ဧရာဝတီစင်တာက (P)ဖြစ်သွားတဲ့ဗော်လန်တီယာ လူငယ်လေးပါ။
Photo credit – Lu Maw
Uninode,
ဧရာဝတီစင်တာက (P)ဖြစ််သွားတဲ့ဗော်လန်တီယာ လူငယ်လေးပါ။
ဘယ်လိုဘဲ အားပေးကြ၊ အားတင်းထားပေမဲ့၊ လူ .. ဆိုတာ တုန်လှုပ်တတ်တာပါဘဲ။
” ပြန်လာခဲ့မယ် ” လို့ အားတင်းပြုံးကာပြောနေပေမဲ့၊ သူ့မျက်ဝန်းမှာ မျက်ရည်တွေနဲ့ ..!!
ဖြစ်သင့် ဖြစ်ထိုက်လို့ စွန့်စားရင်း ခံရတာမျိုးကျတော့ သေဘဲသွားသွားပါ။ စွန့်စားရကျိုးနပ်ပါတယ်။
မလိုအပ်ပဲ ရောဂါကူးစက်လာသူတွေကိုစောင့်ရှောက်ရတာမျိုးအတွက်ကျတော့ကူညီရတဲ့ကလေးတွေ မှဲ့တစ်ပေါက်မစွန်းစေလိုပါ။
အုပ်ချုပ်သူတွေရော၊ အုပ်ချုပ်ခံတွေရောလုပ်သင့်တာကို ပိုင်းခြားသိမြင်နိုင်ကြဖို့တောင်းဆိုပါတယ်။
ဒီကလေးမျက်နှာကို စေ့စေ့စပ်စပ် ၂ ခါလောက်ပြန်ကြည့်စမ်းပါ။ ငါ့ သား/ တူ/ညီ/ အစ်ကို စသည်ဖြင့် ဖြစ်နေရင် ဘယ်လိုနေမလဲ … ကိုယ်ချင်းစာကြည့်ပါ။
ကိုယ်ဖြစ်ကိုယ်ခံဆိုပေမဲ့ ကိုယ်အသုံးမကျလို့ သူတပါးပါဒုက္ခရောက်နိုင်တာကိုတော့ လူလိုစဉ်းစား၊ စာနာကြပါ လို့ ..!!!
ကာယကံရှင်ခွင့်ပြုချက်ဖြင့် မျက်နှာမကာပဲ တင်ပါသည်။
Photo credit – Lu Maw