အေထြအေထြဗဟုသုတ

ကျတော်တို့ စားသုံးသူ ပြည်သူတွေ ဘယ်လောက်တောင် ဂျင်းထည့်ခံနေရပြီလဲဆိုတာ ဖတ်သာကြည့်တော့…







အတောင့်လိုက်​ ဖက်ရွက်တေနဲ့ထုပ်လိုက်ရင်​ ပုစွန်ချဉ်​ ငဖယ်ချဉ်ဆိုပြီး ထမင်းအချဉ်​ အသိုး​ဆေးဆိုး​တွေကို တထုပ်၃၀၀၀ဝယ်​စားရတဲ့​ဂျင်းခေတ်



ခေတ်ကိုက တရုတ်ကြီးဖက်က ဇီးစေ့ ဇီးဆံတွေ​ဈေးကောင်းပေးဝယ်တယ်​ဆိုတာနဲ့ဇီးဆံတွေထဲ အဝေရာစေ့တွေ​ရောပြီးဂျင်းထည့်​လို့

စိတ်ငြိမ်ဆေးဖော်ရတဲ့ ဇီးဆံက အဝေရာဆံတေဖစ်​နေတော့ ဆေးကဘာအာနိသင်မှ မထက်မှ ပေါက်ဖော်​ကြီးတေသိသွားကြပြီး ဇီးဆံဈေးကွက်ပျက်သွားရတဲ့ဂျင်းခေတ်




မနကမှ ကုန်​ဈေးတန်းမှာ​ရောင်းတဲ့ တရုတ်ကသွင်းလာတဲ့ တဗူး ၁၃၅၀၀တန်​ပဲဆီအနံ့ လေးနည်းနည်းထည့်​လိုက်တာနဲ့








ပြောရမယ်​ဆိုများကြီး များကြီးကျန်သေးဒယ်​ဒါတေရှောင်မယ်ဆို ရှောင်ရင်း ရှောင်ရင်း စားဈာမရှိဖစ်​တွားကြမစိုးလို့ ဈေးသည်တွေ ကုန်သည်​တွေ




Unicode Version

ခေတ်ကိုက လက်ဖက်ညွှန်​့ဆိုပြီး ရာဘာရွက်​အညွှန်​့တွေကို ချဉ်ငံစပ်လုပ်​မပုပ်ဆေးတွေထည်​့ ဆီစိမ်

ပုလင်းနဲ့ပိတ်​ပြီး တံဆိပ်ကပ်လိုက်ရင်​တဆယ်သား ၃ဝဝတန်ရာဘာညွှန့်​တွေကတပုလင်း ၆ဝဝဝတန်​နာမည်ကြီးလက်ဖက်ညွှန်​့ ​တွေဖြစ်​သွားတဲ့​ဂျင်း​ခေတ်​

(လဖက်​စစ်​ မစစ်​ခွဲချင်​ရင်​ Leave margin entire ဖြစ်​မဖြစ်​နဲ့ခွဲရတယ်​လဖက်​ ရွက်​အစစ်​ရဲ့ အနားသတ်က နှင်းဆီရွက်လိုအထစ်အထစ်လေးတွေပါပြီး

ရာဘာရွက်​က အနားသတ်ပြောင်ချောနေတယ်…လက်ဖက်ပင်​ ကိုယ်တိုင်စိုက်ခဲ့လို့ကိုယ်တိုင်ခူးခဲ့လို့အကုန်သိနေပေမဲ့လဲ လက်ဖက်ဝယ်တယ်​ဆိုတာမျိုးက ​

ရှောက်ရွက်ဝယ်သလို တညွှန်​့ချင်းကြည်​့ပီးဝယ်လို့မှမရတာဆိုတော့တရွက်​ချင်းဖြန်​့မကြည်​့နိုင်သရွေ့တော့ခံပေါ့ရှင်​)

ခေတ်ကိုကပုစွန်​အသားငါးဖယ်အသား တစက်လေးမှတောင်မပါပဲ ထမင်းတွေချည်း ချဉ်အောင်လုပ်​ရေခဲမုန်​့ဖာလူဒါ​တေမှာသုံးတဲ့ ပန်းရောင်ဆေးလေးဆိုးပြီး

အတောင့်လိုက်​ ဖက်ရွက်တေနဲ့ထုပ််လို်က်ရင်​ ပုစွန်ချဉ်​ ငဖယ်ချဉ်ဆိုပြီး ထမင်းအချဉ်​ အသိုး​ဆေးဆိုး​တွေကို တထုပ်၃ဝဝဝဝယ်​စားရတဲ့​ဂျင်းခေတ်

ခေတ်ကိုက ကြွက်တွေ တီကောင်တွေ ​မြွေတွေ အကုန်ရောကြိတ်ပြီး ကြက်အူချောင်း ငဖယ်ချောင်း ဂဏန်းချောင်း ပုစွန်အသားချောင်းဆိုပြီး

တရုတ်​က Packing လှလှနဲ့သွင်းလာတာတွေကိုကိုးရီးယား အကင်ဆိုပြီးမက်မက်​မောမောကြွက်သားစားနေကြတဲ့​ဂျင်းခေတ်

ခေတ်ကိုက တရုတ်ကြီးဖက်က ဇီးစေ့ ဇီးဆံတွေ​စျေးကောင်းပေးဝယ်တယ်​ဆိုတာနဲ့ဇီးဆံတွေထဲ အဝေရာစေ့တွေ​ရောပြီးဂျင်းထည်​့လို့

စိတ်ငြိမ်ဆေးဖော်ရတဲ့ ဇီးဆံက အဝေရာဆံတေဖစ်​နေတော့ ဆေးကဘာအာနိသင်မှ မထက်မှ ပေါက်ဖော်​ကြီးတေသိသွားကြပြီး ဇီးဆံစျေးကွက်ပျက်သွားရတဲ့ဂျင်းခေတ်

ခေတ်ကိုက ​ထောင်းရကြိတ်​ရမှာ ပျင်းတဲ့ အိမ်ရှင်မတွေအတွက် ငါးခြောက်​မှုန့်နဲ့ ဖွဲမှုန်​့ရောထည်​့ ပုစွန်​ခြောက်မှူန်​့ဆိုပြီး ဖွဲမှုန်​့ပင်လယ်ငါးမှုန်​့​တွေကို

တပိသာ ၃သောင်းဝယ်စားကြတဲ့​ ဂျင်းခေတ်….ခေတ်​ကိုက ပဲဆီစစ်စစ်မှစားတာ အညာပဲဆီမှ စားတာ ဘာတံဆိပ်မှစားတာ

ဘယ်လိုထားထား မခဲတဲ့ ပဲဆီမှစားတာဆိုတဲ့ အိမ်ရှင်မတွေအတွက်​ စားအုန်းဆီ တစ်ပေပါထဲ အီလန်ဆပ်ပြာမှုန်​့ တရာတန်တထုပ်ဖောက်ထည်​့တညအိပ်အငြိမ်စိမ်ထား

မနကမှ ကုန်​စျေးတန်းမှာ​ရောင်းတဲ့ တရုတ်ကသွင်းလာတဲ့ တဗူး ၁၃၅ဝဝတန်​ပဲဆီအနံ ့လေးနည်းနည်းထည်​့လိုက်တာနဲ့

ဆပ်ပြာမှုန်​့​တွေဖျော်ထည်​့ထားတဲ့ တပိသာ၁၆၅ဝတန်​ စားအုန်းဆီတွေက ဆပ်ပြာမှူန်​့တန်ခိုးနဲ့ ​ရေခဲသေတ္တာထဲထည့်ရင်တောင်​မခဲတော့

ပဲဆီစစ်စစ်ဆိုပြီး တပိသာ ၇၀၀၀ ပေးစားကြတဲ့ ဂျင်းခေတ် (မေမြို့မှာ​နေတုန်းက မန်းလေးထိဆင်း ကိုယ်​့မျက်စိရှေ့မှာ မြေပဲတွေကိုစက်ကဇလားကြီးနဲ့

အပေါ်ကကြိတ်ပြီး ဆီကန်ထဲကျလာတဲ့ ပဲဆီမှပိသာခွက်ကြီးနဲ့ ကိုယ်တိုင်ခပ်ပြီးမျက်စိရှေ့မှာ ကြိတ်တဲ့ပဲဆီစစ်စစ်မှ မန်းလေးထိဆင်းပြီး ဝယ်စားတာတို့ ဘာတို့ ဝြံ့ကွားခဲ့ဖူးတယ်​…

တကယ်တော့သူတို့ကနဂိုထဲကဆီကန်ထဲမှာ စားအုန်းဆီ ၃ ပုံ၂ ပုံ ထည်​့ပြီးသားဆိုတာ မသိခဲ့တော့ ဂျင်းတေထည်​့ခံရတာဆွာလေ)

ခေတ်ကိုက ငဇင်ရိုင်းလို ငါးရံ့လို ငါးမျိုးဝယ်ရင်​အညှီတွေချွဲနေမှ လတ်တယ်ထင်တဲ့ အိမ်ရှင်မတွေအတွက်​ ​ခေါင်းလျော်တဲ့တရော်ရည်​ အချွဲတွေ ​လောင်းချနယ်ဖတ်ပြီး

ပုပ်လို့ပွလာလို့ တပိသာ ၂၅ဝဝလောက်​ပဲတန်တဲ့ ငဇင်ရိုင်းတွေကို လတ်လွန်းလို့ အညှီတေချွဲစိုနေတာဆိုပြီး တပိသာ ၇၀၀၀ ​ပေးစားကြတဲ့ ဂျင်းခေတ်​.

နို့မလိုင်​ရောင်းတဲ့ ဆိုင်တွေမှာ အိမ်သာသုံး တစ်သျူးတွေကို နို့ထဲထည်​့ကြိုပြီး ပျော့ဖတ်ဖတ်​တစ်သျူး​တွေကို နို့မလိုင်​ဆိုပြီး တပွဲ ၃ဝဝဝထိ​ပေးစား​နေရတဲ့ ဂျင်းခေတ်

ပြောရမယ်​ဆိုများကြီး များကြီးကျန်သေးဒယ်​ဒါတေရှောင်မယ်ဆို ရှောင်ရင်း ရှောင်ရင်း စားစျာမရှိဖစ်​တွားကြမစိုးလို့ စျေးသည်တွေ ကုန်သည်​တွေ

ထမင်းအိုးတုတ်နဲ့ထိုးသလိုဖြစ်နေမစိုးလို့ ခုလောက်နဲ့ပဲ တော်​သေးပါပြီ…ဒါတေ ဒါတေရှိနေသေးသရွေ့ ဒါတေ ဒီလိုတေ စားနေရသရွေ့

ကင်ဆာ. နှလုံး. ​သွေးတိုး .ဆီးချို.​ကျောက်ကပ်​.သွိုင်းရွိုက်​.​ရောဂါတေ ​ရောဂါတေ ​ရှောင်လို့မရ ဖြစ်​​နေကြဦးမှာပါပဲ

ဒေါင်းလေးတွေလဲ မွေးလာကြဦးမှာပါပဲ.​…ဆေးရုံ ဆေးခန်း​တွေလဲကြိတ်ကြိတ်တိုး စည်ကားနေကြဦးမှာပါပဲလေ….Credit orginal writer