သင့်ရဲ့ဖုန်းနဲ့ ခဏလောက်အဆက်ဖြတ်သင့်ပြီဆိုတာကို သတိပေးနေတဲ့ အချက် ၅ ချက်
စမတ်ဖုန်းတွေဟာ လူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခုဖြစ်လာခဲ့ပြီး လူသားတွေရဲ့ဘဝကို ပိုအဆင်ပြေလွယ်ကူစေတဲ့ အရာတစ်ခုဖြစ်လာခဲ့ပါတယ်။
ခလုတ်တစ်ချက်နှိပ်လိုက်ရံုံနဲ့ ကမ္ဘာကြီးရဲ့နေရာတိုင်းကို ဆက်သွယ်နိုင်သလို သတင်းအချက်အလက်တွေကို ခဏလေးနဲ့ရှာဖွေနိုင်တဲ့ ပစ္စည်းတစ်ခုပါ။
ဒါပေမယ့် ဆဲလ်ဖုန်းတွေဟာ လူတွေရဲ့ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေနိုင်တဲ့ အရာတစ်ခုလည်း ဖြစ်လို့နေပါတယ်။
သင့်ရဲ့ဖုန်းနဲ့ သင်ဟာခဏလောက် အဆက်ဖြတ်ဖို့လိုနေပြီဆိုတာကို ဒီအချက်တွေက သတိပေးလို့နေပါတယ်။
-မျက်လုံးတွေကို ထိခိုက်ပျက်စီးခြင်း
လူတွေရဲ့မျက်လုံးဆဲလ်တွေဟာ အရမ်းနူးညံတဲ့ဆဲလ်တွေဖြစ်တာကြောင့် ဖုန်းထဲကထွက်လာတဲ့ အလင်းရောင်ဟာ မျက်လုံးကိုအလွယ်တကူ ထိခိုက်ပျက်စီးနိုင်ပါတယ်။
တကယ်လို့ ဖုန်းအသုံးများပြီး မျက်လုံးတွေပြာဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးခြောက်ခြင်း စတာတွေကို ခံစားနေရပြီဆိုရင်တော့
သင့်ရဲ့မျက်လုံးကို အနားပေးဖို့လိုအပ်နေပါပြီ။ ဒီလိုအချိန်မှာ ဖုန်းအသုံးမပြုပဲ ခဏလောက် မီတာ ၂၀ အကွာအဝေးကိုကြည့်ပေးတာမျိုး လုပ်သင့်ပါတယ်။
-လက်မျက်ရိုးနဲ့ လက်ကောက်ဝတ်ထိခိုက်ခြင်း
စမတ်ဖုန်းကို တစ်နေ့ငါးနာရီ၊ ခြောက်နာရီလောက်အသုံးပြုခြင်းက လက်မျက်ရိုးနဲ့ လက်ကောက်ဝတ်တွေ ကြီးထွားလာခြင်းပြသနာနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။
ဖုန်းအသုံးပြုများတဲ့အခါ လက်ကောက်ဝတ်နာခြင်း၊ ထုံကျင်ခြင်း၊ အကြောတက်ခြင်း၊ တစစ်စစ်ကိုက်ခဲခြင်း စတာတွေခံစားနေရင်တော့ ဖုန်းအသုံးပြုမှုကို လျော့ချဖို့လိုအပ်နေပါပြီ။
နောက်ပြီး ခါးနာခြင်း၊ လည်ပင်းနာခြင်းတွေဟာလည်း ဖုန်းအလွန်အကျွံအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေ ဖြစ်ပါတယ်။
-အိပ်မပျော်ခြင်း
ခန္ဓာကိုယ်ဟာ ပုံမှန်ကျန်းမာစွာလည်ပတ်နိုင်ဖို့ တစ်နေ့ကို ၇-၈ နာရီအိပ်စက်ဖို့ လိုအပ်ပါတယ်။
ဒါပေမယ့် ညနက်တဲ့အထိ ဖုန်းအသုံးပြုတတ်တဲ့သူတွေဟာ အိပ်မပျော်တဲ့ပြသနာနဲ့ ရင်ဆိုင်နေကြရပါတယ်။
တကယ်လို့ သင်ဟာ ဖုန်းအသုံးပြုချိန်များပြီး ကောင်းမွန်စွာအိပ်မပျော်နိုင်ဘူးဖြစ်နေရင်တော့ အဝလွန်ခြင်းနဲ့
စိတ်အနှောင့်အယှက်ဖြစ်ခြင်းတွေကို ကြုံတွေ့လာရနိုင်တာဖြစ်လို့ ဖုန်းအသုံးပြုတာကို ခဏလောက်ရပ်ဖို့ လိုအပ်နေပါပြီ။
-စိတ်ဖိစီးမှုများခြင်း
ဖုန်းအသုံးပြုမူကြောင့် စိတ်ဖိစီးမှုကိုခံစားရစေတဲ့ အကြောင်းအရင်းနှစ်မျိုး ရှိပါတယ်။
ပထမတစ်ခုက အိပ်မပျော်ခြင်းဖြစ်ပြီး ဒုတိယတစ်ခုကတော့ အင်တာနက်မှ သတင်းအချက်အလက် အလွန်အကျွံဖတ်မိတာကြောင့် ဖြစ်ပါတယ်။
ဒီအကြောင်းအရင်းနှစ်ခုလုံးဟာ အချိန်ကြာလာတာနဲ့အမျှ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်မြန်ခြင်းစတာတွေကို ဖြစ်လာစေပါတယ်။
ဒါကြောင့် ကိုယ့််ကိုယ်ကို စိတ်ဖိစီးမှုတွေများလာနေတယ်လို့ ခံစားနေရပြီဆိုရင်တော့ ဖုန်းနဲ့ခဏလောက် အဆက်ဖြတ်လိုက်တာက သင့်အတွက်အကောင်းဆုံး နည်းလမ်းဖြစ်စေမှာပါ။