Momo Lay
========
unicode,
ပထမဆုံး အတွေ့ကြုံမှာ ချစ်သူလေး ကို ဘယ်လိုနမ်းမလဲ?
အဆင့်(1) – နေရာ နဲ့အချိန် က အရမ်းအရေးကြီးပါတယ်။ နှစ်ယောက်သား စကားအေးဆေးပြောလို့ရမယ့် ပန်းခြံလိုနေရာမျိုးကိုရွေးချယ်ပါ။ ချစ်သူ က စိတ်လက်ကြည်သာနေချိန်ဖြစ်ပါစေ။
အဆင့်(2) – သူ့ရဲ့အလှအပ နဲ့အပြုမူတွေအပေါ်ချီးမွမ်းမူလေးတွေလုပ်ပါ။ ဒီနေ့ဝတ်လာတာ အရမ်းလိုက်တယ်၊ ချစ်ဖို့ကောင်းတယ်ပေါ့။ သင်တို့နှစ်ဦးရဲ့စကားပွဲ ဟာ ကြည်နူးစရာလေးဖြစ်ပါစေ။
အဆင့်(3) – အနားကိုကပ်သွားပြီး လက်ကလေးကိုင်ကာ ရင်ခွင်ထဲဆွဲသွင်းထားလိုက်ပါ။ သူအလိုက်သင့်လေးပါလာရင် သင့်အတွက်ရာသီဥတု သာယာဖို့များနေပါပြီ။
အဆင့်(4) – စကားလေးတွေပြောနေရင်း နဖူးလေး(သို့) ဆံပင်လေးတွေကို ဖွဖွလေး နမ်းပေးလိုက်ပါ။ သူ့လက်မောင်းသားလေးတွေကို သင့်လက်က နုနုရွရွလေး ပွတ်သပ်ပေးနေသင့်ပါတယ်။
အဆင့်(5) – မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ပြုံးပြီး ရှက်စနိုးလေးမော့ကြည့်လာမယ်ဆိုရင်တော့ သင်တို့နှစ်ဦးနောက်တစ်ဆင့်ကိုသွားဖို့အဆင်သင့်ဖြစ်နေပါပြီ။
အဆင့်(6) – သင်တို့နှစ်ဦးရဲ့ဘဝမှာ ပထမဆုံး အနမ်းလေး ကို မွေးဖွားကြဖို့အချိန်ရောက်ပါပြီ။ လောကကြီးကို ခဏမေ့ထားလိုက်ပါ။ ဦးဆုံးအချိန်မှာ နူတ်ခမ်း ဖူးဖူးလေးတွေကို ထိယုံလောက်ဆိုလုံလောက်ပါပြီ။
အဆင့်(7) – ဘဝမှာပထမဆုံးပြင်သစ် အနမ်းလေး ကို စတင်မွေးဖွားလာပါပြီ။ ပခုံးလေးနဲ့လက်မောင်းလေးကိုပွေ့ဖက်ပွတ်သပ်ပေးပါ။ နူတ်ခမ်းဂဟေဆက်ခြင်းဟာ ထင်သလောက်မခက်ဘူးဆိုတာ သင်သိလာပါပြီ။
အဆင့်(8) – ပေါ့ပါးငြင်သာစွာအဆုံးသတ်ပါမယ်။ ပါးလေး ကိုနမ်းရင်း ခေါင်းလေး ကိုပုခုံးထက်မှာမှီစေကာ လောကကြီးနဲ့ပြန်လည်ဆက်သွယ်လို့ရပါပြီ။
Momo Lay