က်မၼာေရး ဗဟုသုတ

မနက်တိုင်းအသုံးပြုနေတဲ့ သွားတိုက်ဆေးရဲ့ အစွမ်းများ..

မနက်တိုင်း အသုံးပြုနေတဲ့ သွားတိုက်ဆေးရဲ့ အစွမ်းများ သိထားသင့်တယ် ထင်လို့ပါ။

သွားတိုက်ဆေးကို မနက်တိုင် သွားသန့်ရှင်းတောက်ပြောင်ဖို့နဲ့ ခံတွင်းနံ့ ကင်းစင်ဖို့အတွက်ပဲ အသုံးပြုလို့ရတာ မဟုတ်ဖူးနော်… သွားတိုက်ဆေးနဲ့ အခြားဖြေရှင်းလို့ရမယ့် နည်းလမ်းအချို့လည်း ရှိပါသေးတယ်နော်။

( 1 )- အမဲစက်နဲ့ အမဲကွက်ပြသာနာများ သွားတိုက်ဆေး ၁ ဇွန်း နှင့် သံပုရာရည် ၂ စက် တို့ကို ရောမွှေပြီး ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမဲစက်နှင့် အမဲကွက်များပေါ်သို့ ပွတ်လိမ်းပေးပြီး ၁၀ မိနစ် ( သို့ ) ၁၅ မိနစ်ခန့် ထားပါ။ ပြီးလျှင် ရေဆေးချလိုက်ပါဗျာ ။

( 2 )- ဝက်ခြံပြသာနာများ သွားတိုက်ဆေးကို နားကြပ်တံ သို့ ဂွမ်းတံလေးနဲ့ ယူပြီး ဝက်ခြံပေါက်နေသည့် နေရာများကို ပါးပါးလေးပွတ်လိမ်းပေးပါ။ နာရီအနည်းငယ် သို့ တစ်ညလုံးနီးပါး လိမ်းထားပြီး ရေနဲ့ဆေးချလိုက်မယ်ဆိုရင် ဝက်ခြံတွေ ချပ်သွားတာကို တွေ့နိုင်မှာပါ ။

ဒီနည်းလမ်းဟာ လူတိုင်းနဲ့တော့အဆင်မပြေနိုင်ပါဘူး၊ အသားအရေ sensitive ဖြစ်တဲ့ သူတွေဆိုရင်တော့ မလုပ်သင့်ပါဘူး ။

( 3 )- အသားအရေချောမွေ့ဖြူနိုင်ခြင်း သွားတိုက်ဆေး ၁ ဇွန်း နှင့် ခရမ်းချဉ်သီးအရည် ၁ ဇွန်းတို့ကို ရောပြီး သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့်ထားပြီး ရေဆေးချလိုက်ပါ ။

( 4 )- ဆားဝက်ခြံပြသာနာများ သွားတိုက်ဆေးနဲ့ ဆားနဲ့ Rose Water အရည်တို့ကို ရောမွေပြီး ဆားဝက်ခြံရှိတဲ့ နေရာတွေမှာ ခပ်ပါးပါးလေးလိမ်းပြီး ၁၀ မိနစ်ခန့် စက်ဝိုင်းပုံဖြင့် ညင်သာစွာ ပွတ်လိမ်းပေးပါ။ ပြီးလျှင် ရေအေးနဲ့ ဆေးချလိုက်တာနဲ့ ဆားဝက်ခြံတွေ သိသိသာသာ လျော့ကျသွားတာပါ တွေ့နိုင်မှာပါ။

( 5 )- မလိုချင်တဲ့ အမွှေးအမျှင်တွေဖယ်ရှားနိုင်ခြင်း သွားတိုက်ဆေး၊ သံပုရာရည် နှင့် သကြားတို့ကို ရောမွှေပြီး လိမ်းပေးပါ။ ခြောက်လျှင် ရေအေးနဲ့ ဆေးချလိုက်ပါ

( 6 )- အနံ့အသက်စွဲခြင်းများကို ဖယ်ရှားနိုင်ခြင်း အကယ်၍ လက်မှာ အနံ့အသက်ပြင်းတာတွေကိုင်မိလို့ စွဲနေမယ်ဆိုရင်လည်း သွားတိုက်ဆေးနဲ့ ဆေးကြောသန့်စင်လိုက်တာနဲ့ အနံ့အသက်ကင်းစင်နိုင်မှာ ဖြစ်ပါတယ်

( 7 )- လက်သည်း၊ ခြေသည်းများအား သန့်ရှင်းနိုင်ခြင်း လူတစ်ယောက်မှာ မျက်နှာပြီးရင် လက်သည်း၊ ခြေသည်းတွေဟာလည်း လှပနေဖို့ အရေးကြီးဆုံးထဲမှာ ပါပါတယ်။

သွားတိုက်ဆေးနဲ့ လက်သည်း၊ ခြေသည်းတို့ကို သွားပွတ်တံ (သို့) ဂွမ်းစလေးနဲ့ ၅ မိနစ်ခန့် ပွတ်တိုက်ပေးပြီး ရေဆေးချလိုက်မယ်ဆိုရင် ပိုမိုလှပတောက်ပြောင်တဲ့ လက်သည်း၊ ခြေသည်းလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ

( 8 )- မျက်နှာအဆီပြန်ခြင်းကို လျှော့နည်းစေခြင်း သွားတိုက်ဆေးနဲ့ ဆားနဲ့ကို ရေနဲ့ဖျော်ပြီး မနက်တိုင်း မျက်နှာသစ်ရင်း သစ်ပေးရင် တစ်နေ့လုံးအဆီပြန်တာကို လျှော့နည်းလာတာကို တွေ့ရမှာပါ

( 9 )- နှုတ်ခမ်းသားလေးတွေ နူးညံ့အောင်ပြုလုပ်နိုင်ခြင်းသွားတိုက်ဆေးကို နှုတ်ခမ်းသားလေးတွေ နူးညံ့အိစက်နိုင်အောင်လည်း ဆဲလ်သေတွေကို ဖယ်ရှားတဲ့ နေရာမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

သွားတိုက်ဆေးနဲ့ မုန့်ဖုတ်ဆိုဒါနဲ့ရောပြီး နှုတ်ခမ်းသားကို သွားတိုက်တံ သို့မဟုတ် ဂွမ်းစလေးနဲ့ ညင်ညင်သာသာလေး ပွတ်တိုက်ပေးရမှာပါ။ သွားတိုက်ဆေးကို အများကြီးတော့ မသုံးရပါဘူး။

အဲလိုလေး ပြုလုပ်ပေးမယ်ဆိုရင် သင့်နှုတ်ခမ်းသားမှ ဆဲလ်သေတွေ ကင်းစင်ပြီး နူးညံ့တဲ့နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်နိုင်မှာပါ။

ပျိုမေတို့ရဲ့ အလှအပ ကျန်းမာရေးဆိုင်ရာ သဘာဝနည်းလမ်းများကို အစဉ်အမြဲ သိရှိနိုင်ဖို့အတွက်

Zawgyi
















