ၾကားသိရသမွ်

လူပ်ိဳႀကီး အပ်ိဳႀကီးေသဆုံးလွ်င္ ငွက္ေပ်ာတုန္းထည့္ရျခင္းရဲ႕ အေၾကာင္းရင္းမွန္…

ငွက္ေပ်ာတုန္းထည့္ျခင္းအဓိပၸါယ္

onile ေပၚမွာ အသက္၈၇ ႏွစ္အပ်ိဴ ႀကီး အေခါင္းထဲငွက္ေပ်ာတုန္းထည့္ျခင္းနဲ႔ပက္သက္ၿပီး ထည့္ရတဲ့အႏွစ္အစစ္ကို ေျပာခ်င္လို႔ပါ

လူပ်ိဳႀကီး အပ်ိဳႀကီးေသဆုံးျခင္းႏွင့္ ငွက္ေပ်ာတုံး မည္သို႔ ပတ္သတ္ပါသနည္း ..?

အားလုံးလိုလို ေျပာဆိုစေနာက္ေနၾကတဲ့ ဟာသစကားေလး တစ္ခြန္းကေသရင္ ငွက္ေပ်ာတုံးဖက္ေနရမယ္ ေနာ္ ဆိုတဲ့

က်ီစယ္မႈေလးေၾကာင့္ တစ္ေယာက္စ တစ္ရာဆိုသလို တစ္ေယာက္က စလို႔ သူစ ကိုယ္စနဲ႔ လူပ်ိဳႀကီး အပ်ိဳႀကီးေတြအတြက္

ငွက္ေပ်ာတုံးက စ,စရာတစ္ခု ျဖစ္လာ ခဲ့တာထင္ပါတယ္ ။ သာမာန္အျမင္အယူအစအေနနဲ႔ ငွက္ေပ်ာတုံးကပဲ ေသသူအတြက္ အေဖာ္ျဖစ္ေစသလိုလို ၊

ဒီဘဝ အိမ္ေထာင္ မက်ပဲေသသြားရလို႔ေနာက္ေနာင္ဘဝေတြ အတြက္အိမ္ေထာင္က်ေအာင္ဓာတ္႐ိုက္ ဓာတ္ဆင္သေဘာနဲ႔ ယၾတာေခ်တာလိုလို ဒီလိုပဲ ထင္ျမင္ေနၾကတာပါ ။

ဒီကိစၥနဲ႔ ပက္သက္ၿပီး ဒီေန႔လူမႈကြန္ယက္ေပၚမွာ ျမင္ေတြ႕ေနတဲ့ ေသဆုံးသူနဲ႔ အျဖစ္နဲ႔ တင္ထားၾကတာ ေတြ႕ရၿပီး

တခ်ိဳ႕ကလည္း လက္ခံစရာမရွိေၾကာင္း ေရးတင္ထားၾကတာ ေတြ႕ရတယ္ ။

ဘာပဲျဖစ္ျဖစ္ယခုပုံပါ အခင္းျဖစ္ရာေဒသရဲ႕ အယူအစြဲက ဘယ္လိုေၾကာင့္ အခုလို ငွက္ေပ်ာတုံးထည့္တာလဲ ဆိုတာေတာ့ မသိနားမလည္ပါဘူး ။

ဒါေပမဲ့ ငွက္ေပ်ာတုံးဟာလူပ်ိဳႀကီး အပ်ိဳႀကီး ျဖစ္ျခင္းနဲ႔ မဆိုင္ပါဘူး ။ လူသားအားလုံးအတြက္ ဥပမာျပထားတဲ့ ပစၥည္းတစ္ခုလို႔ ေျပာလို႔ရမယ္ ထင္ပါတယ္ ။

သီတဂူဆရာေတာ္ဘုရားႀကီး ရဲ႕ ဘဝတန္ဖိုး တရားေတာ္ထဲမွာ

“ အနိစၥ အခ်က္ မျပတ္ႏွိပ္စက္တဲ့ ခႏၶာ ဒုကၡ အခ်က္ မျပတ္ႏွိပ္စက္တဲ့ ခႏၶာ

အနတၱ အခ်က္ျဖင့္ မျပတ္ႏွိပ္စက္ေနတဲ့ ခႏၶာ ဘာမ်ား အႏွစ္သာရ ရွိေသးလည္း ။

မၾကာခင္ ပစ္ရေတာ့ မယ္ ။ ငွက္ေပ်ာတုံး အခြံေတြ ခြါ ခြါ လိုက္တိုင္း ခြါ လိုက္တိုင္း အေပၚက တစ္ဖတ္ ခြါလိုက္လည္း အခြံပါပဲ ။

ေနာက္တစ္ဖတ္ခြါလိုက္လည္း အခြံပါပဲ ။ ခြါရင္း ခြါရင္း နဲ႔ အခြံ ခ်ည္းပဲ ထြက္တယ္ ။

အႏွစ္ မရပါဘူး ။ ဒီခႏၶာကိုယ္ႀကီး ဟာ ငွက္ေပ်ာတုံး နဲ႔ မ်ခားဘူး လို႔ ေသဘာက္ ။

႐ူကၡႏၶာ တစ္ဖတ္ ခြါ အကာပဲ ။ ေဝဒနာကၡႏၶာ တစ္ဖတ္ ခြါ ၊

သညာကၡႏၶာ သခၤါရကၡႏၶာ ၊ ဝိညာဏကၡႏၶာ တစ္ထပ္စီ တစ္ထပ္စီ ခြါ ၊ ခြါ ခ်င္တိုင္း ခြါ ၊ ငွက္ေပ်ာတုံးလိုပါပဲ ။

အကာခ်ည္းပဲ ထြက္တယ္ ။ မၾကာခင္ သုႆန္မွာ ပစ္ရေတာ့မယ္ ။ ဘာမ်ား အႏွစ္ ရွိလဲ …?

ဒီခႏၶာ အႏွစ္ ရွိတယ္ ထင္ၿပီးေတာ့ မြမ္းမံ ျပင္ဆင္ေနရင္အကာကိုတြယ္တာမက္ေမာေနၾကတာ ။

ခႏၶာကိုယ္ ရဲ႕ အႏွစ္ဟာ ဘာလဲ ..? အနိစၥ ျဖစ္တာ ျဖစ္မွန္း သိေအာင္ ၾကည့္ ။ အနိစၥာႏုပႆနာဉာဏ္ ရရင္ အႏွစ္ ။ ဒုကၡ ျဖစ္တာ ျဖစ္မွန္း သိေအာင္ၾကည့္ ။

ဒုကၡာႏုပႆနာဉာဏ္ ရရင္ အႏွစ္ ။ အနတၱ ျဖစ္တာ ျဖစ္မွန္း သိေအာင္ၾကည့္ ။

အနတၱာႏုပႆနာဉာဏ္ ရရင္ အႏွစ္ပါပဲ ။ အဲ့ဒါ ဘဝမွာ တန္ဖိုးရွိတဲ့ အႏွစ္လို႔ သေဘာက် ။ ဒီအႏွစ္ကို ရရင္လူ႔ဘဝမွာ ေနရက်ိဳး နပ္ၿပီ ။ ေသရက်ိဳး နပ္ၿပီ ။

ဒီအႏွစ္မွ မရရင္ ဘဝမွာ ေနရက်ိဳးလည္းမနပ္ ၊ ေသရက်ိဳးလည္း မနပ္ျဖစ္လိမ့္မယ္ ´´ လို႔ သီတဂူဆရာေတာ္ႀကီး၏ ဘဝတန္ဖိုးစာအုပ္/ႏွာ ၅၇ ေဟာၾကားထားတာ ရွိပါတယ္ ။

ဒါေၾကာင့္ အိမ္ေထာင္မက်ပဲ ေသဆုံးရလို႔ ငွက္ေပ်ာတုံး ထည့္ရျခင္းမွာအေၾကာင္း ဆက္စပ္မႈ မရွိသလိုသေဘာမပါသည့္ အေျပာဟာသတစ္ခုသာျဖစ္ပါတယ္ ။

ေ႐ႊၿမိဳင္ဆရာေတာ္

————————

ငှက်ပျောတုန်းထည့်ခြင်းအဓိပ္ပါယ်

onile ပေါ်မှာ အသက်၈၇ နှစ်အပျိူ ကြီး အခေါင်းထဲငှက်ပျောတုန်းထည့်ခြင်းနဲ့ပက်သက်ပြီး ထည့်ရတဲ့အနှစ်အစစ်ကို ပြောချင်လို့ပါ

လူပျိုကြီး အပျိုကြီးသေဆုံးခြင်းနှင့် ငှက်ပျောတုံး မည်သို့ ပတ်သတ်ပါသနည်း ..?

အားလုံးလိုလို ပြောဆိုစနောက်နေကြတဲ့ ဟာသစကားလေး တစ်ခွန်းကသေရင် ငှက်ပျောတုံးဖက်နေရမယ် နော် ဆိုတဲ့

ကျီစယ်မှုလေးကြောင့် တစ်ယောက်စ တစ်ရာဆိုသလို တစ်ယောက်က စလို့ သူစ ကိုယ်စနဲ့ လူပျိုကြီး အပျိုကြီးတွေအတွက်

ငှက်ပျောတုံးက စ,စရာတစ်ခု ဖြစ်လာ ခဲ့တာထင်ပါတယ် ။ သာမာန်အမြင်အယူအစအနေနဲ့ ငှက်ပျောတုံးကပဲ သေသူအတွက် အဖော်ဖြစ်စေသလိုလို ၊

ဒီဘဝ အိမ်ထောင် မကျပဲသေသွားရလို့နောက်နောင်ဘဝတွေ အတွက်အိမ်ထောင်ကျအောင်ဓာတ်ရိုက် ဓာတ်ဆင်သဘောနဲ့ ယတြာချေတာလိုလို ဒီလိုပဲ ထင်မြင်နေကြတာပါ ။

ဒီကိစ္စနဲ့ ပက်သက်ပြီး ဒီနေ့လူမှုကွန်ယက်ပေါ်မှာ မြင်တွေ့နေတဲ့ သေဆုံးသူနဲ့ အဖြစ်နဲ့ တင်ထားကြတာ တွေ့ရပြီး

တချို့ကလည်း လက်ခံစရာမရှိကြောင်း ရေးတင်ထားကြတာ တွေ့ရတယ်

ဘာပဲဖြစ်ဖြစ်ယခုပုံပါ အခင်းဖြစ်ရာဒေသရဲ့ အယူအစွဲက ဘယ်လိုကြောင့် အခုလို ငှက်ပျောတုံးထည့်တာလဲ ဆိုတာတော့ မသိနားမလည်ပါဘူး ။

ဒါပေမဲ့ ငှက်ပျောတုံးဟာလူပျိုကြီး အပျိုကြီး ဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး ။ လူသားအားလုံးအတွက် ဥပမာပြထားတဲ့ ပစ္စည်းတစ်ခုလို့ ပြောလို့ရမယ် ထင်ပါတယ် ။

သီတဂူဆရာတော်ဘုရားကြီး ရဲ့ ဘဝတန်ဖိုး တရားတော်ထဲမှာ

“ အနိစ္စ အချက် မပြတ်နှိပ်စက်တဲ့ ခန္ဓာ ဒုက္ခ အချက် မပြတ်နှိပ်စက်တဲ့ ခန္ဓာ

အနတ္တ အချက်ဖြင့် မပြတ်နှိပ်စက်နေတဲ့ ခန္ဓာ ဘာများ အနှစ်သာရ ရှိသေးလည်း ။

မကြာခင် ပစ်ရတော့ မယ် ။ ငှက်ပျောတုံး အခွံတွေ ခွါ ခွါ လိုက်တိုင်း ခွါ လိုက်တိုင်း အပေါ်က တစ်ဖတ် ခွါလိုက်လည်း အခွံပါပဲ ။

နောက်တစ်ဖတ်ခွါလိုက်လည်း အခွံပါပဲ ။ ခွါရင်း ခွါရင်း နဲ့ အခွံ ချည်းပဲ ထွက်တယ် ။

အနှစ် မရပါဘူး ။ ဒီခန္ဓာကိုယ်ကြီး ဟာ ငှက်ပျောတုံး နဲ့ မျခားဘူး လို့ သေဘာက် ။

ရူက္ခန္ဓာ တစ်ဖတ် ခွါ အကာပဲ ။ ဝေဒနာက္ခန္ဓာ တစ်ဖတ် ခွါ ၊

သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ၊ ဝိညာဏက္ခန္ဓာ တစ်ထပ်စီ တစ်ထပ်စီ ခွါ ၊ ခွါ ချင်တိုင်း ခွါ ၊ ငှက်ပျောတုံးလိုပါပဲ ။

အကာချည်းပဲ ထွက်တယ် ။ မကြာခင် သုဿန်မှာ ပစ်ရတော့မယ် ။ ဘာများ အနှစ် ရှိလဲ …?

ဒီခန္ဓာ အနှစ် ရှိတယ် ထင်ပြီးတော့ မွမ်းမံ ပြင်ဆင်နေရင်အကာကိုတွယ်တာမက်မောနေကြတာ

ခန္ဓာကိုယ် ရဲ့ အနှစ်ဟာ ဘာလဲ ..? အနိစ္စ ဖြစ်တာ ဖြစ်မှန်း သိအောင် ကြည့် ။ အနိစ္စာနုပဿနာဉာဏ် ရရင် အနှစ် ။ ဒုက္ခ ဖြစ်တာ ဖြစ်မှန်း သိအောင်ကြည့် ။

ဒုက္ခာနုပဿနာဉာဏ် ရရင် အနှစ် ။ အနတ္တ ဖြစ်တာ ဖြစ်မှန်း သိအောင်ကြည့် ။

အနတ္တာနုပဿနာဉာဏ် ရရင် အနှစ်ပါပဲ ။ အဲ့ဒါ ဘဝမှာ တန်ဖိုးရှိတဲ့ အနှစ်လို့ သဘောကျ ။ ဒီအနှစ်ကို ရရင်လူ့ဘဝမှာ နေရကျိုး နပ်ပြီ ။ သေရကျိုး နပ်ပြီ ။

ဒီအနှစ်မှ မရရင် ဘဝမှာ နေရကျိုးလည်းမနပ် ၊ သေရကျိုးလည်း မနပ်ဖြစ်လိမ့်မယ် ´´ လို့ သီတဂူဆရာတော်ကြီး၏ ဘဝတန်ဖိုးစာအုပ်/နှာ ၅၇ ဟောကြားထားတာ ရှိပါတယ် ။

ဒါကြောင့် အိမ်ထောင်မကျပဲ သေဆုံးရလို့ ငှက်ပျောတုံး ထည့်ရခြင်းမှာအကြောင်း ဆက်စပ်မှု မရှိသလိုသဘောမပါသည့် အပြောဟာသတစ်ခုသာဖြစ်ပါတယ် ။

ရွှေမြိုင်ဆရာတော်