ကျမ္မာရေး ဗဟုသုတ











ခရစ်ဒစ်

Unicode,

“နှာခေါင်း အမြဲတမ်းပိတ်ပြီး အသက်ရှူကျပ်နေလျှင် ကြက်ဟင်းခါးရွက်”

ဒီမနက်ခင်းတော့ နှာခေါင်း အမြဲတမ်း ပိတ်နေပြီး အမြဲလိုလို အသက်ရှူရခက်ခဲလို့ နည်းအမျိုးမျိုးနဲ့ ဆေးထိုး ၊ ဆေးစား ၊ ဆေးသောက် လုပ်နေရတဲ့ အသိ ညီမလေးတစ်ယောက်နဲ့ စကားစပ်မိရင်း..၊

သူမ လက်တွေ့ စမ်းသပ်ပြီး သက်သာပျောက်ကင်းခဲ့တဲ့ လွယ်ကူတဲ့ နည်းလေးတစ်ခုကို မျှဝေချင်ပါတယ်..။

အဲဒီ ညီမလေးရဲ့ အလုပ်ကလည်း အမြဲတမ်း အအေးပတ်ဖွဲ့ပြီး ရေနဲ့ မဖြစ်မနေ ထိစပ် နေရတဲ့ အလုပ်ကလေးပါ..။

ဆေးနည်းလေးက ကြက်ဟင်းခါးရွက် နှစ်ရွက်ခန့် ကြိတ်ချေပြီး အရည်ရအောင်ယူပါ..။

ထိုအရည်ကို နှာခေါင်းထဲသို့ ထည့်ပြီး ရှူပေးပါ ။ စရှူပြီး သိပ်မကြာခင်မှာ လည်ချောင်းတစ်လျှောက် နာကျင်သလို ခံစားရပြီး..။

တစ်ခါ နှာခေါင်းထဲမှာ တင်းကြပ် ပိတ်ဆို့ သွားတယ်လို့ ခံစားရပါမယ်..။

သိပ်မကြာခင် နှာချေလာပါမယ် ။ ပြီးရင် နှာခေါင်းထဲက ပိတ်ဆို့နေတဲ့ နှပ် အခဲ ၊ အပုပ် တွေ ထွက်ကျ လာပါပြီး နေရ ထိုင်ရတာ အရင်ကထက်အသက်ရှူရ ကောင်းမွန်ပြီး ပေါ့ပါး သွားပါတယ်လို့ ဝမ်းမြောက်စွာ ဆိုပါတယ်..။

ဒီ လို ဝေ ဒ နာ ခံ စား ရ တဲ့ မိတ် ဆွေ များ လို အပ် ရင် အ သုံး ပြု ကြည့် နိုင် ပါ ရန် မျှ ဝေ ပေး လိုက် ပါ တယ် ။ အား လုံး ပဲ အ သက် ရှည် ကျန်း မာ ကြ ပါ စေ ရှင်..၊

ခရစ်ဒစ်