သိပ္ခ်စ္တတ္တဲ့ ေယာက်ၤား ေလးေတြကို မိန္းကေလးေတြ ဘာလို႔ထားခဲ့ၾကသလဲ
လူတစ္ေယာက္က ကိုယ့္ကို အရမ္းခ်စ္တာမ်ိဳး ႀကံဳဖူးပါသလား။ ဒါမွမဟုတ္ ကိုယ္က သူ႔ကို အရမ္းခ်စ္တာမ်ိဳးကိုေရာ ခံစားရဖူးပါသလား။
အမ်ိဳးသမီးေတြဟာ အရမ္းခ်စ္တဲ့ ေယာက်ၤားေလးတစ္ေယာက္ရဲ႕ အခ်စ္ကို ခံႏိုင္ရည္မရွိၾကပါဘူး။ဘာလို႔လဲဆိုေတာ့…..
၁။ အမ်ိဳးသမီးေတြဟာ လြတ္လပ္မႈကိုႀကိဳက္ၾကပါတယ္
အမ်ိဳးသမီးေတြမွမဟုတ္ပါဘူး။ လူတိုင္းပါပဲ။ သူတို႔ကို ခ်ဳပ္ခ်ယ္တာမ်ိဳးကို ႀကိဳက္ၾကမယ္မထင္ပါဘူး။ ဒါေပမယ့္ ျပႆနာတစ္ခုက အမ်ိဳးသားေတြဟာ လူတစ္ေယာက္ကို ….
ပက္ပက္စက္စက္ ခ်စ္မိသြားရင္ အရမ္းခ်ဳပ္ခ်ယ္ ၾကေတာ့တာပါပဲ။ ငါလိုင္းေပၚမရွိရင္ ဖုန္းမသံုးရဘူးတို႔။ သူငယ္ခ်င္းေယာက်ၤားေလးေတြ ေပးမထားတာတို႔ေပါ့။ ေျပာရရင္ေတာ့ အမ်ားႀကီးပဲ။
၂။ သဝန္တိုလြန္းတာဟာ သူ႔ကိုေနရခက္ေစတယ္
သင့္အေနနဲ႔ ခ်စ္လြန္းလို႔ သဝန္တိုတာကို လက္ခံေပမယ့္ အရမ္းသဝန္တိုလာရင္ေတာ့ တဖက္လူရဲ႕ အခြင့္အေရးကို ပိတ္ပင္တာမ်ိဳး ျဖစ္သြားတတ္ပါတယ္။
ဒါ့ေၾကာင့္ သင့္ခ်စ္သူမိန္းကေလးကို တကယ္ခ်စ္ရင္ သဝန္တိုလို႔ေတာ့ရပါတယ္။ ဒါေပမယ့္ အကန္႔အသတ္ေလးေတာ့ရွိသင့္ပါတယ္။
၃။ ေယာက်ၤားေလးေတြဟာ အတၱႀကီးၾကတယ္
သင္နဲ႔ထပ္တူ မိန္းကေလးေတြမွာလည္း အတၱရွိတယ္ဆိုတာ မေမ့ေစခ်င္ပါဘူး။ သင္နဲ႔ပဲအတူတူရွိေနရမယ္ဆိုတာမ်ိဳး။ တစ္ေနရာရာသြားရင္လည္း သင့္ကို အေၾကာင္းၾကားရမယ္ဆိုတာမ်ိဳး။
သင္နဲ႔မဟုတ္ရင္ ဘယ္မွမသြားရဘူး။ သူ႕မွာ ေယာက်ၤားေလးအသိဆိုလို႔ သင္တစ္ေယာက္တည္းရွိရမယ္ဆိုတာမ်ိဳးေတြပါ။
၄။ သင့္အခ်စ္ေတြဟာ သူ႕ကိုဝန္ထုပ္ဝန္ပိုးျဖစ္ေစတယ္
တခ်ိဳ႕စံုတြဲေတြကိုျမင္ဖူးမွာပါ။ ေကာင္ေလးကအရမ္းခ်စ္တယ္။ ေကာင္မေလးက သိပ္မခ်စ္ဘူးဆိုတာမ်ိဳးေပါ့။ ဒါေပမယ့္လည္း သိပ္မခ်စ္ဘူးလို႔ လူေတြကျမင္ၾကတာလည္း ျဖစ္ႏိုင္ပါတယ္။
လူတိုင္းမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ပံုခ်စ္နည္းေတြမတူညီၾကဘူးေလ။သင့္အခ်စ္ေတြ၊ သင္သူ႔ကို အရမ္းခ်စ္ အရမ္းဂရုစိုက္လြန္းတာေတြက တခါတေလ သူ႕အတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ေစတတ္ပါတယ္။
ေယာက်ၤားေလးတစ္ေယာက္အေနနဲ႔ သူခ်စ္တဲ့ မိန္းကေလးတစ္ေယာက္ကုိ ပိုင္ဆိုင္ခ်င္တာမဆန္းပါဘူး။
ဒါေပမယ့္ အဲဒီလိုပိုင္ဆိုင္ခ်င္စိတ္ေတြကပဲ သင့္ေကာင္မေလးကို သင္နဲ႔ အေဝးဆံုးကို တြန္းပိုပေနတာသတိထားမိေစခ်င္ပါတယ္။
တခ်ိဳ႕မိန္းကေလးေတြဟာ ရည္းစားထားေပမယ့္ သူတို႕မွာ ရည္မွန္းခ်က္ႀကီးႀကီးမားမားရွိတတ္ၾကပါတယ္။
သင္က သူ႔ကိုခ်စ္လြန္းလို႔ သူနဲ႔အတူေနရဖို႔ ႀကိဳးစားေနတာေတြဟာ သူ႔ရည္မွန္းခ်က္အတြက္ အတားအဆီႀကီးႀကီးမားမားျဖစ္ေစႏိုင္ပါတယ္။
အဲဒီအခါ သူသင့္ကို ထားခဲ့သြားႏိုင္ပါတယ္။တကယ္ေတာ့ အမ်ားႀကီးခ်စ္တာလည္းမေကာင္းသလို နည္းနည္းေလးခ်စ္တာလည္းမေကာင္းပါဘူး။ အခ်စ္ဆိုတာ ညီမွ်ျခင္းရွိမွ ေရွ႕ဆက္လို႔ရမွာပဲေလ။
Credit: MyStyle
=========
unicode,
သိပ်ချစ်တတ်တဲ့ ယောင်္ကျား လေးတွေကို မိန်းကလေးတွေ ဘာလို့ထားခဲ့ကြသလဲ
လူတစ်ယောက်က ကိုယ့်ကို အရမ်းချစ်တာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ် ကိုယ်က သူ့ကို အရမ်းချစ်တာမျိုးကိုရော ခံစားရဖူးပါသလား။
အမျိုးသမီးတွေဟာ အရမ်းချစ်တဲ့ ယောင်္ကျားလေးတစ်ယောက်ရဲ့ အချစ်ကို ခံနိုင်ရည်မရှိကြပါဘူး။ဘာလို့လဲဆိုတော့…..
၁။ အမျိုးသမီးတွေဟာ လွတ်လပ်မှုကိုကြိုက်ကြပါတယ်
အမျိုးသမီးတွေမှမဟုတ်ပါဘူး။ လူတိုင်းပါပဲ။ သူတို့ကို ချုပ်ချယ်တာမျိုးကို ကြိုက်ကြမယ်မထင်ပါဘူး။ ဒါပေမယ့် ပြဿနာတစ်ခုက အမျိုးသားတွေဟာ လူတစ်ယောက်ကို ….
ပက်ပက်စက်စက် ချစ်မိသွားရင် အရမ်းချုပ်ချယ် ကြတော့တာပါပဲ။ ငါလိုင်းပေါ်မရှိရင် ဖုန်းမသုံးရဘူးတို့။ သူငယ်ချင်းယောင်္ကျားလေးတွေ ပေးမထားတာတို့ပေါ့။ ပြောရရင်တော့ အများကြီးပဲ။
၂။ သဝန်တိုလွန်းတာဟာ သူ့ကိုနေရခက်စေတယ်
သင့်အနေနဲ့ ချစ်လွန်းလို့ သဝန်တိုတာကို လက်ခံပေမယ့် အရမ်းသဝန်တိုလာရင်တော့ တဖက်လူရဲ့ အခွင့်အရေးကို ပိတ်ပင်တာမျိုး ဖြစ်သွားတတ်ပါတယ်။
ဒါ့ကြောင့် သင့်ချစ်သူမိန်းကလေးကို တကယ်ချစ်ရင် သဝန်တိုလို့တော့ရပါတယ်။ ဒါပေမယ့် အကန့်အသတ်လေးတော့ရှိသင့်ပါတယ်။
၃။ ယောင်္ကျားလေးတွေဟာ အတ္တကြီးကြတယ်
သင်နဲ့ထပ်တူ မိန်းကလေးတွေမှာလည်း အတ္တရှိတယ်ဆိုတာ မမေ့စေချင်ပါဘူး။ သင်နဲ့ပဲအတူတူရှိနေရမယ်ဆိုတာမျိုး။ တစ်နေရာရာသွားရင်လည်း သင့်ကို အကြောင်းကြားရမယ်ဆိုတာမျိုး။
သင်နဲ့မဟုတ်ရင် ဘယ်မှမသွားရဘူး။ သူ့မှာ ယောင်္ကျားလေးအသိဆိုလို့ သင်တစ်ယောက်တည်းရှိရမယ်ဆိုတာမျိုးတွေပါ။
၄။ သင့်အချစ်တွေဟာ သူ့ကိုဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်
တချို့စုံတွဲတွေကိုမြင်ဖူးမှာပါ။ ကောင်လေးကအရမ်းချစ်တယ်။ ကောင်မလေးက သိပ်မချစ်ဘူးဆိုတာမျိုးပေါ့။ ဒါပေမယ့်လည်း သိပ်မချစ်ဘူးလို့ လူတွေကမြင်ကြတာလည်း ဖြစ်နိုင်ပါတယ်။
လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ပုံချစ်နည်းတွေမတူညီကြဘူးလေ။သင့်အချစ်တွေ၊ သင်သူ့ကို အရမ်းချစ် အရမ်းဂရုစိုက်လွန်းတာတွေက တခါတလေ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတတ်ပါတယ်။
ယောင်္ကျားလေးတစ်ယောက်အနေနဲ့ သူချစ်တဲ့ မိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်ချင်တာမဆန်းပါဘူး။
ဒါပေမယ့် အဲဒီလိုပိုင်ဆိုင်ချင်စိတ်တွေကပဲ သင့်ကောင်မလေးကို သင်နဲ့ အဝေးဆုံးကို တွန်းပိုပနေတာသတိထားမိစေချင်ပါတယ်။
တချို့မိန်းကလေးတွေဟာ ရည်းစားထားပေမယ့် သူတို့မှာ ရည်မှန်းချက်ကြီးကြီးမားမားရှိတတ်ကြပါတယ်။
သင်က သူ့ကိုချစ်လွန်းလို့ သူနဲ့အတူနေရဖို့ ကြိုးစားနေတာတွေဟာ သူ့ရည်မှန်းချက်အတွက် အတားအဆီကြီးကြီးမားမားဖြစ်စေနိုင်ပါတယ်။
အဲဒီအခါ သူသင့်ကို ထားခဲ့သွားနိုင်ပါတယ်။တကယ်တော့ အများကြီးချစ်တာလည်းမကောင်းသလို နည်းနည်းလေးချစ်တာလည်းမကောင်းပါဘူး။ အချစ်ဆိုတာ ညီမျှခြင်းရှိမှ ရှေ့ဆက်လို့ရမှာပဲလေ။
Credit: MyStyle