ပေါင် ၃၆၀ လူဝကြီးကနေ ပေါင်၁၆၀ ကျော်အထိ ဝိတ်ကျလာရခြင်း နည်းလမ်းလေး
ကျွန်တော် ခင်မင်လေးစားတန်ဖိုးထားရပါသော၊ကျွန်တော်အား ခင်မင်ကြသော fbမှ ချစ်ဆုံး friendများ အတွက်ပါ။ကိုအောင်ရေ တစ်ယောက်ထဲမှဟုတ်ရယ်လား မေးကြလွန်းလို့ပါ။
တအား ဝရာကနေ ပိန်ဖို့ မလွယ်သလို… ပိန်ရာကနေ ပြန်မဝဖို့ ထိမ်းရတာ အတော်ခက်ခဲပါတယ်။ ကျွန်တော် အရမ်းဝလာတဲ့ အကြောင်းရင်း စပြောရမယ်ဆိုရင်… ၈၈ အရေးခင်းမှာ သနတ်မှန်တာက စပြီး ပြန်ပြောပြရမှ ာပါခင်ဗျာ။
ဘာလိုလည်းဆိုတော့အရင်က တအား ပိန်ပိန်လေးမို့ပါ။ နောက်မှ သွေးတွေ သွင်းရင်း ဝလာစပြုလာရတာမို့ပါ ခင်ဗျာ။ ကျွန်တော် နှိ
င်ငံရေးမလုပ်ပေမဲ့… ပရဟိတစိတ်နဲ့ သ
နတ်မှန်တဲ့လူနာတွေ သွား ကယ်ဆယ်ရင်း 20-9-1988 နေ့လည် ၁ နာရီမှာ ပခုက္ကူ မြို အ-လ-က(၁) ေကျောင်းရှေ့မှ
ကျွန်တော်အပါဝင် သံဃာတော်များမှ သနတ်မှန်ထားတဲ့ လူတွေ ကောက်ယူ ခွင့်ပေးပါပြောပြီးသွားကောက်ကြတာ သံဃာတော်နဲ့ ကျွန်တော်တို့လို လူတွေ အမြောက်အများ သေပွဲဝင်ခဲ့ရပေမဲ့ မိဘကျေးဇူးကြောင့်…
ကျွန်တော်တယောက်ဘဲ သနတ် ၈ချက် မှန်ပေမဲ့… အသက်မသေသော်လည်း အောက်ပိုင်း ၂ နှစ်သေနေတာ တမြို့လုံး တနယ်လုံး သိကြပါတယ်ဗျာ။ ရတနာမြတ်သုံးပါ ဂုဏ်ကျေးဇူး၊ မိဘခြေရာလေး
အမြဲဆောင်ထားတဲ့ ယုံကြည်မှု့နဲ့ မေမေကို ရိုသေလို့ပါ ေမေမေ့ကို တန်ဖိုးထားပြီး ညတိုင်း နေ့တိုင်း… မေမေ့မကန်တော့ဘဲ မအိပ်တဲ့ အကျိူးကျေးဇူးများနဲ့ အလုပ်သွား အလုပ်ပြန် အမြဲကန်တော့တဲ့ကျေးဇူးများပါ။
ယောင်ရင်တောင် မေမေ နေကောင်းလား…
နေကောင်းလားလို့ အမြဲယောင်တတ်တယ်စိတ်က မိဘမှ မိဘပါဘဲခင်ဗျာ။ နောက်ပြီး ခင်ပွန်းကြီးဆယ်ပါး ကန်တော့တဲ့ အကျိူ းကျေးဇူးတွေနဲ ခြေနှစ်ချောင်း ဖြတ်ပြစ်ရမဲ့ ဘဝကနေ
လွတ်ကင်းသွားခဲ့ပါတယ်။ အဲ့ဒီအခြေနေတုန်းက ကျွန်တော့ဘဝ ခုလိုအခြေနေမျိူးနဲ့နေရဖို့ အိမ်မက်တောင် မမက်ဘူးပါဘူးဗျာ။ မိဘရိုသေကြပါ… မိဘကန်တော့ပြီးမှ အိပ်ကြပါ။ မိဘ သက်ရှိထင်ရှားရှိတုန်း
စိတ်ချမ်းသာအောင် ထားပါလို့ ကြုံတုန်း အထူးမေတ္တာရပ်ခံပါတယ်။ နှောင်မှ နှောင်တမရကြပါနဲ့ခင်ဗျာ ။ ကျွန်တော်ကျန်းမာရေး
ပြန်ကောင်းလာတော့လေဖြတ်နေတဲ့.. မမေေ့ဆးဖိုးအတွက် ဘဝမျူ ိးစုံနဲ့ ရှာဖွေနေရတော့ ကျွန်တော့ကိုယ်ကျွန်တော်
ကရုမဆိုက်နိုင်ဘဲ အအိပ်အစား မမှန်၊ မေမေကျန်တဲ့ ထမင်းကျန်ဟင်းကျန်ကို လ္ဘက်အကြော်တွေနဲ့ ညအချိန်မတော် မေမေဝေရာဝစ္စတွေပြီးမှ စားရတော့ ပေါင်း၃၆၀ ကျော်အထိ ဝလာခဲ့ပါတယ်။
ခုအအချိန်မှာ မေမေသာ အသက်ပြန်ရှင်မယ်ဆိုရင်လေ ကျွန်တော့စည်းဇိမ်ဥစ္စာအားလုံးနဲ့ ပြန်ပြီးလဲလို့ရရင် ပြန်လဲလိုက်ချင်ပါတယ်။
မဖြစ်နွိင်လို့ပြောတာမဟုတ်ရပါဘူး။ မေမေမရှိတော့ ဘာသာရေးနဲ့ ပရဟိတအလုပ်တွေ ဦးစားပေးပြီး လုပ်နေတာနဲ့
ကျွန်တော့ကိုယ်ကျွန်တော် သတိမထားမိပြန်ပါဘူး။ လွန်ခဲ့တဲ့ ၂နှစ်လောက်က လေဖြတ်မလို ခဏခဏဖြစ်တော့မှ ချန်ပီယံအားကစားခန်းမပိုင်ရှင် ဆရာခိုင်စီမှာ အားကစားသွားလုပ်ရပါတယ်။ ဆရာကလည်း စိတ်စေတနာ တအားကောင်းပါတယ်။
ပေါင် ၃၆၀ လူဝကြီးကနေ ကျန်းမားရေးကောင်းပြီး.. ပိန်ချင်အောင် စိတ်ဓါတ်ခွန်အားပေးတယ်။ မျက်နာသုတ်ပုဝါကြီးနဲ့
အိပ်ထမတင် ကျွန်တော့ခန္ဓာကြီးကို မရရအောင်ကူညီပေးပါတယ်။ အဆီများတာရှောင်ဖို့ ညစာ ထိမ်းစားဖို့ အမြဲသတိပေးပါတယ်။
တချိုူ့က အားကစားလုပ်တာရပ်လိုက်ရင် ပိုဝလာတာမဟုတ်ပါဘူး
အစား စားလို့ ပြန်ဝတာပါခင်ဗျာ။ နောက် မိုင်ဖုန်းဆရာတော်ကြီး၏တပည့် ဦးလေးဦးမြင့်မောင်မှ ဆရာတော်ကြီးသြဝါဒအရ နှိင်ငံတကာမှ အလှကုန်းပစ္စည်းတွေနဲ့ အားဆေးတွေ ပိန်ဆေးတွေက
ဂျင်ဆင်းရယ် ရှားဆာင်းလက်ပတ် ဖွဲ့နှနဲ့မဂျစ်ဥတွေသဇင်ပန်းဥတွေကို အခြေခံထားတာပါ။ ဖွဲ့နှဆိုတာ ဆန်ဆေးရည်ပါဘဲ ထမင်းချက်ဖို့ ဆန် ၃ကြိမ်ဆေးတဲ့အခါ ဒုတိယ ဆန်ဆေးတဲ့အခါ ရေသန့်နဲ့ဆေးပြီး
ထို ဒုတိယဆန်ဆေးရည်ကို တရက် တစ်လီတာသောက်ကြည့်ပါ လို့ အကြံဉာဏ်ပေးပါတယ်။ ဆန်ဆေးရည် ဆိုတာကလည်း ရှေးက ဖိုးဖွားတွေလက်ထက်ကထဲက ဆီးကျင်တာ ဆီးအောင့်တာ အစာအိမ်နာတာ သွေးထဲမှာအဆီဓါတ်များတာ ဆံပင်ကျွတ်တာတွေအတွက် အတော်ကောင်းတာ
သိထားတော့ ကျွန်တော်နေ့စဉ်တရားထိုင်တယ်၊ ချန်ပီယံမောင်မြန်မာဆရာခိုင်စီမှာ အားကစား၁နာရီကျော် လုပ်ပါတယ်၊ ဆန်းဆေးရေနေ့တိုင်း မျက်နာသစ်တယ်။ သောက်တယ်။ ဆန်ဆေးရည်နဲ့ နံနက်တိုင်း မျက်နာသစ်ရင်
တင်းတိတ်ဝက်ခြံ မဲှ့ခြောက်နေလောင်ကွက်တွေ ပျောက်ပြီးအရွယ်တင်နှပျိူ စေတာအမှန်ပါ။ တချိူ့ကဆို ကျွန်တော့ မျက်နာခွဲစိတ်ပြုပြင်ထားသလား အထင်မှာနေကြပါတယ်။ စိတ်နဲ့တောင် အဲ့ဒီအတွက်ပိုက်ဆံ အကုန်မခံပါဘူးခင်ဗျာ။
အဆီများတာရှောင်တယ်၊ ညစာ အသီးအနံှစားပါတယ်။ အဲ့ဒါကြောင့်၂နှစ် အတွင်း ကျန်းမာရေးကောင်းမွန်ပြီး သိသာစွာ ကိုယ်အလေးချိန်ကျသွားတာပါခင်ဗျာ။ စပါးစိုက်တဲ့နေရာထည့်တဲ့ ပိုးသတ်ဆေးများနဲ့ ဆန်စပါးဖြစ်လာတော့လည်း
မထိုးအောင် အနံှမွှေးအောင်တချိူ့ကေဆးဖြန်းတတ်သောကြောင့် ဆန်ဆေးတဲ့အခါ သေသေခြာခြာဆေးပါ။ ဒုတိယဆေးတဲ့ဆန်ဆေးရည်ကိုရေသန့်နဲ့ဆေးပါ။ ရေစစ်နဲ့ပြန်စစ်ပါ။ ပြီးမှနောက်နေ့မကူးဘဲ တနေ့ချင်းကုန်အောင် တလီတာ သောက်ပါ၊ မျက်နာသစ်ပါ။
မျက်နာသစ်တဲ့နေရာမှာ မည်သည့် မျက်နာသစ်ဆေးမှ မသုံးဘဲ ရေခြောက်သွေ့အောင် ထားပါ။ ပြီးမှ မိမိ နှစ်သက်ရာ မျက်နာသစ် ဆပ်ပြာနဲ့ရေဆေးကြောပါလို့ အကြံဉာဏ်ပေးချင်ပါတယ်။
ဆန်ဆေးရည်သောက်တာက အသားရေကျစ်ပြီးအမောခံနိုင်တာပါ။ အားကစားလုပ်တာနဲ့ အစား ထိမ်းစားမှ ညနေန၅နာရီနောက်ပိုင်း အသီးနံှဘဲစားလို့ ပိန်တာပါခင်ဗျာ။
(ကျွန်တော်ပေါင် ၃၆၀ လူဝကြီးကနေ ပေါင်၁၆၀ ကျော်အထိ ဝိတ်ကျလာရခြင်း…ခဏခဏမေးကြလို့ ဒီpostပြန်ပြန်ရေးရတာလည်း ၁၀ကြိမ် မကတော့ပါဘူးခင်ဗျာ။ ဖတ်ပြီးသား friendတွေလည်း သည်းခံပေးပါလို့)
လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Credit