုသာ အာရုံစိုက်မှာပါ။
( ၃ ) အသေးအမွှားကိစ္စတွေကအစ သူကမှတ်မိတယ်
သင့်ကိုသူဟာ တကယ်ဂရုစိုက်လာတာနဲ့အမျှ သင်ကြိုက်တတ်တဲ့ကော်ဖီ၊ သင်ကြိုက်တဲ့ စားသောက်ဆိုင်၊ သင်ကြိုက်တတ်တဲ့ အစားအစာတွေနဲ့ တီဗွီရှိုးတွေကအစ သူကမှတ်မိပါတယ်။ သင့်ရဲ့မွေးနေ့ကိုလည်းမှတ်မိပါတယ်။
သူဘာကြောင့်သတိရတာလဲဆိုတော့ သင်ဟာ သူ့ုအတွက်အလွန်အရေးပါတဲ့တစ်ယောက်ဖြစ်သလို သင့်ဘဝအတွက်အဖော်မွန်တစ်ယောက် ဖြစ်လာမယ်ဆိုတာယုံကြည်လို့ပါပဲ။
( ၄ ) သင့်အတွက်နဲ့သူက လက်မထောင်ချင်တယ်
သူကသင်ဘယ်လောက်တော်ကြောင်း၊ သူကိုဘယ်လိုချစ်ကြောင်းတခြားသူတွေကို ကြွားပါလိမ့်မယ်။ သင်ကပေါင်မုန်ကိုခွဲပြရင်တောင်မှ သူအတွက်သင်ဟာအရမ်းကိုတော်တယ်လို့ထင်ပြီး တခြားသူတွေကိုလည်းသိစေမှာပါ။
( ၅ ) သူကဂရုတစိုက် နားထောင်တတ်တယ်
င်တစ်ခုခုပြောတဲ့အခါ သူကဂရုတစိုက်နဲ့ နားထောင်ပါလိမ့်မယ်။ အဲဒါဟာ သင်နဲ့ပတ်သတ်သမျှအကြောင်းတွေကို သူကစိတ်ဝင်စားသလို သင်နဲ့ထပ်တူခံစားချင်တာကြောင့်ဖြစ်ပါတယ်။
( ၆ ) သင့်ကိုစနောက်ပါလိမ့်မယ်
ယောကျ်ားလေးတွေဟာ သူတို့ရဲ့အချစ်တွေကိုချစ်သူကိုဖော်ပြဖို့ စနောက်တတ်ကြပါတယ်။ သင်အရမ်းစိတ်ဆိုးအောင် စနောက်မှာမဟုတ်သလို သင်ကတဖန်ပြန်စနောက်တဲ့အခါ သူတို့ကရယ်နေပါလိမ့်မယ်။
( ၇ ) သင်ပျော်ရွင်ဖို့အတွက် စွန့်လွှတ်ခြင်း
သင့်ကိုသူ့စိတ်ထဲမှာ ရှိလာတာနဲ့အမျှ သင်ပျော်ရွင်ဖို့ကိုပဲ သူတို့ကအာရုံစိုက်လာကြမှာပါ။ ဥပမာ- သင့်ရဲ့ပရင်တာလေးကိုပြင်ပေးဖို့အတွက် နှစ်နာရီအသွားအပြန်ခရီးကို သူကကားမောင်းပါလိမ့်မယ်။
အဲ့လိုသေးသေးလေးတွေကအစ သူတို့ကဂရုစိုက်တတ်တာဟာ သင်ဟာသူ့အတွက်အရေးပါလို့ဖြစ်ပါတယ်။ သင်ပျော်ရွင်ရဖို့ဆိုရင် သူရဲ့ပျော်ရွင်မှုတွေကို စတေးရရင်လည်းဂရုစိုက်နေမှာမဟုတ်ပါဘူး။
( ၈ ) သင့်ကိုကမ္ဘာပေါ်မှာာအလှဆုံးလို့မြင်လာမယ်
မနက်စောစော သင်အိပ်ရာနိုးတဲ့အချိန် Medusa ရဲ့ဦးခေါင်းလို ဆံပင်တွေပွစာကြဲနေရင်တောင်မှ သူ့မျက်လုံးထဲမှာ သင်ကအရမ်းလှနေမှာပါ။ သင့်ကိုသာ ကမ္ဘာပေါ်မှာအလှဆုံးမိန်းကလေးလို့ ထင်နေတာနဲ့ပဲ သူကျေနပ်နေပါပြီ။
( ၉ ) သင့်ရဲ့မိတ်ဆွေတွေနဲ့ မိသားစုကို ဂရုစိုက်မယ်
သင့်ကိုချစ်တဲ့အခါ သင့်ရဲ့ဆွေမျိုးအသိုင်းအဝိုင်းဟာလည်း သူနဲ့အမျိုးတော်သလို ထင်လာစေပါတယ်။ သင့်ရဲ့မိသားစု၊ သူငယ်ချင်းတွေ ပြဿနာတစ်ခုခုကြုံလာတဲ့အခါ ….
သူကရင်ဆိုင်ဖြေရှင်းပေးခြင်း အကူအညီပေးခြင်းတို့ကို ပြုလုပ်ပြီး သင့်အပေါ်သူဘယ်လောက်ချစ်ကြောင်း သင့်အသိုင်းအဝိုင်းကို သိစေမှာပါ။
( ၁၀ ) သူ့အားနည်းချက်တွေအတွက် မစိုးရိမ်တော့ဘူး
သူသင့်ကိုချစ်လာတာနဲ့အမျှ သင့်ရှေ့မှာ သူ့ရဲ့အားနည်းချက်တွေကို မြင်တွေ့မှာမစိုးရိမ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင်ကသူ့ရဲ့အားနည်းချက်၊ အားသာချက်တွေကို အပြစ်မြင်နေမှာမဟုတ်ဖူးလို့ သူကယုံကြည်လို့ပါပဲ။
ယောက်ျားလေးတွေဟာ မာနကိုသံချပ်ကာအင်္ကျ ီလိုဝတ်ဆင်ထားပေမယ့် သူရဲ့အကာအကွယ်ကို သင့်အတွက်ချွတ်ခဲ့ရင်တော့ သင့်ကိုသူအရမ်းချစ်နေလို့ပါပဲ။
Source-power of possitivlity ။ Credit: TB_naung_naung