Unicode
ဆံပင်အတွက် ချက်အုန်းဆီ၂ဝသား ၊ထောလပက်ရွက်ရယ် ၊အပုတ်ခံထားတဲလက်ဖက်ရယ်
ဆံပင်ထူချင်တဲ့သူတွေ၊ မဲနက်ချင်သူတွေ ၊သန်ချင်သူတွေ ၊ဆံပင်အကျွတ်သက်သာချင်တဲ့သူတွေအတွက်
အိမ်တွင်းပစ္စည်းလေးတွေနဲ့ ကိုယ့်ဆံပင်ကို ဂရုစိုက်လို့ရပါတယ်ရှင်.
ချက်အုန်းဆီလေးမွှေးလာရင် အပုတ်ခံထားတဲ့လက်ဖက်လေးတွေထည့်ပါ ။
လက်ဖက်ညွန့်လေးတွေရဲတတ်ပြီး တူးသွားတတ်တဲ့အတွက် မီးအရှိန်လေးလျော့ပြီး စိတ်ရှည်ရှည်တော့ချက်ရပါတယ်..
အုန်းဆီနံ့ကော လက်ဖက်နံ့ကလေးကော မွှေးလာပြီဆိုမှ ထောလပက်ရွက်လေးတွေကိုထည့်ပေးပါ။
ထောလပက်ရွက်လေးတွေပါ နွမ်းသွားပြီဆိုရင် ချလို့ရပါပြီ.အအေးခံပြီး
ကိုယ်ခေါင်းလျော်မယ့်ရက်တွေမှာ မလျော်ခင်၂နာရီလောက်ကြိုပြီး ဆံပင်အနှံ လိမ်းပြီးနှိပ်ထားပါ။
ပီးရင်ခေါင်းလျော်နေကျပုံစံမျိုးနဲ့ လျော်လို့ရပါပြီ ရှင့်…
ဆန်ဆေးရည် ထပ်နှပ်ရင်တော့ ပိုကောင်းပါတယ်ရှင် ။ကိုယ်ကတော့ဆန်ဆေးရည်နဲ့ပါ နောက်တကြိမ်ထပ်နှပ်ပါတယ်ရှင်
ကိုယ့်အတွက်ကတော့တစ်ခွက်ကို ခေါင်းလျော်ကြိမ်ရေ ၄ခေါက်စာ ပါ..တလကို ၃ခေါက်လောက်ချက်ရတယ်
ဆံပင်သားအလှအပကို အထူးဂရုစိုက်ချင်တဲ့ မိန်းကလေးတွေအတွက် ကိုယ်လုပ်ဖြစ်တဲ့နည်းလမ်းကို ဝေမျှပေးတာပါ…။
ခရစ်ဒစ် မူရင်းရေးသားသူ