အခ်စ္နွင့္ဘဝ

တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်တဲ့ အတွဲတွေမှာသာ တွေ့ရတဲ့ အပြုအမူများ…..

တစ္ေယာက္နဲ႔တစ္ေယာက္ တကယ္ခ်စ္တဲ့ အတြဲေတြမွာသာ ေတြ႕ရတဲ့ အျပဳအမူမ်ား

အခ်စ္ေရးတစ္ခု အၿမဲတမ္း အဆင္ေျပ ေပ်ာ္႐ႊင္ေနဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ တကယ္ခ်စ္တဲ့သူေတြကေတာ့ အဲဒီအခ်စ္ေရးကို ခိုင္မာေအာင္၊ ေပ်ာ္စရာေကာင္းေအာင္ နည္းလမ္းမ်ိဳးစုံသုံးၿပီး ဖန္တီးၾကမွာပါပဲ။ အခ်စ္ေရးကို ေပ်ာ္စရာေကာင္းေအာင္ တည္ေဆာက္ထားႏိုင္ၿပီး တကယ္ခ်စ္တဲ့ စုံတြဲေတြဆိုတာ ဒီလိုပါ။

၁) ဝါသနာတစ္ခုခုကို အတူတကြ ျပဳလုပ္ၾကတယ္

အတြဲေတြမွာ ဝါသနာတူတာ မရွိသလို၊ လုံးဝ မတူတာမ်ိဳးလည္း ရွိႏိုင္ပါတယ္။ တကယ္ခ်စ္တဲ့ အတြဲေတြကေတာ့ ကိုယ့္ခ်စ္သူ ဝါသနာပါတဲ့အရာ (အနည္းဆုံး တစ္ခု) ကိုေတာ့ အတူလိုက္လုပ္ေပးေလ့ ရွိၾကပါတယ္။ ဥပမာ – ေကာင္ေလးက ေဘာလုံးပြဲၾကည့္ရတာႀကိဳက္တယ္။ ေကာင္မေလးက မႀကိဳက္လည္း အၿမဲလိုက္ၾကည့္ေပးတာမ်ိဳး။ ေကာင္မေလးက shopping ထြက္ရတာႀကိဳက္တယ္၊ ေကာင္ေလးက မႀကိဳက္ေပမယ့္ Shopping လိုက္ပတ္ေပးတာမ်ိဳးေပါ့။ အဲလိုမဟုတ္လည္း ႏွစ္ဦးသားရဲ႕ဝါသနာထဲက တူတဲ့တစ္ခုကို အၿမဲလိုလို အတူတကြ လုပ္တတ္ၾကတယ္။

၂) တစ္ေယာက္ရဲ႕လြတ္လပ္ခြင့္ကို တစ္ေယာက္က ေလးစားတယ္

ကိုယ္ခ်စ္တဲ့သူရဲ႕ လြတ္လပ္ခြင့္ကို ေလးစားၿပီး သူတို႔ရဲ႕ကိုယ္ပိုင္အခ်ိန္ေတြကို မေႏွာင့္ယွက္ဖို႔က အခ်စ္ေရးတစ္ခုမွာ လြန္စြာ အေရးပါပါတယ္။ သဝန္တိုၿပီး အၿမဲရန္ျဖစ္ေနရမယ္ဆိုရင္ ေပ်ာ္စရာေကာင္းတဲ့ အခ်စ္ေရးလည္း မျဖစ္ႏိုင္ေတာ့ပါဘူး။ တကယ္ခ်စ္တဲ့ အတြဲေတြကေတာ့ တစ္ေယာက္ရဲ႕လြတ္လပ္ခြင့္ကို တစ္ေယာက္ေလးစားၿပီးေတာ့ အတိုင္းအတာတစ္ခုထိ ဝင္စြက္ဖက္ေလ့ မရွိပါဘူး။

၃) ခရီးအတူတကြထြက္တယ္

ခရီးထြက္တယ္ဆိုတဲ့ ေနရာမွာ ႏိုင္ငံျခားခရီးေတြကို ေလယာဥ္ပ်ံႀကီးနဲ႔ သြားရမွ၊ အထင္ကရေနရာေတြကို ေဈးႀကီးေပးသြားရမွ ဆိုတာမ်ိဳးမဟုတ္ပါဘူး။ အားလပ္ရက္မလို႔ အပမ္းေျဖဖို႔သက္သက္၊ အတူအခ်ိန္ကုန္ဆုံးဖို႔သက္သက္ အနီးနား ေတာင္တက္တာ၊ ကမ္းေျခသြားတာ မ်ိဳးပါ။ ခရီးအတူတကြ ထြက္တဲ့အခါ ေနရာသစ္မွာ အေတြးအျမင္အသစ္ေတြရရွိမယ္၊ တစ္ေယာက္ကိုတစ္ေယာက္လည္း ပိုအားထားတတ္လာမယ္။ ဒါမွလည္း မၿငီးေငြ႕ဘဲ ပိုေပ်ာ္စရာေကာင္းတဲ့ အခ်စ္ေရးတစ္ခု ျဖစ္လာပါမယ္။

၄) စိတ္ဆိုးၿပီးေတာ့ အိပ္ယာမဝင္ဘူး

တကယ္ခ်စ္တဲ့သူေတြဟာ ခ်စ္သူနဲ႔စိတ္ဆိုးၿပီး စိတ္ေအးလက္ေအး အိပ္ယာဝင္ႏိုင္သူေတြ မဟုတ္ပါဘူး။ ေျပလည္တဲ့အထိ ေျဖရွင္းၿပီးမွ အိပ္ေပ်ာ္တတ္သူေတြပါ။ ရင့္က်က္ၿပီး တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္တဲ့ အတြဲေတြဟာ ျပႆနာ ျဖစ္လာတဲ့အခါ ေရွာင္မေနဘဲ နားလည္မႈရသည္အထိ ေဆြးေႏြးေလ့ ရွိၾကပါတယ္။

၅) အနည္းဆုံး တစ္ေန႔တစ္ခါေတာ့ ခ်စ္တယ္လို႔ေျပာတယ္

အတြဲတစ္တြဲ တည္ၿမဲခ်င္ရင္ အနည္းဆုံး တစ္ေန႔တစ္ခြန္းေတာ့ ခ်စ္တယ္လို႔ ေျပာဖို႔လိုပါတယ္။ အေပၚယံ ေျပာတာမ်ိဳးမဟုတ္ဘဲ စိတ္ပါလက္ပါနဲ႔ေျပာတာမ်ိဳးပါ။ မေျပာလည္း သိမွာပါ ဆိုၿပီး ဒီတိုင္းပစ္မထားပါနဲ႔။ တကယ္ခ်စ္တယ္ဆိုရင္ေတာ့ ပါးစပ္က ထုတ္ကို ေျပာရပါမယ္။

၆) အမွီအခိုကင္းတယ္

တကယ္ခ်စ္တဲ့သူေတြက ခ်စ္သူကို အရမ္းမမွီခိုပါဘူး။ ကိုယ့္ဘဝကိုယ္လည္း အဆင္ေျပေအာင္ ကိုယ္တိုင္ ႀကိဳးစားသလို၊ ခ်စ္သူကိုလည္း သူ႔ဘဝသူ လြတ္လပ္စြာ ရပ္တည္ခြင့္ေပးထားပါတယ္။ ခ်စ္သူကို မွီခိုလြန္းတယ္၊ ကပ္တြယ္လြန္းတယ္ဆိုတာ ေကာင္းတဲ့အေလ့အက်င့္မဟုတ္ပါဘူး။ ေရရွည္မွာလည္း ဘယ္လိုမွ အဆင္မေျပႏိုင္ပါဘူး။

၇) ယုံၾကည္ေပးတယ္

ခဏခဏေျပာဖူးပါတယ္။ ယုံၾကည္မႈမရွိတဲ့ အခ်စ္ေရးက အလကားပါပဲ။ တကယ္ခ်စ္ရင္ ခ်စ္သူကို ယုံရပါမယ္။ ကိုယ့္ခ်စ္သူက မယုံရတဲ့သူလို႔ ထင္ေနရင္လည္း ဆက္မတြဲတာ အေကာင္းဆုံးပါပဲ။ မယုံၾကည္ရတဲ့သူကို သည္းခံၿပီးဆက္တြဲေနရင္ ႏွစ္ဖက္လုံးအတြက္ မေကာင္းပါဘူး။ သဝန္တိုလြန္းတယ္ဆိုတဲ့ နာမည္ဆိုးသာ က်န္ခဲ့မွာပါ။ ဒါေၾကာင့္ ယုံၾကည္ရေလာက္တဲ့သူကိုပဲ ခ်စ္ပါ။ ခ်စ္တဲ့သူကိုလည္း ယုံၾကည္ပါ။

၈) လက္ေဆာင္ေပးတယ္

ေဈးႀကီးတာ၊ ေဈးေပါတာ ပဓာန မဟုတ္ဘဲ ကိုယ့္ခ်စ္သူအတြက္ အဓိပၸာယ္ရွိမယ့္ လက္ေဆာင္မ်ိဳးေတြ ေပးတာက စိတ္လႈပ္ရွားစရာလည္းေကာင္းၿပီး ႐ိုမန္းတစ္လည္း ဆန္ပါတယ္။ ဘာေလးစားခ်င္လိုက္တာလို႔ ေျပာလိုက္တာနဲ႔ ေနာက္ေန႔မွာ ခ်စ္သူစားခ်င္တာေလး ဝယ္လာေပးတာမ်ိဳးကလည္း ခ်စ္သူရဲ႕ တစ္ေန႔တာကို ေပ်ာ္႐ႊင္ျခင္းေတြ ယူေဆာင္လာေပးႏိုင္ပါတယ္။ ဒီလိုဂ႐ုစိုက္မႈဆိုတာလည္း တကယ္ခ်စ္တဲ့သူေတြကသာ လုပ္ေပးႏိုင္တာပါ။

ဒီအခ်က္ေတြထဲက အားလုံးမဟုတ္ရင္ေတာင္ တစ္ခ်က္၊ ႏွစ္ခ်က္ေလာက္ တူတယ္ဆိုရင္ပဲ သင္တို႔စုံတြဲဟာ တစ္ေယာက္ကိုတစ္ေယာက္ တကယ္ခ်စ္တဲ့ စုံတြဲလို႔ ဆိုႏိုင္ပါတယ္ေနာ္။

Ref; Brightside.me By Paulina

Credit:we media

Unicode,

တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်တဲ့ အတွဲတွေမှာသာ တွေ့ရတဲ့ အပြုအမူများ

အချစ်ရေးတစ်ခု အမြဲတမ်း အဆင်ပြေ ပျော်ရွှင်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ တကယ်ချစ်တဲ့သူတွေကတော့ အဲဒီအချစ်ရေးကို ခိုင်မာအောင်၊ ပျော်စရာကောင်းအောင် နည်းလမ်းမျိုးစုံသုံးပြီး ဖန်တီးကြမှာပါပဲ။ အချစ်ရေးကို ပျော်စရာကောင်းအောင် တည်ဆောက်ထားနိုင်ပြီး တကယ်ချစ်တဲ့ စုံတွဲတွေဆိုတာ ဒီလိုပါ။

၁) ဝါသနာတစ်ခုခုကို အတူတကွ ပြုလုပ်ကြတယ်

အတွဲတွေမှာ ဝါသနာတူတာ မရှိသလို၊ လုံးဝ မတူတာမျိုးလည်း ရှိနိုင်ပါတယ်။ တကယ်ချစ်တဲ့ အတွဲတွေကတော့ ကိုယ့်ချစ်သူ ဝါသနာပါတဲ့အရာ (အနည်းဆုံး တစ်ခု) ကိုတော့ အတူလိုက်လုပ်ပေးလေ့ ရှိကြပါတယ်။ ဥပမာ – ကောင်လေးက ဘောလုံးပွဲကြည့်ရတာကြိုက်တယ်။ ကောင်မလေးက မကြိုက်လည်း အမြဲလိုက်ကြည့်ပေးတာမျိုး။ ကောင်မလေးက shopping ထွက်ရတာကြိုက်တယ်၊ ကောင်လေးက မကြိုက်ပေမယ့် Shopping လိုက်ပတ်ပေးတာမျိုးပေါ့။ အဲလိုမဟုတ်လည်း နှစ်ဦးသားရဲ့ဝါသနာထဲက တူတဲ့တစ်ခုကို အမြဲလိုလို အတူတကွ လုပ်တတ်ကြတယ်။

၂) တစ်ယောက်ရဲ့လွတ်လပ်ခွင့်ကို တစ်ယောက်က လေးစားတယ်

ကိုယ်ချစ်တဲ့သူရဲ့ လွတ်လပ်ခွင့်ကို လေးစားပြီး သူတို့ရဲ့ကိုယ်ပိုင်အချိန်တွေကို မနှောင့်ယှက်ဖို့က အချစ်ရေးတစ်ခုမှာ လွန်စွာ အရေးပါပါတယ်။ သဝန်တိုပြီး အမြဲရန်ဖြစ်နေရမယ်ဆိုရင် ပျော်စရာကောင်းတဲ့ အချစ်ရေးလည်း မဖြစ်နိုင်တော့ပါဘူး။ တကယ်ချစ်တဲ့ အတွဲတွေကတော့ တစ်ယောက်ရဲ့လွတ်လပ်ခွင့်ကို တစ်ယောက်လေးစားပြီးတော့ အတိုင်းအတာတစ်ခုထိ ဝင်စွက်ဖက်လေ့ မရှိပါဘူး။

၃) ခရီးအတူတကွထွက်တယ်

ခရီးထွက်တယ်ဆိုတဲ့ နေရာမှာ နိုင်ငံခြားခရီးတွေကို လေယာဉ်ပျံကြီးနဲ့ သွားရမှ၊ အထင်ကရနေရာတွေကို ဈေးကြီးပေးသွားရမှ ဆိုတာမျိုးမဟုတ်ပါဘူး။ အားလပ်ရက်မလို့ အပမ်းဖြေဖို့သက်သက်၊ အတူအချိန်ကုန်ဆုံးဖို့သက်သက် အနီးနား တောင်တက်တာ၊ ကမ်းခြေသွားတာ မျိုးပါ။ ခရီးအတူတကွ ထွက်တဲ့အခါ နေရာသစ်မှာ အတွေးအမြင်အသစ်တွေရရှိမယ်၊ တစ်ယောက်ကိုတစ်ယောက်လည်း ပိုအားထားတတ်လာမယ်။ ဒါမှလည်း မငြီးငွေ့ဘဲ ပိုပျော်စရာကောင်းတဲ့ အချစ်ရေးတစ်ခု ဖြစ်လာပါမယ်။

၄) စိတ်ဆိုးပြီးတော့ အိပ်ယာမဝင်ဘူး

တကယ်ချစ်တဲ့သူတွေဟာ ချစ်သူနဲ့စိတ်ဆိုးပြီး စိတ်အေးလက်အေး အိပ်ယာဝင်နိုင်သူတွေ မဟုတ်ပါဘူး။ ပြေလည်တဲ့အထိ ဖြေရှင်းပြီးမှ အိပ်ပျော်တတ်သူတွေပါ။ ရင့်ကျက်ပြီး တစ်ယောက်ကိုတစ်ယောက် ချစ်တဲ့ အတွဲတွေဟာ ပြဿနာ ဖြစ်လာတဲ့အခါ ရှောင်မနေဘဲ နားလည်မှုရသည်အထိ ဆွေးနွေးလေ့ ရှိကြပါတယ်။

၅) အနည်းဆုံး တစ်နေ့တစ်ခါတော့ ချစ်တယ်လို့ပြောတယ်

အတွဲတစ်တွဲ တည်မြဲချင်ရင် အနည်းဆုံး တစ်နေ့တစ်ခွန်းတော့ ချစ်တယ်လို့ ပြောဖို့လိုပါတယ်။ အပေါ်ယံ ပြောတာမျိုးမဟုတ်ဘဲ စိတ်ပါလက်ပါနဲ့ပြောတာမျိုးပါ။ မပြောလည်း သိမှာပါ ဆိုပြီး ဒီတိုင်းပစ်မထားပါနဲ့။ တကယ်ချစ်တယ်ဆိုရင်တော့ ပါးစပ်က ထုတ်ကို ပြောရပါမယ်။

၆) အမှီအခိုကင်းတယ်

တကယ်ချစ်တဲ့သူတွေက ချစ်သူကို အရမ်းမမှီခိုပါဘူး။ ကိုယ့်ဘဝကိုယ်လည်း အဆင်ပြေအောင် ကိုယ်တိုင် ကြိုးစားသလို၊ ချစ်သူကိုလည်း သူ့ဘဝသူ လွတ်လပ်စွာ ရပ်တည်ခွင့်ပေးထားပါတယ်။ ချစ်သူကို မှီခိုလွန်းတယ်၊ ကပ်တွယ်လွန်းတယ်ဆိုတာ ကောင်းတဲ့အလေ့အကျင့်မဟုတ်ပါဘူး။ ရေရှည်မှာလည်း ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။

၇) ယုံကြည်ပေးတယ်

ခဏခဏပြောဖူးပါတယ်။ ယုံကြည်မှုမရှိတဲ့ အချစ်ရေးက အလကားပါပဲ။ တကယ်ချစ်ရင် ချစ်သူကို ယုံရပါမယ်။ ကိုယ့်ချစ်သူက မယုံရတဲ့သူလို့ ထင်နေရင်လည်း ဆက်မတွဲတာ အကောင်းဆုံးပါပဲ။ မယုံကြည်ရတဲ့သူကို သည်းခံပြီးဆက်တွဲနေရင် နှစ်ဖက်လုံးအတွက် မကောင်းပါဘူး။ သဝန်တိုလွန်းတယ်ဆိုတဲ့ နာမည်ဆိုးသာ ကျန်ခဲ့မှာပါ။ ဒါကြောင့် ယုံကြည်ရလောက်တဲ့သူကိုပဲ ချစ်ပါ။ ချစ်တဲ့သူကိုလည်း ယုံကြည်ပါ။

၈) လက်ဆောင်ပေးတယ်

ဈေးကြီးတာ၊ ဈေးပေါတာ ပဓာန မဟုတ်ဘဲ ကိုယ့်ချစ်သူအတွက် အဓိပ္ပာယ်ရှိမယ့် လက်ဆောင်မျိုးတွေ ပေးတာက စိတ်လှုပ်ရှားစရာလည်းကောင်းပြီး ရိုမန်းတစ်လည်း ဆန်ပါတယ်။ ဘာလေးစားချင်လိုက်တာလို့ ပြောလိုက်တာနဲ့ နောက်နေ့မှာ ချစ်သူစားချင်တာလေး ဝယ်လာပေးတာမျိုးကလည်း ချစ်သူရဲ့ တစ်နေ့တာကို ပျော်ရွှင်ခြင်းတွေ ယူဆောင်လာပေးနိုင်ပါတယ်။ ဒီလိုဂရုစိုက်မှုဆိုတာလည်း တကယ်ချစ်တဲ့သူတွေကသာ လုပ်ပေးနိုင်တာပါ။

ဒီအချက်တွေထဲက အားလုံးမဟုတ်ရင်တောင် တစ်ချက်၊ နှစ်ချက်လောက် တူတယ်ဆိုရင်ပဲ သင်တို့စုံတွဲဟာ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်တဲ့ စုံတွဲလို့ ဆိုနိုင်ပါတယ်နော်။

Ref; Brightside.me By Paulina

Credit:we media