အခ်စ္နွင့္ဘဝ

သင့္ကို အမွန္တကယ္ စိတ္ဝင္စားၿပီး ဒိတ္လုပ္ခ်င္ေၾကာင္း ေပၚလြင္ေနတဲ့သူမ်ိဳးရဲ့ အျပဳအမူေတြ

သင့္ကို အမွန္တကယ္ စိတ္ဝင္စားၿပီး ဒိတ္လုပ္ခ်င္ေၾကာင္း ေပၚလြင္ေနတဲ့သူမ်ိဳးရဲ့ အျပဳအမူေတြ

သင့္ကို စိတ္ဝင္စားေနတဲ့ ေကာင္ေလးက သင္စိတ္ဆိုးသြားမွာ ေၾကာက္လို႔ ဒိတ္လုပ္ဖို႔ မေခၚရဲတဲ့ အခိုက္အတန႔္မ်ိဳး မိန္းကေလးတိုင္း ၾကဳံဖူးၾကတယ္ဟုတ္။ တစ္ခါတစ္ေလမွာ သင္သတိမထားမိေပမယ့္ သင္နဲ႔ ဒိတ္လုပ္ခ်င္တဲ့ ေကာင္ေလးတစ္ခ်ိဳ႕လည္း ရွိတတ္ပါတယ္။ သင္နဲ႔ ဒိတ္လုပ္ခ်င္ေနတဲ့ ေကာင္ေလးတစ္ခ်ိဳ႕ရဲ့ အျပဳအမူေတြက ဒီလိုေတြပါေနာ္

သင္သည္သာ နံပါတ္တစ္

သင္ရဲ့ မိသားစု၊ သင့္သူငယ္ခ်င္း အေၾကာင္းအနည္းငယ္ သိထားေပမယ့္လို႔ ထပ္ၿပီး ဘာမွမေမးတတ္ဘူး။ သူတို႔စိတ္ထဲမွာ သင္သည္သာ အဓိက ျဖစ္ေနလို႔ပါ။ သင့္ရဲ့ အေၾကာင္းေတြကို သင္ေျပာထား႐ုံမွအပ ဘာကိုမွ မစုံစမ္းတတ္ၾကပါဘူး။ သူတို႔စိတ္ထဲမွာ သင္ဘာႀကိဳက္တတ္တယ္၊ ဘယ္လိုပုံစံမ်ိဳး ႀကိဳက္တတ္တယ္ဆိုတာကို သိေန႐ုံနဲ႔တင္ ေက်နပ္ေပ်ာ္ရႊင္ေနတတ္ၾကသူေလးေတြပါ

သင့္ကို ဖြင့္ေျပာဖို႔ အခ်ိန္အၾကာႀကီး ေစာင့္ေနတတ္တယ္

သူဖြင့္ေျပာလိုက္လို႔ သင္မ်ား စိတ္ဆိုးသြားမလားဆိုၿပီး အျမဲတမ္းစိတ္ပူေနတဲ့အတြက္ေၾကာင့္ ဖြင့္မေျပာျဖစ္ပဲ အခ်ိန္ၾကာေနတတ္တာပါ။ သင္နဲ႔ အခ်ိန္အၾကာႀကီး ရင္းႏွီးမႈရၿပီးမွ ဖြင့္ေျပာလာတတ္ၾကပါတယ္။ ဒါဟာ သင့္ကို တန္ဖိုးထားေၾကာင္းျပေနၿပီးေတာ့၊ သင့္ကို အမွန္တကယ္ ခ်စ္မိေနလို႔ပါ

သင္ အထင္ႀကီးလာေအာင္ ဟန္မလုပ္တတ္ဘူး

သူတို႔ေတြဟာ သူတို႔ဘယ္ေလာက္ေတာ္ေၾကာင္း၊ ဘယ္ေလာက္ထက္ျမက္ေၾကာင္း သင္အထင္ႀကီးလာေအာင္ မေျပာတတ္ၾကပါဘူး။ ဒီလိုမ်ိဳးေျပာလိုက္ျခင္းက သင္သေဘာက်လာေအာင္ အခြင့္အေရးကို အျမန္ဖန္တီးသလို ျဖစ္နိုင္ေပမယ့္လို႔ သူတို႔ဟာ သင့္အေပၚမွာ အရိုးသားဆုံး ခ်စ္ခင္ၾကတဲ့ သူေတြျဖစ္ၾကပါတယ္

သင့္ဆီအျမဲ ဆက္သြယ္တယ္

သူဘယ္ေရာက္ေနတယ္၊ ဘာလုပ္ေနတယ္ကအစ သင့္ကိုေျပာျပတတ္ၿပီး သင့္ကို အျမဲအဆက္အသြယ္ လုပ္တတ္ပါတယ္။ သင့္ဆီအျမဲ ဖုန္းေတြဆက္၊ message ေတြ ပို႔တတ္တဲ့ သူေတြပါ။ သင္ reply မျပန္ရင္ေတာင္ အျပစ္မျမင္တတ္ပါဘူး

Khin

unicode

သင့်ကို အမှန်တကယ် စိတ်ဝင်စားပြီး ဒိတ်လုပ်ချင်ကြောင်း ပေါ်လွင်နေတဲ့သူမျိုးရဲ့ အပြုအမူတွေ

သင့်ကို စိတ်ဝင်စားနေတဲ့ ကောင်လေးက သင်စိတ်ဆိုးသွားမှာ ကြောက်လို့ ဒိတ်လုပ်ဖို့ မခေါ်ရဲတဲ့ အခိုက်အတန့်မျိုး မိန်းကလေးတိုင်း ကြုံဖူးကြတယ်ဟုတ်။ တစ်ခါတစ်လေမှာ သင်သတိမထားမိပေမယ့် သင်နဲ့ ဒိတ်လုပ်ချင်တဲ့ ကောင်လေးတစ်ချို့လည်း ရှိတတ်ပါတယ်။ သင်နဲ့ ဒိတ်လုပ်ချင်နေတဲ့ ကောင်လေးတစ်ချို့ရဲ့ အပြုအမူတွေက ဒီလိုတွေပါနော်။

သင်သည်သာ နံပါတ်တစ်

သင်ရဲ့ မိသားစု၊ သင့်သူငယ်ချင်း အကြောင်းအနည်းငယ် သိထားပေမယ့်လို့ ထပ်ပြီး ဘာမှမမေးတတ်ဘူး။ သူတို့စိတ်ထဲမှာ သင်သည်သာ အဓိက ဖြစ်နေလို့ပါ။ သင့်ရဲ့ အကြောင်းတွေကို သင်ပြောထားရုံမှအပ ဘာကိုမှ မစုံစမ်းတတ်ကြပါဘူး။ သူတို့စိတ်ထဲမှာ သင်ဘာကြိုက်တတ်တယ်၊ ဘယ်လိုပုံစံမျိုး ကြိုက်တတ်တယ်ဆိုတာကို သိနေရုံနဲ့တင် ကျေနပ်ပျော်ရွှင်နေတတ်ကြသူလေးတွေပါ

သင့်ကို ဖွင့်ပြောဖို့ အချိန်အကြာကြီး စောင့်နေတတ်တယ်

သူဖွင့်ပြောလိုက်လို့ သင်များ စိတ်ဆိုးသွားမလားဆိုပြီး အမြဲတမ်းစိတ်ပူနေတဲ့အတွက်ကြောင့် ဖွင့်မပြောဖြစ်ပဲ အချိန်ကြာနေတတ်တာပါ။ သင်နဲ့ အချိန်အကြာကြီး ရင်းနှီးမှုရပြီးမှ ဖွင့်ပြောလာတတ်ကြပါတယ်။ ဒါဟာ သင့်ကို တန်ဖိုးထားကြောင်းပြနေပြီးတော့၊ သင့်ကို အမှန်တကယ် ချစ်မိနေလို့ပါ

သင် အထင်ကြီးလာအောင် ဟန်မလုပ်တတ်ဘူး

သူတို့တွေဟာ သူတို့ဘယ်လောက်တော်ကြောင်း၊ ဘယ်လောက်ထက်မြက်ကြောင်း သင်အထင်ကြီးလာအောင် မပြောတတ်ကြပါဘူး။ ဒီလိုမျိုးပြောလိုက်ခြင်းက သင်သဘောကျလာအောင် အခွင့်အရေးကို အမြန်ဖန်တီးသလို ဖြစ်နိုင်ပေမယ့်လို့ သူတို့ဟာ သင့်အပေါ်မှာ အရိုးသားဆုံး ချစ်ခင်ကြတဲ့ သူတွေဖြစ်ကြပါတယ်

သင့်ဆီအမြဲ ဆက်သွယ်တယ်

သူဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ်ကအစ သင့်ကိုပြောပြတတ်ပြီး သင့်ကို အမြဲအဆက်အသွယ် လုပ်တတ်ပါတယ်။ သင့်ဆီအမြဲ ဖုန်းတွေဆက်၊ message တွေ ပို့တတ်တဲ့ သူတွေပါ။ သင် reply မပြန်ရင်တောင် အပြစ်မမြင်တတ်ပါဘူး

Khin