ၾကားသိရသမွ်

ရွေးကောက်ပွဲကို စစ်တပ်က ချိုးဖောက်ခဲ့တယ်လို့ လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်

ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာ အကြီးအကဲ Martin Griffiths က မြန်မာနိုင်ငံရဲ့ အခြေအနေကို တင်ပြ အသိပေးလိုက်ပါတယ် ။ ဒီဆွေးနွေးပွဲမှာ မြန်မာ့အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးကလည်း ကုလအနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးနိုင်ဖို့ တင်ပြထားပါတယ် ။ ဒီနေ့ အစည်းအဝေးမှာ မစ္စတာမာတင် တင်ပြခဲ့တာတွေကို ကုလသမဂ္ဂ သတင်းဌာနက သတင်းထုတ်ပြန်ပါတယ် ။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု့ အကူအညီ သုံးသန်း လိုအပ်နေပါတယ် ။ ကုလသမဂ္ဂရဲ့ အကူအညီကို ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ် ။ ကြီးထွားလာနေတဲ့ ပဋိပက္ခတွေဟာ မလုံခြုံမှု့ ၊ ကိုဗစ်ကပ်ရောဂါနဲ့ စီးပွားပျက်ခြင်းတွေမှာ အခြေခံပါတယ် ။ မြန်မာပြည်မှာရှိတဲ့ လူဦးရေးသုံးသန်းခန့်ဟာ အရေးပေါ် အကူအညီ လိုအပ်နေပါတယ် ။

မြန်မာနိုင်ငံရဲ့ လူသားချင်းဆိုင်ရာ အခြေအနေတွေ ဆိုးရွားနေပါတယ် ။ အကျပ်အတည်းကို မဖြေရှင်းနိုင်သေးသရွေ့ ဒီပြဿနာတွေဟာ တိုးလာဦးမှာပါ ။( ကြီးထွားရွှေ့ပြောင်း )

ဖေဖော်ဝါရီမှာ ရွေးကောက်ခံအစိုးရကို ဖမ်းဆီးပြီး အာဏာသိမ်းလိုက်ကတည်းက မြန်မာပြည်အနှံ့အပြားက သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပါတယ် ။

မြန်မာနိုင်ငံရဲ့ အရှေ့တောင်ဘက်ကို ထွက်ပြေးသူ ၁ သိန်းကျော်ရှိခဲ့ပါတယ် ။ ပြည်တွင်းဒေသစုံမှာ ရွှေ့ပြောင်းထွက်ပြေးရသူ ၂ သိန်းကျော်ရှိနေပါတယ် ။ ရေရှည် အိုးအိမ်မဲ့ဖြစ်နေသူတွေက ရခိုင်ပြည်နယ်မှာ ၁ သိန်း လေးသောင်းကျော် ရှိပါတယ် ။ စားနပ်ရိက္ခာနဲ့ ကိုဗစ်ကပ်ရောဂါအပါအဝင် သုံးသန်းကျော်ဟာ အကူအညီတွေ လိုအပ်နေတာပါ ။

( ရန်လိုမှု့များ ပြင်းထန်လာခြင်း )

လွန်ခဲ့တဲ့ ရက်တွေက မြန်မာစစ်တပ်ဟာ ချင်းပြည်နယ် ၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေထဲက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ် ။ ဒီဒေသတွေဟာ စိုးရိမ်စရာ အခြေအနေပါ ။ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် သုံးသောင်းကျော် ထွက်ပြေးကြရပြီး ဘုရားကျောင်းတွေ မီးရှို့ခံရပါတယ် ။ ဒီအထဲမှာ လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာ( Save the Childrens ) ရုံးတစ်ရုံးလည်း မီးရှို့ခံခဲ့ရပါတယ် ။

( လူသားချင်းစာနာမှု့ဆိုင်ရာ ကြိုးပမ်းမှု့များကို ကူညီပါ )

အလေးပေး ပြောကြားလိုတာက ” လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာ အလုပ်သမားနဲ့ အဆောက်အအုံတွေ ၊အရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေကို မြန်မာစစ်တပ်က ဦးတည်တိုက်ခိုက်နေတာတွေပါ ” ။ ဒါတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု့ဥပဒေအောက်မှာ ရှင်းရှင်းလင်းလင်း တားမြစ်ထားပါတယ် ။ ” ဒီလုပ်ရပ်တွေကို မြန်မာစစ်တပ်အနေနဲ့ ချက်ခြင်းရပ်ပေးဖို့ လိုပါတယ် ” ။

လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာ ဌာနက ရုံးဝန်ထမ်း ၁.၆၇ သန်းကျော်ဟာ အဆင်သင့်ဖြစ်နေပေမယ့် မြန်မာစစ်ကောင်စီဘက်က ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားပါတယ် ။ စားနပ်ရိက္ခာ ၊ ငွေသားနဲ့ အဟာရအကူအညီတွေ အဆင့်သင့်ပါ ။ တစ်နိုင်ငံလုံးမှာ အပူတပြင်းလိုအပ်နေတဲ့ အကူအညီတွေကို စစ်တပ်က ဗျုရိုကရေစီ ဆန်ဆန် အဟန့်အတားတွေလုပ်တေဲ့အတွက် အကူအညီတွေဟာ လက်လှမ်းမမှီသေးပါဘူး ။ ဘေးကင်းလုံခြုံပြီး အလျင်အမြန်ကူညီနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝန်းက ကူညီပေးဖို့လိုပါတယ် ။

( ဂုဏ်သိက္ခာ လုံခြုံပါစေ )

မြန်မာပြည်သူတွေဟာ သူတို့ရဲ့ အခြေခံရပိုင်ခွင့်တွေကို ဂုဏ်သိက္ခာရှိရှိ ရယူ နေထိုင်နိုင်ဖို့ ကျွန်တော်တို့ရဲ့ အကူအညီ လိုအပ်နေပါတယ် ။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာအဖွဲ့တွေနဲ့ လူ့အခွင့်အရေး ဥပဒေအောက်မှာ အရပ်သားတွေကို ကာကွယ်ပေးဖို့ ၊ အကြမ်းဖက်မှု့တွေကနေ ထွက်ပြေးတိမ်းရှောင်နေရသူတွေကို အကူအညီပေးနိုင်ဖို့ အတွက် ကျွန်တော်တို့ရဲ့ တာဝန်ဝတ္တရားတွေကို အပြည့်အဝ လေးစားလိုက်နာဖို့ မြန်မာစစ်ကောင်စီကို အသိပေးချင်ပါတယ် ။ ဒါတွေကို ကမ္ဘာကြီးကလည်း စောင့်ကြည့်နေပါတယ် ။

( ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး )

ဒီရက်ပိုင်းမှာပဲ မြန်မာပြည်သူတွေ မဲပေးခဲ့ကြတာဟာ တစ်နှစ်ပြည့်ခဲ့ပါပြီ ။ ဒီမဲပေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဟာ အပြတ်အသတ် အနိုင်ရခဲ့ပါတယ် ။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးကလည်း

” ရွေးကောက်ပွဲကို မြန်မာစစ်တပ်က စနစ်တကျ ချိုးဖောက်ပြီး အခွင့်အရေးတွေ ခိုးယူခဲ့တာပါ ” ဆိုပြီး တင်ပြထားပါတယ် “
လို့ မစ္စတာမာတင်က တင်ပြခဲ့ပါတယ် ။

အကျပ်အတည်းကို အဆုံးသတ်ကူညီဖို့အတွက် တနင်္လာနေ့က လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲမှာ အကူအညီတွေ သိသိသာသာ ပေးအပ်နိုင်ဖို့နဲ့ စစ်အစိုးရရဲ့ ငွေနဲ့ လက်နက်ရရှိမှု့တွေကို ဖြတ်တောက်ဖို့ တိုက်တွန်းခဲ့ပါတယ် ။

ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက မြန်မာနိုင်ငံဆိုင်ရာ အရေးပေါ်အခြေအနေကို တိကျတဲ့ အခြေအနေတစ်ခု ဆုံးဖြတ်ဖို့ အစီရင်ခံခဲ့ပါတယ် ။

ဒါကတော့ ဒီနေ့ နိုဝင်ဘာလ ၈ ရက် ၊ တနင်္လာနေ့မှာ ဂျနီဗာမှာပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးက ထုတ်ပြန်လိုက်တဲ့ သတင်းပါ ။

ဘကြီးအောင် LA /၈ နိုဝင်ဘာ ၊ ၂၀၂၁

————————

ကုလသမဂၢရဲ႕ လုံၿခဳံေရးေကာင္စီ အစည္းအေဝးမွာ လူသားခ်င္းစာနာေထာက္ထားမႈ႕ဆိုင္ရာ အႀကီးအကဲ Martin Griffiths က ျမန္မာႏိုင္ငံရဲ႕ အေျခအေနကို တင္ျပ အသိေပးလိုက္ပါတယ္ ။ ဒီေဆြးေႏြးပြဲမွာ ျမန္မာ့အေရးအထူးကိုယ္စားလွယ္ တြမ္အင္ဒ႐ူးကလည္း ကုလအေနနဲ႔ အျမန္ဆုံး ေျဖရွင္းေပးႏိုင္ဖို႔ တင္ျပထားပါတယ္ ။ ဒီေန႔ အစည္းအေဝးမွာ မစၥတာမာတင္ တင္ျပခဲ့တာေတြကို ကုလသမဂၢ သတင္းဌာနက သတင္းထုတ္ျပန္ပါတယ္ ။

သတင္းကေတာ့ ….၊

ျမန္မာႏိုင္ငံမွာ လူသားခ်င္းစာနာေထာက္ထားမႈ႕ အကူအညီ သုံးသန္း လိုအပ္ေနပါတယ္ ။ ကုလသမဂၢရဲ႕ အကူအညီကို ကမာၻႀကီးက ေစာင့္ၾကည့္ေနပါတယ္ ။ ႀကီးထြားလာေနတဲ့ ပဋိပကၡေတြဟာ မလုံၿခဳံမႈ႕ ၊ ကိုဗစ္ကပ္ေရာဂါနဲ႔ စီးပြားပ်က္ျခင္းေတြမွာ အေျခခံပါတယ္ ။ ျမန္မာျပည္မွာရွိတဲ့ လူဦးေရးသုံးသန္းခန္႔ဟာ အေရးေပၚ အကူအညီ လိုအပ္ေနပါတယ္ ။

ျမန္မာႏိုင္ငံရဲ႕ လူသားခ်င္းဆိုင္ရာ အေျခအေနေတြ ဆိုး႐ြားေနပါတယ္ ။ အက်ပ္အတည္းကို မေျဖရွင္းႏိုင္ေသးသေ႐ြ႕ ဒီျပႆနာေတြဟာ တိုးလာဦးမွာပါ ။( ႀကီးထြားေ႐ႊ႕ေျပာင္း )

ေဖေဖာ္ဝါရီမွာ ေ႐ြးေကာက္ခံအစိုးရကို ဖမ္းဆီးၿပီး အာဏာသိမ္းလိုက္ကတည္းက ျမန္မာျပည္အႏွံ႔အျပားက သိန္းနဲ႔ခ်ီတဲ့ ျပည္သူေတြဟာ အိုးအိမ္စြန္႔ခြာ ထြက္ေျပးၾကရပါတယ္ ။

ျမန္မာႏိုင္ငံရဲ႕ အေရွ႕ေတာင္ဘက္ကို ထြက္ေျပးသူ ၁ သိန္းေက်ာ္ရွိခဲ့ပါတယ္ ။ ျပည္တြင္းေဒသစုံမွာ ေ႐ႊ႕ေျပာင္းထြက္ေျပးရသူ ၂ သိန္းေက်ာ္ရွိေနပါတယ္ ။ ေရရွည္ အိုးအိမ္မဲ့ျဖစ္ေနသူေတြက ရခိုင္ျပည္နယ္မွာ ၁ သိန္း ေလးေသာင္းေက်ာ္ ရွိပါတယ္ ။ စားနပ္ရိကၡာနဲ႔ ကိုဗစ္ကပ္ေရာဂါအပါအဝင္ သုံးသန္းေက်ာ္ဟာ အကူအညီေတြ လိုအပ္ေနတာပါ ။

( ရန္လိုမႈ႕မ်ား ျပင္းထန္လာျခင္း )

လြန္ခဲ့တဲ့ ရက္ေတြက ျမန္မာစစ္တပ္ဟာ ခ်င္းျပည္နယ္ ၊ မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းေတြထဲက ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြ ျဖစ္ခဲ့ပါတယ္ ။ ဒီေဒသေတြဟာ စိုးရိမ္စရာ အေျခအေနပါ ။ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အပါအဝင္ သုံးေသာင္းေက်ာ္ ထြက္ေျပးၾကရၿပီး ဘုရားေက်ာင္းေတြ မီးရႈိ႕ခံရပါတယ္ ။ ဒီအထဲမွာ လူသားခ်င္းစာနာေထာက္ထားမႈ႕ဆိုင္ရာ( Save the Childrens ) ႐ုံးတစ္႐ုံးလည္း မီးရႈိ႕ခံခဲ့ရပါတယ္ ။

( လူသားခ်င္းစာနာမႈ႕ဆိုင္ရာ ႀကိဳးပမ္းမႈ႕မ်ားကို ကူညီပါ )

အေလးေပး ေျပာၾကားလိုတာက ” လူသားခ်င္းစာနာေထာက္ထားမႈ႕ဆိုင္ရာ အလုပ္သမားနဲ႔ အေဆာက္အအုံေတြ ၊အရပ္သားေတြနဲ႔ အရပ္ဘက္အေဆာက္အအုံေတြကို ျမန္မာစစ္တပ္က ဦးတည္တိုက္ခိုက္ေနတာေတြပါ ” ။ ဒါေတြဟာ ႏိုင္ငံတကာ လူသားခ်င္းစာနာေထာက္ထားမႈ႕ဥပေဒေအာက္မွာ ရွင္းရွင္းလင္းလင္း တားျမစ္ထားပါတယ္ ။ ” ဒီလုပ္ရပ္ေတြကို ျမန္မာစစ္တပ္အေနနဲ႔ ခ်က္ျခင္းရပ္ေပးဖို႔ လိုပါတယ္ ” ။

လူသားခ်င္းစာနာေထာက္ထားမႈ႕ဆိုင္ရာ ဌာနက ႐ုံးဝန္ထမ္း ၁.၆၇ သန္းေက်ာ္ဟာ အဆင္သင့္ျဖစ္ေနေပမယ့္ ျမန္မာစစ္ေကာင္စီဘက္က ဝင္ေရာက္ခြင့္ကို ပိတ္ပင္ထားပါတယ္ ။ စားနပ္ရိကၡာ ၊ ေငြသားနဲ႔ အဟာရအကူအညီေတြ အဆင့္သင့္ပါ ။ တစ္ႏိုင္ငံလုံးမွာ အပူတျပင္းလိုအပ္ေနတဲ့ အကူအညီေတြကို စစ္တပ္က ဗ်ဳ႐ိုကေရစီ ဆန္ဆန္ အဟန္႔အတားေတြလုပ္ေတဲ့အတြက္ အကူအညီေတြဟာ လက္လွမ္းမမွီေသးပါဘူး ။ ေဘးကင္းလုံၿခဳံၿပီး အလ်င္အျမန္ကူညီႏိုင္ဖို႔ ႏိုင္ငံတကာအသိုင္းအဝန္းက ကူညီေပးဖို႔လိုပါတယ္ ။

( ဂုဏ္သိကၡာ လုံၿခဳံပါေစ )

ျမန္မာျပည္သူေတြဟာ သူတို႔ရဲ႕ အေျခခံရပိုင္ခြင့္ေတြကို ဂုဏ္သိကၡာရွိရွိ ရယူ ေနထိုင္ႏိုင္ဖို႔ ကြၽန္ေတာ္တို႔ရဲ႕ အကူအညီ လိုအပ္ေနပါတယ္ ။ ႏိုင္ငံတကာ လူသားခ်င္းစာနာေထာက္ထားမႈ႕ဆိုင္ရာအဖြဲ႕ေတြနဲ႔ လူ႔အခြင့္အေရး ဥပေဒေအာက္မွာ အရပ္သားေတြကို ကာကြယ္ေပးဖို႔ ၊ အၾကမ္းဖက္မႈ႕ေတြကေန ထြက္ေျပးတိမ္းေရွာင္ေနရသူေတြကို အကူအညီေပးႏိုင္ဖို႔ အတြက္ ကြၽန္ေတာ္တို႔ရဲ႕ တာဝန္ဝတၱရားေတြကို အျပည့္အဝ ေလးစားလိုက္နာဖို႔ ျမန္မာစစ္ေကာင္စီကို အသိေပးခ်င္ပါတယ္ ။ ဒါေတြကို ကမာၻႀကီးကလည္း ေစာင့္ၾကည့္ေနပါတယ္ ။

( ဒီမိုကေရစီ ျပန္လည္ထူေထာင္ေရး )

ဒီရက္ပိုင္းမွာပဲ ျမန္မာျပည္သူေတြ မဲေပးခဲ့ၾကတာဟာ တစ္ႏွစ္ျပည့္ခဲ့ပါၿပီ ။ ဒီမဲေပးပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ပါတီဟာ အျပတ္အသတ္ အႏိုင္ရခဲ့ပါတယ္ ။ ကုလသမဂၢ အထူးကိုယ္စားလွယ္ တြမ္အင္ဒ႐ူးကလည္း

” ေ႐ြးေကာက္ပြဲကို ျမန္မာစစ္တပ္က စနစ္တက် ခ်ိဳးေဖာက္ၿပီး အခြင့္အေရးေတြ ခိုးယူခဲ့တာပါ ” ဆိုၿပီး တင္ျပထားပါတယ္ “
လို႔ မစၥတာမာတင္က တင္ျပခဲ့ပါတယ္ ။

အက်ပ္အတည္းကို အဆုံးသတ္ကူညီဖို႔အတြက္ တနလၤာေန႔က လုံၿခဳံေရးေကာင္စီ တံခါးပိတ္ေဆြးေႏြးပြဲမွာ အကူအညီေတြ သိသိသာသာ ေပးအပ္ႏိုင္ဖို႔နဲ႔ စစ္အစိုးရရဲ႕ ေငြနဲ႔ လက္နက္ရရွိမႈ႕ေတြကို ျဖတ္ေတာက္ဖို႔ တိုက္တြန္းခဲ့ပါတယ္ ။

ဒီေဆြးေႏြးပြဲမွာ ျမန္မာႏိုင္ငံဆိုင္ရာ ကုလအထူးကိုယ္စားလွယ္ တြမ္အင္ဒ႐ူးက ျမန္မာႏိုင္ငံဆိုင္ရာ အေရးေပၚအေျခအေနကို တိက်တဲ့ အေျခအေနတစ္ခု ဆုံးျဖတ္ဖို႔ အစီရင္ခံခဲ့ပါတယ္ ။

ဒါကေတာ့ ဒီေန႔ ႏိုဝင္ဘာလ ၈ ရက္ ၊ တနလၤာေန႔မွာ ဂ်နီဗာမွာျပဳလုပ္တဲ့ လုံၿခဳံေရးေကာင္စီ အစည္းအေဝးက ထုတ္ျပန္လိုက္တဲ့ သတင္းပါ ။

ဘႀကီးေအာင္ LA /၈ ႏိုဝင္ဘာ ၊ ၂၀၂၁