၁. အစားေကာင္းမ်ားျဖင့္ထိန္းနည္း (အစာအိမ္ကိုထိန္းနည္း)
၂. ပိုက္ဆံ ကိုထိန္းနည္း
၃. လူကိုထိန္းနည္း
၄. မိမိ ကိုယ္ကိုယ္ထိန္းနည္း
၁. အစားေကာင္းမ်ားျဖင့္ထိန္းနည္း (အစာအိမ္ကိုထိန္းနည္း)
နံပါတ္တစ္နည္းကိုအသံုးျပဳေသာ မိန္းကေလး သည္ သေဘာထား အျဖဴစင္ဆံုးျဖစ္သည္။ ထို မိန္းကေလး မ်ဳိးကို အိမ္ေထာင္ဖက္ အျဖစ္ေရြးခ်ယ္ေသာ ေယာက္်ား သည္ ကံေကာင္းေသာသူျဖစ္သည္။
သူမသည္ သူခ်စ္ေသာ ေယာက္်ား ကို လြတ္လပ္ခြင့္ ေပးထားေသာေၾကာင့္ျဖစ္သည္။ သူမအတြက္ တစ္ခုေသာေမွ်ာ္လင့္ခ်က္မွာ မိမိ ျပင္ဆင္ခ်က္ျပဳတ္ထားေသာ အရသာ ရွိရွိ ထမင္းေကာင္း ဟင္းလွ်ာ မ်ားကို မိမိေယာက္်ား အခ်ိန္မွန္မွန္ျပန္လာစားရန္သာျဖစ္သည္။
၂. ပိုက္ဆံ ကိုထိန္းနည္း
နံပါတ္ႏွစ္နည္းကိုအသံုးျပဳေသာ မိန္းကေလး သည္ လည္လြန္းေသာသူျဖစ္သည္။ ေငြသည္ ေယာက္်ား၏အသက္၊ ေငြသည္ ေယာက္်ား ၏မာန၊ ေယာက္်ား မ်ားကိုေငြျဖင့္ ထိန္းခ်ဳပ္ျခင္းသည္ အထိေရာက္ဆံုးဟု ထင္ျမင္ထားေသာေၾကာင့္ျဖစ္သည္။
မိန္းကေလး အမ်ားစုသည္ ဒီနည္းကို ၾကိဳက္ၾကသည္။ သူမ ၏ မ်က္စိ ထဲတြင္ ေငြျဖင့္အရာရာကို ျမန္ျမန္ဆန္ဆန္ၿပီးနိုင္သည္ဟု ျမင္ထားေသာေၾကာင့္ျဖစ္သည္။
၃. လူကိုထိန္းနည္း
နံပါတ္သံုးနည္ းကိုအသံုးျပဳေသာ မိန္းကေလး သည္ ဆင္ျခင္စဥ္းစားဉာဏ္ နည္းေသာသူျဖစ္သည္။ ေယာက္်ားတစ္ေယာက္ကို လြတ္လပ္ခြင့္မေပးဘဲ ၾကိဳးခ်ည္ျပီး ထိန္းခ်ဳပ္ထားခ်င္ေသာ မိန္းကေလး သည္ ဒီနည္းကိုအသံုးျပဳေလသည္။
ဘယ္ ေယာက္်ာ းမွ် မိန္းကေလး တစ္ေယာက္၏ ၾကိဳးဆဲြရာတြင္ လိုက္မကခ်င္ၾက၊ ႏြားဖာၾကဳိးဆဲြျပီး ေစလိုရာေစဆိုတာမ်ဳိးကို မခံခ်င္ၾကေပ။ ဒီနည္းကိုအသံုးျပဳေသာ မိန္းကေလး၏ အိမ္ေထာင္ေရးသည္ ေနဝင္ခ်ိန္နီးကပ္ေနၿပီျဖစ္ေၾကာင့္ သတိျပဳသင့္သည္။
၄. မိမိကိုယ္ကိုယ္ထိန္းနည္း
နံပါတ္ေလးနည္း ကိုအသံုးျပဳေသာ မိန္းကေလး သည္ အသိဉာဏ ္ပညာ ရွိေသာ သူျဖစ္သည္။ ထို မိန္းကေလး မ်ဳိးသည္ ေလာကၾကီးသည္ မျမဲျခင္းတရား ပိုင္ဆုိုင္ထားသည္ကို ေသခ်ာနားလည္ထားေသာေၾကာင့္ျဖစ္သည္။
ေယာက္်ားမ်ားကို အစားေကာင္းျဖင့္ျဖစ္ေစ ၊ ေငြေၾကး ျဖင့္ျဖစ္ေစ၊ လူကိုျဖစ္ေစ အရာရာကိုပိုင္ဆိုင္ႏိုင္ျပီး မိမိကိုယ္ကိုယ္မထိန္းႏိုင္ပါက လူျဖစ္ရသည္မွာ အဓိပၸာယ္ကင္းမဲ့လွသည္ဟု ယံုၾကည္ထားေသာေၾကာင့္ျဖစ္သည္။
မိန္းကေလး တစ္ေယာက္ျဖစ္လွ်င္ မိမိ ကိုယ္ကိုထိန္းခ်ဳပ္ႏိုင္ရမည္။ တစ္ပါးသူအတြက္ အသက္ရွင္ ေနျခင္းမဟုတ္ပဲ မိမိ ဘာသာ ရပ္တည္နိုင္ေသာ၊ ေပ်ာ္ရႊင္မႈကိုရွာနိုင္ေသာ မိန္းကေလး ျဖစ္ရမည္။
အရာရာကိုဆင္ျခင္တံုတရားျဖင့္ ခြင့္လႊတ္ေနတတ္ရမည္။ ထို မိန္းကေလး မ်ဳိး၏ စိတ္သည္ အျမဲတည္ျငိမ္ေနသည္။ မိမ ိေယာက္်ာ းသည္ မည္မွ်ပင္ခ်မ္းသာပါေစ ထိုစည္းစိမ္တြင္ သူယစ္မူးမေနေပ၊ မွီခိုမေနေပ။
မိမိလုပ္နိုင္သမွ်၊ ရွာနိုင္သမွ်ကို လုပ္ရင္း ဘဝ ကို ရိုးရိုးရွင္းရွင္းျဖစ္ ကုန္လြန္ေစခ်င္ေသာ မိန္းကေလးမ်ဳိးျဖစ္သည္။
မိမိ ကိုယ္ကိုယ္အသိတရားျဖင့္ထိန္းခ်ဳပ္နိုင္ေသာ မိန္းကေလးမ်ဳိးသည္ မိမိေယာက္်ားက ကိုယ့္ကိုထားခဲ့၊ ခ်စ္သ ူက ထားခဲ့ပါေစ၊ ျဖစ္လာသမွ်ကို ျပံဳးျပံဳးေလးႏွင့္ ရင္ဆိုင္ႏိုင္ေသာ မိန္းကေလးျဖစ္သည္။
အဘယ္ေၾကာင့္ဆိုေသာ္ သူမ၏အသက္သည္ ေယာက္်ားအတြက္၊ ခ်စ္သူအတြက္မဟုတ္၊ မိမ ိကိုယ္ကိုယ္အတြက္သာျဖစ္သည္ဟု နားလည္ထားေသာေၾကာင့္ျဖစ္သည္။
သင္သည္ ဘယ္လ ိုမိန္းကေလး မ်ဳိးလဲ
သင္သည္ ဘယ္လို မိန္းကေလးမ်ဳိး ကို လက္ထပ္ယူခ်င္ပါသလဲ။ႏိုင္းႏိုင္းစေန ဟင္းေကာင္းေကာင္းလည္း မခ်က္တတ္ဘူး။ ပိုက္ဆံထိန္းဖို႔ ပိုက္ဆံလည္းမရွိဘူး။ လူကိုလည္း မထိန္းရဲဘူး။
ကိုယ့္ကိုယ္ကိုလည္း မထိန္းတတ္ဘူး။ ႏိုင္းႏိုင္းစေန အပ်င္းႀကီးၿပီး အစားႀကီးတယ္….ဟိုး စာေရးစ ေျမစမ္းခရမ္းပ်ဳိးကာလက ဘာသာျပန္ထားတဲ့စာေလးပါ ….အားလံုး အပ်င္းေျပပါေစ…..
#နိုင္းႏိုင္းစေန
==========
unicode
၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
၂. ပိုက်ဆံ ကိုထိန်းနည်း
၃. လူကိုထိန်းနည်း
၄. မိမိ ကိုယ်ကိုယ်ထိန်းနည်း
၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
နံပါတ်တစ်နည်းကိုအသုံးပြုသော မိန်းကလေး သည် သဘောထား အဖြူစင်ဆုံးဖြစ်သည်။ ထို မိန်းကလေး မျိုးကို အိမ်ထောင်ဖက် အဖြစ်ရွေးချယ်သော ယောက်ျား သည် ကံကောင်းသောသူဖြစ်သည်။
သူမသည် သူချစ်သော ယောက်ျား ကို လွတ်လပ်ခွင့် ပေးထားသောကြောင့်ဖြစ်သည်။ သူမအတွက် တစ်ခုသောမျှော်လင့်ချက်မှာ မိမိ ပြင်ဆင်ချက်ပြုတ်ထားသော အရသာ ရှိရှိ ထမင်းကောင်း ဟင်းလျှာ များကို မိမိယောက်ျား အချိန်မှန်မှန်ပြန်လာစားရန်သာဖြစ်သည်။
၂. ပိုက်ဆံ ကိုထိန်းနည်း
နံပါတ်နှစ်နည်းကိုအသုံးပြုသော မိန်းကလေး သည် လည်လွန်းသောသူဖြစ်သည်။ ငွေသည် ယောက်ျား၏အသက်၊ ငွေသည် ယောက်ျား ၏မာန၊ ယောက်ျား များကိုငွေဖြင့် ထိန်းချုပ်ခြင်းသည် အထိရောက်ဆုံးဟု ထင်မြင်ထားသောကြောင့်ဖြစ်သည်။
မိန်းကလေး အများစုသည် ဒီနည်းကို ကြိုက်ကြသည်။ သူမ ၏ မျက်စိ ထဲတွင် ငွေဖြင့်အရာရာကို မြန်မြန်ဆန်ဆန်ပြီးနိုင်သည်ဟု မြင်ထားသောကြောင့်ဖြစ်သည်။
၃. လူကိုထိန်းနည်း
နံပါတ်သုံးနည် းကိုအသုံးပြုသော မိန်းကလေး သည် ဆင်ခြင်စဉ်းစားဉာဏ် နည်းသောသူဖြစ်သည်။ ယောက်ျားတစ်ယောက်ကို လွတ်လပ်ခွင့်မပေးဘဲ ကြိုးချည်ပြီး ထိန်းချုပ်ထားချင်သော မိန်းကလေး သည် ဒီနည်းကိုအသုံးပြုလေသည်။
ဘယ် ယောက်ျာ းမျှ မိန်းကလေး တစ်ယောက်၏ ကြိုးဆွဲရာတွင် လိုက်မကချင်ကြ၊ နွားဖာကြိုးဆွဲပြီး စေလိုရာစေဆိုတာမျိုးကို မခံချင်ကြပေ။ ဒီနည်းကိုအသုံးပြုသော မိန်းကလေး၏ အိမ်ထောင်ရေးသည် နေဝင်ချိန်နီးကပ်နေပြီဖြစ်ကြောင့် သတိပြုသင့်သည်။
၄. မိမိကိုယ်ကိုယ်ထိန်းနည်း
နံပါတ်လေးနည်း ကိုအသုံးပြုသော မိန်းကလေး သည် အသိဉာဏ ်ပညာ ရှိသော သူဖြစ်သည်။ ထို မိန်းကလေး မျိုးသည် လောကကြီးသည် မမြဲခြင်းတရား ပိုင်ဆိုင်ထားသည်ကို သေချာနားလည်ထားသောကြောင့်ဖြစ်သည်။
ယောက်ျားများကို အစားကောင်းဖြင့်ဖြစ်စေ ၊ ငွေကြေး ဖြင့်ဖြစ်စေ၊ လူကိုဖြစ်စေ အရာရာကိုပိုင်ဆိုင်နိုင်ပြီး မိမိကိုယ်ကိုယ်မထိန်းနိုင်ပါက လူဖြစ်ရသည်မှာ အဓိပ္ပာယ်ကင်းမဲ့လှသည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။
မိန်းကလေး တစ်ယောက်ဖြစ်လျှင် မိမိ ကိုယ်ကိုထိန်းချုပ်နိုင်ရမည်။ တစ်ပါးသူအတွက် အသက်ရှင် နေခြင်းမဟုတ်ပဲ မိမိ ဘာသာ ရပ်တည်နိုင်သော၊ ပျော်ရွှင်မှုကိုရှာနိုင်သော မိန်းကလေး ဖြစ်ရမည်။
အရာရာကိုဆင်ခြင်တုံတရားဖြင့် ခွင့်လွှတ်နေတတ်ရမည်။ ထို မိန်းကလေး မျိုး၏ စိတ်သည် အမြဲတည်ငြိမ်နေသည်။ မိမ ိယောက်ျာ းသည် မည်မျှပင်ချမ်းသာပါစေ ထိုစည်းစိမ်တွင် သူယစ်မူးမနေပေ၊ မှီခိုမနေပေ။
မိမိလုပ်နိုင်သမျှ၊ ရှာနိုင်သမျှကို လုပ်ရင်း ဘဝ ကို ရိုးရိုးရှင်းရှင်းဖြစ် ကုန်လွန်စေချင်သော မိန်းကလေးမျိုးဖြစ်သည်။
မိမိ ကိုယ်ကိုယ်အသိတရားဖြင့်ထိန်းချုပ်နိုင်သော မိန်းကလေးမျိုးသည် မိမိယောက်ျားက ကိုယ့်ကိုထားခဲ့၊ ချစ်သ ူက ထားခဲ့ပါစေ၊ ဖြစ်လာသမျှကို ပြုံးပြုံးလေးနှင့် ရင်ဆိုင်နိုင်သော မိန်းကလေးဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူမ၏အသက်သည် ယောက်ျားအတွက်၊ ချစ်သူအတွက်မဟုတ်၊ မိမ ိကိုယ်ကိုယ်အတွက်သာဖြစ်သည်ဟု နားလည်ထားသောကြောင့်ဖြစ်သည်။
သင်သည် ဘယ်လ ိုမိန်းကလေး မျိုးလဲ
သင်သည် ဘယ်လို မိန်းကလေးမျိုး ကို လက်ထပ်ယူချင်ပါသလဲ။နိုင်းနိုင်းစနေ ဟင်းကောင်းကောင်းလည်း မချက်တတ်ဘူး။ ပိုက်ဆံထိန်းဖို့ ပိုက်ဆံလည်းမရှိဘူး။ လူကိုလည်း မထိန်းရဲဘူး။
ကိုယ့်ကိုယ်ကိုလည်း မထိန်းတတ်ဘူး။ နိုင်းနိုင်းစနေ အပျင်းကြီးပြီး အစားကြီးတယ်….ဟိုး စာရေးစ မြေစမ်းခရမ်းပျိုးကာလက ဘာသာပြန်ထားတဲ့စာလေးပါ ….အားလုံး အပျင်းပြေပါစေ…..။
#နိုင်းနိုင်းစနေ