Si Thu
Unicode
နာမည်ကြီးနေတဲ့ မော်လမြိုင် HDကိစ္စ ကောင်လေးကို ရဲစခန်းခေါ်လာပါပြီ
အသက်မပြည့်သေးတဲ့ မိန်းကလေးနဲ့ လိင်ဆက်ဆံခွင့်မရှိဘူး။မိန်းကလေးအလိုတူရင်တောင် ဒါဟာ မုဒိန်းမှုမြောက်တယ်။ဒါပေမယ့် အဲ့ကောင်က စောင့်စည်းရမှန်းမသိဘူး။လုပ်ရုံတင်မက videoပါရိုက်တယ်။ပြီးတော့ ရိုက်ထားတဲ့ ဗီဒီယိုကို ရည်ရွယ်ချက်ရှိရှိနဲ့လိုင်းပေါ်တင်ပစ်တယ်။ဘယ်လိုမိသားစုက ပေါက်ဖွားလာတဲ့ကောင်တုန်း။ဖြန့်တာတောင် ကောင်မလေးရှက်ပြီး သတ်သေသွားသည်အထိ ဖြန့်မှာတဲ့။မသေသေးသ၍ အထပ်ထပ်ဖြန့်နေမှာတဲ့။
တားတဲ့သူငယ်ချင်းတွေက တားကြတယ်။ကောင်မလေးအသက်က ၁၆နှစ်ပဲရှိသေးတာ။ဒီကောင်က ၁၈နှစ်။စိတ်ယုတ်မာချက်က မိမဆုံးမ၊ဖမဆုံးမမှန်းသိပ်သိသာတယ်။အဲဒီcaseကို မနေ့က ကျနော်လိုက်တယ်။သက်သေအစုံအလင်ရတယ်။ဒီကောင်ဖြန့်ခိုင်းတဲ့ သူငယ်ချင်းကလည်း ဝန်ခံတယ်။ဒီကောင်ကိုယ်တိုင်ကလည်း ဝန်ခံတယ်။
ပြဿနာက ပြီးသွားပြီ။ကောင်မလေးဘက်က နစ်နာမှုအတွက် တောင်းဆိုတာတွေလိုက်လျောပါ့မယ်။ကျနော်တင်ထားတဲ့ postတွေ ဖျက်ပေးပါဆိုလို့ ကျနော် only meပေးလိုက်တယ်။ကျနော်လည်း ဘယ်သူ့ကိုမှ အရှက်ရစေချင်တဲ့ ကောင်မဟုတ်ဘူး။နစ်နာခဲ့ရတဲ့ မိနိးကလေးအတွက် တရားမျှတမှုကို ရရှိစေချင်ရုံပဲ။
လွန်ခဲ့တဲ့ သုံးပတ်က ဖြစ်ခဲ့တဲ့ ကိစ္စပါကောင်မလေးတို့ဘက်က နုံအပြီးကြောက်တတ်တော့ဘာမှကို မတောင်းဆိုရဲဘူး။မနေ့ကမှ ကျနော်နဲ့ဆုံပြီးရသင့်တာပြန်ရဖို့ ကြိုးစားပေးခဲ့တာ။
ကောင်လေးက ဝန်ခံပြီးနောက် ပြဿနာပြီးပြီလို့ထင်ခဲ့တယ်။ဒါပေမယ့် ညကျတော့ ကောင်လေးအမေက ထဖောက်တယ်။သူ့သားဖြန့်တာ ဘာသက်သေရှိလဲ ဘာညာနဲ့။သူ့သားဖြန့်ခိုင်းတဲ့ ၁၅နှစ်သားကောင်လေးကို သွားပြဿနာရှာတယ်။နင် ဝန်ခံလိုက်တဲ့။နင်ဖြန့်တာတဲ့။ကောင်လေးက “အန်တီ့သားက ဖြန့်ခိုင်းတာလေ”လို့ ပြောတော့ “နင့်မှာ သက်သေရှိလား”တဲ့။”အန်တီသားနဲ့ ပြောထားတဲ့ conversationတွေရှိတယ်”လို့ပြောတော့ “အဲ့ဒါငါ့သားမဟုတ်ဘူး။ငါ့သားက ဖုန်းပျောက်သွားတာ”တဲ့။တကယ်ကို စောက်ရှက်မရှိတဲ့ မိန်းမကြီး။
ကျနော်ဖုန်းလှမ်းခေါ်တော့ ကျနော့်ကို ဗြောင်ထပ်လိမ်တယ်။အစ်မသားကိုယ်တိုင် ဝန်ခံထားတာလို့ပြောတော့”နင်က ဘယ်လိုခြိမ်းခြောက်မေးမှန်းမှမသိတာ။ငါ့သားကကလေးဆိုတော့ ကြောက်ပြီးဝန်ခံတာ နေမှာပေါ့”တဲ့။ဆင်သေကို ဆိတ်သားရေနဲ့ဖုံးလို့ လုံမတဲ့လား။
HDထဲမှာ ခင်ဗျားသား ခန္ဓာကိုယ်ကြီးပါတယ်။ခင်ဗျားသားက သူ့သူငယ်ချင်းတွေကို ဖြန့်ခိုင်းတဲ့ conversationတွေရှိတယ်။ခင်ဗျားသားဖြန့်ခါနီးမှာဝိုင်းတားကြပါတယ်ဆိုတဲ့ သူငယ်ချင်းတွေလည်းရှိတယ်။
တာဝန်လည်းမခံ ကိုယ်ချင်းလည်းမစာတဲ့ ခင်ဗျားတို့မိသားစု အရှက်ကွဲဖို့ ထိုက်တန်တယ်။ပြီးရင် တရားပါထပ်ဆွဲဦးမှာ။ခင်ဗျားသားကို မုဒိန်းမှုနဲ့ ထောင်ထဲရအောင်ထည့်မယ်။ကောင်မလေးအမေက သဘောမတူပါဘူးဆိုတဲ့ စကားတစ်ခွန်းပဲပြောလိုက်။HD သက်သေတင်လိုက်ရုံနဲ့ခင်ဗျားသား မုဒိနိးမှုမြောက်ပြီ။တရားစွဲဖို့ တရားစရိတ်ပါရှာပေးဦးမှာ။
Si Thu