သင့္ခ်စ္သူ သင့္ကိုအၿမဲလြမ္းၿပီး ဖုန္းခဏခဏေခၚေစခ်င္ရင္ ဒါေတြလုပ္ၾကည့္ပါ…
ခ်စ္သူက ဖုန္းမေခၚရင္သာ စိတ္ေကာက္မယ္၊ ဖုန္းေခၚလို႔ စိတ္ေကာက္တယ္ဆိုတဲ့ မိန္းကေလးမ်ိဳးေတာ့ ရွိမယ္မထင္ပါဘူး။ ကိုယ့္ခ်စ္တဲ့ သူက ခဏခဏဖုန္းေခၚတာကို(အလုပ္ရႈပ္တဲ့ အခ်ိန္ကလြဲလို႔)လူတိုင္း ခံခ်င္ၾကမွာပါ။ ခ်စ္သူ႔ရဲ႕ စိတ္ထဲမွာ အခ်ိန္ျပည့္ေနရာယူထား ခ်င္ ရင္၊ ခ်စ္သူက ကိုယ့္ကို မၾကာခဏလြမ္းတာကို ခံခ်င္တယ္ဆုိရင္ေတာ့ ဒီအတုိင္းႀကီးေနလို႔ေတာ့ မရပါဘူး။ နည္းနည္းေတာ့ မာယာပရိယာယ္ေလးေတြ လိုပါတယ္။ ေအာက္မွာ ေဖာ္ျပထားတဲ့ နည္းလမ္းေလးေတြ ကို သံုးၾကည့္ပါ။ ခ်စ္သူက သင့္ကို လြမ္းၿပီး ခဏခဏ ဖုန္းေခၚေစခ်င္ ရင္ လုပ္ရမွာေတြကေတာ႔….
(၁) ခ်စ္သူကို အံ့ၾသေအာင္လုပ္ပါ…
အရင္ဆံုး သူ႔ရင္ထဲမွာ ကိုယ့္ကို လြမ္းတဲ့ စိတ္ျဖစ္လာေအာင္ လုပ္ရပါမယ္။ အဲ့ဒီလို လုပ္ဖို႔အတြက္ လုပ္ရမွာက ဘာျဖစ္မလဲဆိုတာကို ၾကည့္လိုက္တာနဲ႔ သိေနတဲ့ Open Book မလုပ္ပါနဲ႔။ လွ်ိဳ႕၀ွက္တဲ့ အရာမ်ိဳးကိုမွ စိတ္၀င္စားတတ္တဲ့ လူေတြရဲ႕ သဘာ၀ပါ။ ဒါမွလည္း တစ္ဖက္လူကို စြဲေဆာင္ႏိုင္မွာပဲ။ ဥပမာ- ႀကိဳတင္ခ်ိန္းမထားပဲ သူ႔ဆီကို သြားၿပီး အတူကာရာအိုေက သြားဆိုတာမိ်ဳး၊ (သူမသိေသးတဲ့ သင့္ရဲ႕ အဆုိပညာစြမ္းရည္ကို ခ်ျပတာမ်ိဳး)၊ သင္တတ္ေျမာက္ေနတဲ့ အရာ၊ ပညာတစ္ခုခုကို သူကိုႀကိဳေျပာမထားပဲ ရုတ္တရက္ ထုတ္ျပတာမ်ိဳး လုပ္ပါ။ သင္နဲ႔ပတ္သက္တဲ့ အေၾကာင္းေတြကို သူသိေအာင္ အကုန္ခ်မျပပဲ ၀ွက္ဖဲတစ္ခ်ပ္ေလာက္ေတာ့ ထားထားေပးပါ …။
(၂) စိတ္ေရာ၊ကိုယ္ပါ ခ်စ္သူအေပၚ အာရံုစိုက္ပါ…
ကိုယ့္ခ်စ္သူရဲ႕ စိတ္ ထဲမွာ သူ႔ရဲ႕တကယ့္ ဖူးစာရွင္အစစ္အမွန္ကို ေတြ႔ေနၿပီဆုိတဲ့ စိတ္ခံ စားခ်က္မ်ိဳး ခံစားရေအာင္ လုပ္ပါ။သူ႔အေပၚမွာ စိတ္ေရာကိုယ္ပါ ေသခ်ာစိတ္ႏွစ္ၿပီး ခ်စ္ပါ။ သူေျပာတဲ့ စကားလံုးတိုင္းကို ေသခ်ာအေလးအနက္ နားေထာင္ပါ။ စိတ္ထဲမွာ ေသခ်ာမွတ္ထားပါ။ ကိုယ့္အေပၚ အေလးအနက္ထားတဲ့ သူမ်ိဳးကို မႀကိဳက္တဲ့ သူဆိုတာ မရွိပါဘူး။ သူ႕စိတ္ထဲမွာ သူငါ့ကို တကယ္ခ်စ္၊ငါ့ကို အရမ္းအေလး အနက္ထားတာပဲဆိုတဲ့ အေတြးမ်ိဳး ၀င္ေနပါေစ။သူကိုယ္တိုင္ေတာင္ မသိလိုက္ပဲ ေျပာမိ၊ လုပ္မိတဲ့ အျပဳအမႈတိုင္းကို သင့္ဘက္က အေလးအနက္ နားေထာင္မွတ္သားထားပါ …။
(၃) မေမွ်ာ္လင့္ပါနဲ႔…
မိန္းကေလးေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ခ်စ္သူအေပၚ အရမ္းေမွ်ာ္လင့္ တတ္ၾကပါတယ္။ ဒါမွားပါတယ္။ ခ်စ္သူအေပၚမွာ အရမ္းႀကီး မေမွ်ာ္လင့္ ပါနဲ႔။ တစ္ခုခုကို ေမွ်ာ္ကိုးၿပီးခ်စ္တာထက္ ဘာကိုမွမေမွ်ာ္လင့္ပဲ ခ်စ္တာ မ်ိဳးက ပုိရိုးသားသန္႔စင္ပါတယ္။ ႏွင္းဆီပန္းစည္ႀကီးကိုင္ၿပီး အိမ္ေရွ႕ေရာက္လာမွ ကိုယ့္ကို တကယ္ခ်စ္တာလို႔ ထင္ေနတဲ့ စိတ္ကို ေဖ်ာက္ပစ္လိုက္ပါ …။
(၄) ဖုန္းကို ကိုယ့္ဘက္ကေနအရင္ခ်ပါ…
ဖုန္းနဲ႔ႏွစ္ေယာက္သား စကားေျပာလို႔ၿပီးၿပီ ဆုိတာနဲ႔ ဖုန္းကို ကိုယ့္ဘက္ ကေန အရင္ခ်ပါ။ ဒီနည္းဟာလည္း သင့္ခ်စ္သူက သင့္ကို ပိုၿပီး လြမ္း လာေအာင္ လုပ္ႏိုင္တဲ့ နည္းလမး္ေတြထဲက တစ္ခုပါ။ တစ္ခ်ိဳ႕ ကိစၥေတြမွာက ကိုယ့္ ဘက္ကေန အရမး္ခ်စ္ျပတာ လိုက္ေလ်ာလြန္းတာမ်ိဳးထက္ မသိမသာေလး ခပ္ေခ်ေခ်ေနတာက ကိုယ့္ရဲ႕ တန္ဖိုးကို ပိုေစပါတယ္ …။
(၅) ေရေမႊးသံုးပါ…
ေရေမႊးေကာင္းေကာင္းသံုးပါ။ သင့္ရဲ႕ ရုပ္ပိုင္းဆိုင္ရာကိုသာမက အနံ႔ ကိုပါ သတိတရရွိေနေအာင္ လုပ္ရမွာပါ။ လူေတြရဲ႕ မွတ္ဥာဏ္ဟာ ရုပ္ပိုင္းဆိုင္ရာထက္ အနံ႔ကို ပိုမွတ္မိတတ္ၾကပါတယ္။ သင့္ကို အိမ္ျပန္လိုက္ပို႔ၿပီးတဲ့ အခါမ်ိဳးမွာလည္း သင့္ရဲ႕ အနံ႔က သူ႔ကားထဲမွာ စြဲက်န္ခဲ့တာမ်ိဳး၊ အဲ့ဒီလို လုပ္ၿပီး ခ်စ္သူကိုယ့္ကို လြမ္းေအာင္ လုပ္ေပးဖို႔ လိုပါတယ္ေနာ္ …။ ။
Nilar (Shwemom)
ref;lovepanky
Unicode Version ဖြင့်ဖတ်ရန်
သင့်ချစ်သူ သင့်ကိုအမြဲလွမ်းပြီး ဖုန်းခဏခဏခေါ်စေချင်ရင် ဒါတွေလုပ်ကြည့်ပါ…
ချစ်သူက ဖုန်းမခေါ်ရင်သာ စိတ်ကောက်မယ်၊ ဖုန်းခေါ်လို့ စိတ်ကောက်တယ်ဆိုတဲ့ မိန်းကလေးမျိုးတော့ ရှိမယ်မထင်ပါဘူး။ ကိုယ့်ချစ်တဲ့ သူက ခဏခဏဖုန်းခေါ်တာကို(အလုပ်ရှုပ်တဲ့ အချိန်ကလွဲလို့)လူတိုင်း ခံချင်ကြမှာပါ။ ချစ်သူ့ရဲ့ စိတ်ထဲမှာ အချိန်ပြည့်နေရာယူထား ချင် ရင်၊ ချစ်သူက ကိုယ့်ကို မကြာခဏလွမ်းတာကို ခံချင်တယ်ဆိုရင်တော့ ဒီအတိုင်းကြီးနေလို့တော့ မရပါဘူး။ နည်းနည်းတော့ မာယာပရိယာယ်လေးတွေ လိုပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေ ကို သုံးကြည့်ပါ။ ချစ်သူက သင့်ကို လွမ်းပြီး ခဏခဏ ဖုန်းခေါ်စေချင် ရင် လုပ်ရမှာတွေကတော့….
(၁) ချစ်သူကို အံ့သြအောင်လုပ်ပါ…
အရင်ဆုံး သူ့ရင်ထဲမှာ ကိုယ့်ကို လွမ်းတဲ့ စိတ်ဖြစ်လာအောင် လုပ်ရပါမယ်။ အဲ့ဒီလို လုပ်ဖို့အတွက် လုပ်ရမှာက ဘာဖြစ်မလဲဆိုတာကို ကြည့်လိုက်တာနဲ့ သိနေတဲ့ Open Book မလုပ်ပါနဲ့။ လျှို့ဝှက်တဲ့ အရာမျိုးကိုမှ စိတ်ဝင်စားတတ်တဲ့ လူတွေရဲ့ သဘာဝပါ။ ဒါမှလည်း တစ်ဖက်လူကို စွဲဆောင်နိုင်မှာပဲ။ ဥပမာ- ကြိုတင်ချိန်းမထားပဲ သူ့ဆီကို သွားပြီး အတူကာရာအိုကေ သွားဆိုတာမျိုး၊ (သူမသိသေးတဲ့ သင့်ရဲ့ အဆိုပညာစွမ်းရည်ကို ချပြတာမျိုး)၊ သင်တတ်မြောက်နေတဲ့ အရာ၊ ပညာတစ်ခုခုကို သူကိုကြိုပြောမထားပဲ ရုတ်တရက် ထုတ်ပြတာမျိုး လုပ်ပါ။ သင်နဲ့ပတ်သက်တဲ့ အကြောင်းတွေကို သူသိအောင် အကုန်ချမပြပဲ ဝှက်ဖဲတစ်ချပ်လောက်တော့ ထားထားပေးပါ …။
(၂) စိတ်ရော၊ကိုယ်ပါ ချစ်သူအပေါ် အာရုံစိုက်ပါ…
ကိုယ့်ချစ်သူရဲ့ စိတ် ထဲမှာ သူ့ရဲ့တကယ့် ဖူးစာရှင်အစစ်အမှန်ကို တွေ့နေပြီဆိုတဲ့ စိတ်ခံ စားချက်မျိုး ခံစားရအောင် လုပ်ပါ။သူ့အပေါ်မှာ စိတ်ရောကိုယ်ပါ သေချာစိတ်နှစ်ပြီး ချစ်ပါ။ သူပြောတဲ့ စကားလုံးတိုင်းကို သေချာအလေးအနက် နားထောင်ပါ။ စိတ်ထဲမှာ သေချာမှတ်ထားပါ။ ကိုယ့်အပေါ် အလေးအနက်ထားတဲ့ သူမျိုးကို မကြိုက်တဲ့ သူဆိုတာ မရှိပါဘူး။ သူ့စိတ်ထဲမှာ သူငါ့ကို တကယ်ချစ်၊ငါ့ကို အရမ်းအလေး အနက်ထားတာပဲဆိုတဲ့ အတွေးမျိုး ဝင်နေပါစေ။သူကိုယ်တိုင်တောင် မသိလိုက်ပဲ ပြောမိ၊ လုပ်မိတဲ့ အပြုအမှုတိုင်းကို သင့်ဘက်က အလေးအနက် နားထောင်မှတ်သားထားပါ …။
(၃) မမျှော်လင့်ပါနဲ့…
မိန်းကလေးတော်တော်များများဟာ သူတို့ချစ်သူအပေါ် အရမ်းမျှော်လင့် တတ်ကြပါတယ်။ ဒါမှားပါတယ်။ ချစ်သူအပေါ်မှာ အရမ်းကြီး မမျှော်လင့် ပါနဲ့။ တစ်ခုခုကို မျှော်ကိုးပြီးချစ်တာထက် ဘာကိုမှမမျှော်လင့်ပဲ ချစ်တာ မျိုးက ပိုရိုးသားသန့်စင်ပါတယ်။ နှင်းဆီပန်းစည်ကြီးကိုင်ပြီး အိမ်ရှေ့ရောက်လာမှ ကိုယ့်ကို တကယ်ချစ်တာလို့ ထင်နေတဲ့ စိတ်ကို ဖျောက်ပစ်လိုက်ပါ …။
(၄) ဖုန်းကို ကိုယ့်ဘက်ကနေအရင်ချပါ…
ဖုန်းနဲ့နှစ်ယောက်သား စကားပြောလို့ပြီးပြီ ဆိုတာနဲ့ ဖုန်းကို ကိုယ့်ဘက် ကနေ အရင်ချပါ။ ဒီနည်းဟာလည်း သင့်ချစ်သူက သင့်ကို ပိုပြီး လွမ်း လာအောင် လုပ်နိုင်တဲ့ နည်းလမး်တွေထဲက တစ်ခုပါ။ တစ်ချို့ ကိစ္စတွေမှာက ကိုယ့် ဘက်ကနေ အရမး်ချစ်ပြတာ လိုက်လျောလွန်းတာမျိုးထက် မသိမသာလေး ခပ်ချေချေနေတာက ကိုယ့်ရဲ့ တန်ဖိုးကို ပိုစေပါတယ် …။
(၅) ရေမွှေးသုံးပါ…
ရေမွှေးကောင်းကောင်းသုံးပါ။ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကိုသာမက အနံ့ ကိုပါ သတိတရရှိနေအောင် လုပ်ရမှာပါ။ လူတွေရဲ့ မှတ်ဉာဏ်ဟာ ရုပ်ပိုင်းဆိုင်ရာထက် အနံ့ကို ပိုမှတ်မိတတ်ကြပါတယ်။ သင့်ကို အိမ်ပြန်လိုက်ပို့ပြီးတဲ့ အခါမျိုးမှာလည်း သင့်ရဲ့ အနံ့က သူ့ကားထဲမှာ စွဲကျန်ခဲ့တာမျိုး၊ အဲ့ဒီလို လုပ်ပြီး ချစ်သူကိုယ့်ကို လွမ်းအောင် လုပ်ပေးဖို့ လိုပါတယ်နော် …။ ။
Nilar (Shwemom)