အခ်စ္နွင့္ဘဝ

လူတစ်ယောက်ကို လိုတာထက်ပိုပြီးချစ်မိသွားတဲ့အခါ…



















=========

UNICODE,

လူတစ်ယောက်ကို လိုတာထက်ပိုပြီးချစ်မိသွားတဲ့အခါ

သူတို့ မင်းကိုတန်ဖိုးထားရကောင်းမှန်း မသိကြတော့ဘူး

လူတစ်ယောက်ကို လိုတာထက်ပိုပြီးသည်းခံမိတဲ့အခါ

သူတို့ မင်းကိုအလျော့ပေးရကောင်းမှန်း မသိကြတော့ဘူး

လူတစ်ယောက်ကို လိုတာထက်ပိုပြီးမေတ္တာထားမိတဲ့အခါ

သူတို့ မင်းကိုဂရုစိုက်ရကောင်းမှန်း မသိကြတော့ဘူး

လူတစ်ယောက်ကို လိုတာထက်ပိုပြီးသံယောဇဉ်ဖြစ်မိတဲ့အခါ

သူတို့ မင်းကိုအလေးထားရကောင်းမှန်း မသိကြတော့ဘူး

တစ်ခါတစ်လေတော့လဲ ကိုယ်ကသာ ကိုယ်စိတ်ထဲရှိတဲ့အတိုင်း ဆက်ဆံပေးနေတာ တစ်ချို့သောလူတွေက

ကိုယ်သာမာန် ဆက်ဆံပေးနေတဲ့ အပြုအမူတွေ ခံစားချက်တွေနဲ့တောင် မတန်အောင်တုန့်ပြန်ကြတယ်

အဲဒီအခါ ကိုယ့်မှာ ရင်နင့်အောင်ခံစားရပြီး

စိတ်တွေပူလောင်ရတယ် ငါဘာတွေမှားနေလို့လဲဆိုပြီးတော့..။

တကယ်က ကိုယ်က သူတို့လိုတာထက် ပိုပေးမိနေတာ။

မလိုပဲ ပိုတဲ့အရာတွေက အမှိုက်ဖြစ်သွားကြတာချည်းပါပဲ

ကိုယ့် ဒုက္ခကိုယ်ရှာမိသလို ဘယ်သူမပြု မိမိမှုပါပဲနော်

ဒါကြောင့် ဘယ်သူကိုမှ လိုတာထက်မပိုပါစေနဲ့ပိုခဲ့ရင်လဲ သိအောင်မလုပ်ပါနဲ့

ကိုယ်ကပိုပြလေသူက အနိုင်ယူလေ ဖြစ်နေတတ်ပါတယ်

လူတစ်ချို့ကလိုတာထက်ပိုပြီး ဆက်ဆံပေးတာနဲ့မတန်ကြဘူးလေ..💔