ျပည္တြင္းသတင္း

ရန်ကုန်-မန္တလေးကို (၈)နာရီအတွင်းအရောက်သွားနိုင်တော့မည်….

ဂ်ပန္ႏိုင္ငံကေန ရထားတြဲသစ္ (၂၄၆) တြဲကို ဝယ္ယူဖို႔ ျမန္မာ့မီးရထားနဲ႔ Mitsubishi Corporation တို႔အၾကား ဒီဇင္ဘာ (၇) ရက္ေန႔က စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး ျမန္မာႏိုင္ငံကို (၂၀၂၃) ခုႏွစ္ကေန (၂၀၂၅) ခုႏွစ္အတြင္း ဆက္တိုက္ေပးပို႔သြားဖို႔ စီစဥ္ထားတယ္လို႔လည္း ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံးက သတင္းထုတ္ျပန္ပါတယ္။

“ကြၽန္ေတာ္တို႔ အေနနဲ႔လည္း ၿမိဳ႕ပတ္လမ္းကို ျပင္ဆင္တာ ဒီဇင္ဘာကုန္ဆို ၿပီးၿပီ။ အခ်က္ျပစနစ္ဆက္လုပ္ေနတယ္။ အခ်က္ျပစနစ္ကလည္း (၂၀၂၁) ကုန္ပိုင္းမွာ ၿပီးသြားမယ္။ (၂၀၂၂) ႏွစ္ဆန္းပိုင္းဆိုရင္ ၿမိဳ႕ပတ္ပိုင္းအတြက္ ဂ်ပန္က ရထားတြဲဆိုင္းေတြ အသုတ္လိုက္ေရာက္ဖို႔ ရွိတယ္။ ၿမိဳ႕ပတ္ကေတာ့ (၂၀၂၂)မွာေတာ့ Run ဖို႔ရွိတယ္။

အျမန္လမ္းကေတာ့ ရန္ကုန္-ေတာင္ငူပိုင္းက (၂၀၂၃) ဧၿပီမွာလမ္းပိုင္းျပင္ဆင္တာၿပီးစီးမယ္။ အဲဒီကာလမွာ ေတာင္ငူေလာက္ကို ရထားေျပးလို႔ရၿပီ။ မႏၲေလးဘက္ကိုေတာ့ (၂၀၂၁) ထဲ လမ္းပိုင္းျပင္ဆင္မယ္။ (၂၀၂၅) မွာေတာ့ ရန္ကုန္-မႏၲေလး ေတာက္ေလွ်ာက္ေျပးႏိုင္ၿပီ” လို႔ ျမန္မာ့မီးရထား (ေအာက္ျမန္မာျပည္) တိုင္း (၇) မွ သြားလာေရးမန္ေနဂ်ာ ဦးေက်ာ္မ်ိဳးလြင္က ေျပာပါတယ္။

ရန္ကုန္-မႏၲေလးရထားလမ္းမွာ ေျပးဆြဲမယ့္ ရထားတြဲေတြက အျမင့္ဆုံးျမန္ႏႈန္းတစ္နာရီကို (၁၀၀) ကီလိုမီတာနဲ႔ ေျပးဆြဲမွာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းမွာ ေျပးဆြဲမယ့္ ရထားတြဲေတြက အျမင့္ဆုံးျမန္ႏႈန္း တစ္နာရီကို ၉၆၀ကီလိုမီတာနဲ႔ ေျပးဆြဲသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ရထားတြဲသစ္ေတြကို ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းအတြက္ ၆၆တြဲ အသုံးျပဳမွာျဖစ္ၿပီး ရန္ကုန္- မႏၲေလးရထားလမ္းပိုင္းအတြက္ ရထားတြဲ ၁၈၀ တြဲ အသုံးျပဳသြားမယ္လို႔လည္းဆိုပါတယ္။

ရထားတြဲဝယ္ယူဖို႔ ဂ်ပန္ႏိုင္ငံ အစိုးရ တရားဝင္ဖြံၿဖိဳးမႈအစီအစဥ္ အရ ေခ်းေငြနဲ႔ ဝယ္ယူသြားၿပီး တန္ဖိုးေငြကေတာ့ ဂ်ပန္ယန္း ၆၉ ဘီလီယံခန႔္ ကုန္က်ႏိုင္တယ္လို႔လည္း သိရပါတယ္။ျမန္မာႏိုင္ငံကိုပို႔မယ္ရထားတြဲေတြကို စပိန္ႏိုင္ငံရဲ႕ အႀကီးဆုံးရထားတြဲထုတ္လုပ္ေရးကုမၸဏီျဖစ္တဲ့ CAF ကုမၸဏီကေန ဂ်ပန္ထုတ္စက္ပစၥည္းကိရိယာအခ်ိဳ႕ကို အသုံးျပဳၿပီး ထုတ္လုပ္ထားတယ္လို႔လည္း သိရပါတယ္။

Unicode,

ဂျပန်နိုင်ငံကနေ ရထားတွဲသစ် (၂၄၆) တွဲကို ဝယ်ယူဖို့ မြန်မာ့မီးရထားနဲ့ Mitsubishi Corporation တို့အကြား ဒီဇင်ဘာ (၇) ရက်နေ့က စာချုပ်ချုပ်ဆိုထားပြီး မြန်မာနိုင်ငံကို (၂၀၂၃) ခုနှစ်ကနေ (၂၀၂၅) ခုနှစ်အတွင်း ဆက်တိုက်ပေးပို့သွားဖို့ စီစဉ်ထားတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

“ကျွန်တော်တို့ အနေနဲ့လည်း မြို့ပတ်လမ်းကို ပြင်ဆင်တာ ဒီဇင်ဘာကုန်ဆို ပြီးပြီ။ အချက်ပြစနစ်ဆက်လုပ်နေတယ်။ အချက်ပြစနစ်ကလည်း (၂၀၂၁) ကုန်ပိုင်းမှာ ပြီးသွားမယ်။ (၂၀၂၂) နှစ်ဆန်းပိုင်းဆိုရင် မြို့ပတ်ပိုင်းအတွက် ဂျပန်က ရထားတွဲဆိုင်းတွေ အသုတ်လိုက်ရောက်ဖို့ ရှိတယ်။ မြို့ပတ်ကတော့ (၂၀၂၂)မှာတော့ Run ဖို့ရှိတယ်။

အမြန်လမ်းကတော့ ရန်ကုန်-တောင်ငူပိုင်းက (၂၀၂၃) ဧပြီမှာလမ်းပိုင်းပြင်ဆင်တာပြီးစီးမယ်။ အဲဒီကာလမှာ တောင်ငူလောက်ကို ရထားပြေးလို့ရပြီ။ မန္တလေးဘက်ကိုတော့ (၂၀၂၁) ထဲ လမ်းပိုင်းပြင်ဆင်မယ်။ (၂၀၂၅) မှာတော့ ရန်ကုန်-မန္တလေး တောက်လျှောက်ပြေးနိုင်ပြီ” လို့ မြန်မာ့မီးရထား (အောက်မြန်မာပြည်) တိုင်း (၇) မှ သွားလာရေးမန်နေဂျာ ဦးကျော်မျိုးလွင်က ပြောပါတယ်။

ရန်ကုန်-မန္တလေးရထားလမ်းမှာ ပြေးဆွဲမယ့် ရထားတွဲတွေက အမြင့်ဆုံးမြန်နှုန်းတစ်နာရီကို (၁၀၀) ကီလိုမီတာနဲ့ ပြေးဆွဲမှာဖြစ်ပြီး ရန်ကုန်မြို့ပတ်ရထားလမ်းမှာ ပြေးဆွဲမယ့် ရထားတွဲတွေက အမြင့်ဆုံးမြန်နှုန်း တစ်နာရီကို ၉၆၀ကီလိုမီတာနဲ့ ပြေးဆွဲသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ရထားတွဲသစ်တွေကို ရန်ကုန်မြို့ပတ်ရထားလမ်းအတွက် ၆၆တွဲ အသုံးပြုမှာဖြစ်ပြီး ရန်ကုန်- မန္တလေးရထားလမ်းပိုင်းအတွက် ရထားတွဲ ၁၈၀ တွဲ အသုံးပြုသွားမယ်လို့လည်းဆိုပါတယ်။

ရထားတွဲဝယ်ယူဖို့ ဂျပန်နိုင်ငံ အစိုးရ တရားဝင်ဖွံဖြိုးမှုအစီအစဉ် အရ ချေးငွေနဲ့ ဝယ်ယူသွားပြီး တန်ဖိုးငွေကတော့ ဂျပန်ယန်း ၆၉ ဘီလီယံခန့် ကုန်ကျနိုင်တယ်လို့လည်း သိရပါတယ်။မြန်မာနိုင်ငံကိုပို့မယ်ရထားတွဲတွေကို စပိန်နိုင်ငံရဲ့ အကြီးဆုံးရထားတွဲထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ CAF ကုမ္ပဏီကနေ ဂျပန်ထုတ်စက်ပစ္စည်းကိရိယာအချို့ကို အသုံးပြုပြီး ထုတ်လုပ်ထားတယ်လို့လည်း သိရပါတယ်။