ကျွန်တော်၏ ကိုယ်တွေ့ ဆေးနည်းများကို အများဝေဒနာရှင်များ သိရှိကုသနိုင်ရန် တင်ပြလိုက်ရပါသည်။ လွန်ခဲ့သော (၈) တန်း ကျောင်းသားဘ၀လောက်ကပါ။
ကျွန်တော်၏ ဦးမင်းနှင့် အဒေါ်ရှိရာ မအူပင်မြို့နယ် ရေလဲကလေးကျေးရွာသို့ မရောက်တာကြာပြီဖြစ်၍ သွားရောက်ခဲ့ပါသည်။ မအူပင်မှ ရေလဲကလေးသို့ ဒေါဂျစ်ကားစီး၍ သွားရပါသည်။
အိမ်ပြန်ရောက်၍ သုံးရက်ကြာသော် တင်ပါးတစ်ပြင်လုံး တစ်လုံးပြီးတစ်လုံး သွေးစုနာများ မရေနိုင်အောင် ပေါက်ပါသည်။
ဆေးမြီးတိုများ လိုက်မေးရာ ဆေးနည်းမှာ – ထုံးသန့်သန့် (၁) ထုပ်၊ ပျားရည် (အစစ်) (၂) ကျပ်ခွဲသားခန့်၊ (အနည်းငယ်စီ)။၎င်းကို လက်ဝါးထဲထည့်ပြီး နယ်ပါ။
နှစ်မိနစ်ခန့်ကြာလျှင် ကျောက်ဖြစ်ပါသည်။ အမြန်နယ်ပြီး အနာပေါ် အမြန်လူးပါ။
ချက်ချင်းခြောက်သွားပါသည်။ (၂) ခါလောက်လူးပါက နုလျှင်ပေါက်၊ ရင့်လျှင် မှည့်ပြီး ပြည်ပေါက်ပါသည်။
တင်ပါးတွင် ဖြစ်ပါက ဖိထိုင်ပေးပါ။လက်တွေ့ပျောက်တဲ့ဆေးနည်းလေးပါ။
zawgyi
ကြၽန္ေတာ္၏ ကိုယ္ေတြ႕ ေဆးနည္းမ်ားကို အမ်ားေဝဒနာရွင္မ်ား သိရွိကုသနိုင္ရန္ တင္ျပလိုက္ရပါသည္။ လြန္ခဲ့ေသာ (၈) တန္း ေက်ာင္းသားဘ၀ေလာက္ကပါ။
ကြၽန္ေတာ္၏ ဦးမင္းႏွင့္ အေဒၚရွိရာ မအူပင္ၿမိဳ႕နယ္ ေရလဲကေလးေက်း႐ြာသို႔ မေရာက္တာၾကာၿပီျဖစ္၍ သြားေရာက္ခဲ့ပါသည္။ မအူပင္မွ ေရလဲကေလးသို႔ ေဒါဂ်စ္ကားစီး၍ သြားရပါသည္။
အိမ္ျပန္ေရာက္၍ သုံးရက္ၾကာေသာ္ တင္ပါးတစ္ျပင္လုံး တစ္လုံးၿပီးတစ္လုံး ေသြးစုနာမ်ား မေရနိုင္ေအာင္ ေပါက္ပါသည္။
ေဆးၿမီးတိုမ်ား လိုက္ေမးရာ ေဆးနည္းမွာ ထုံးသန႔္သန႔္ (၁) ထုပ္၊ ပ်ားရည္ (အစစ္) (၂) က်ပ္ခြဲသားခန႔္၊ (အနည္းငယ္စီ)။၎ကို လက္ဝါးထဲထည့္ၿပီး နယ္ပါ။
ႏွစ္မိနစ္ခန႔္ၾကာလွ်င္ ေက်ာက္ျဖစ္ပါသည္။ အျမန္နယ္ၿပီး အနာေပၚ အျမန္လူးပါ။
ခ်က္ခ်င္းေျခာက္သြားပါသည္။ (၂) ခါေလာက္လူးပါက ႏုလွ်င္ေပါက္၊ ရင့္လွ်င္ မွည့္ၿပီး ျပည္ေပါက္ပါသည္။
တင္ပါးတြင္ ျဖစ္ပါက ဖိထိုင္ေပးပါ။လက္ေတြ႕ေပ်ာက္တဲ့ေဆးနည္းေလးပါ။