ဗဟုသုတ

ဒီဆုံးမစကား (၇)ခွန်းက သမီးတွေအတွက် အလွန်ပဲ အဖိုးတန်ပါတယ်

ဒီဆုံးမစကား (၇)ခွန်းက သမီးတွေအတွက် အလွန်ပဲ အဖိုးတန်ပါတယ်

ဒီကမ္ဘာပေါ်မှာ ကိုယ့်သားသမီးကို ဘယ်လိုချစ်ရမယ်၊ ဘယ်လိုကာကွယ်ရမယ်၊ ဘယ်လိုဆုံးမသင်ကြားရမယ်လို့ သတ်မှတ် ထားတဲ့ ညွန်ကြားချက်မရှိပါဘူး။ ဘဝကသင်ပေးတဲ့ အတွေ့အကြုံတွေ၊ နှလုံးသားမှာ ခိုအောင်းနေတဲ့ တုနှိုင်းမမီတဲ့ မိခင်ရဲ့ အချစ်စိတ်တွေက သားသမီးကို ဘယ်လိုချစ်၊ ဘယ်လိုကာကွယ်၊ ဘယ်လိုဆုံးမသြဝါဒပေးရမယ်ဆိုတာကို သင်ပေးပါ တယ်။

သားသားလေး၊ မီးမီးလေးမွေးမယ်လို ခွဲခွဲခြားခြားမသိတဲ့ အချိန်မှာတောင်မှ သူ့ကိုအကြွင်းမဲ့ချစ်မယ်၊ လွတ်လပ် မှုတွေပေးမယ်၊ လိုလေသေးမရှိ ထောက်ပံ့ပေးမယ်၊ အပြည့်အဝ အားပေးမယ်။ အောင်မြင်မှုတွေအတွက် သူ့ကို ချီကျူး မယ်၊ အခက်အခဲတွေရှိတဲ့အခါ နှစ်သိမ့်ပေးမယ်။

ပြဿနာအခက်အခဲတွေကို ကူရှင်းပေးမယ်၊ ကံကြမ္မာမုန်တိုင်းတွေကို တားဆီးကာကွယ်ပေးမယ်ဆိုပြီး စိတ်ထဲမှာစွဲမှတ်ထားကြတယ်။ ဒီတော့ သမီးလေးကို တစ်နေ့နေ့မှာ သင့်အနေနဲ့ ဆုံးမသြဝါဒပေးကိုပေးသင့်တဲ့အကြောင်းအရာတွေ ရှိနေပါတယ်။

၁။ ကိုယ့်ကိုကိုယ် ချစ်ပါ

လောကမှာ အရေးအကြီးဆုံးအရာတစ်ခုက ကိုယ့်အကြောင်းကိုယ်သိဖို့လိုတယ် သမီး။ အခြားသူတွေရဲ့ ထင်မြင်ယူဆချက် တွေက အရေးပါတယ်လို့ သမီးထင်နေပေမဲ့ တကယ်တမ်းတော့ ကိုယ့်ဘဝကိုတည်ဆောင်ဖို့အတွက် ကိုယ့်အကြောင်း ကိုယ် နားလည်ဖို့လိုတယ်သမီး။

အမှားရှာဖို့၊့ ကိုယ်ဘဝကိုယ် ဖျက်စီးဖို့အရမ်းလွယ်သလို ကိုယ့်ဘဝပြုပြင်ပြောင်းလဲဖို့ အတွက်လဲ စွမ်းဆောင်ပေးတယ်။ ဒါကြောင့် အဲစိတ်ကလေးတွေကို လက်ကိုင်ထားပြီး ဘဝကို လှပအောင်တည် ဆောက်ပါသမီးရယ်။ ကိုယ့်ကိုကိုယ် ကြင်နာပါ၊ ကိုယ့်ကိုကိုယ် ချစ်ခင်လေးစားပါ။ ဘာကြောင်းလဲဆိုတော့ ကိုယ့်ကိုကိုယ် လေးလေးစားစားနေထိုင်မှ အခြားသူတွေက သမီးကိုလေးစားမှာပေါ့။

၂။ ကမ္ဘာကြီးအကြောင်း စူးစမ်းလေ့လာပါ

အထုတ်ပိုးပြီး စိတ်ကြိုက်ခရီးနှင်ပါ။ အသစ်အဆန်း တီထွင်ပါ။ မရောက်ဖူးတဲ့နေရာသို့ သွားပါ။ စိတ်သစ်ကိုယ်သစ်နဲ့ နေထိုင်ပါ။ ကမ္ဘာကြီးအကြောင်း နားလည်လာလေလေ ဘဝရဲ့ပြောင်းလဲမှုအကြောင်း ပိုမိုနားလည် လာလိမ့်မယ်။ ကိုယ်အကြောင်း၊ သူများအကြောင်း၊ သူတို့ယဉ်ကျေးမှုအကြောင်းတွေကို လေ့လာတဲ့အခါ ပင်ပန်းနွမ်းနယ် လာလိမ့်မယ်။

အဲလိုမျိုး ပင်ပန်းနွမ်းနယ်လာတဲ့အခါ အေးအေးသက်သာနေထိုင်ပြီး ဘဝကို သက်တမ်းပြည့်နေထိုင်ပါ။ ကိုယ်ရဲ့စိတ်ကို နိုးကြားလာစေတဲ့ ခံစားချက်တစ်ခု ခံစားလိုက်တာနဲ့ သင့်ဘဝတမူပြောင်းလဲလာပါလိမ့်မယ်။

၃။ လူတော်လူမွန်ဖြစ်အောင် ဖန်တီးပေးတဲ့သူနဲ့ ပေါင်းသင်းပါ

အမေနှင့် အမေ့ရဲ့ အဘွားအမြဲပြောနေကြစကားတစ်ခွန်းရှိတယ်သမီး။ အဲဒါက ဘယ်သူနဲ့ ပေါင်းသင်းနေလဲဆိုတာသာ ပြောပါ။ ဘယ်လိုလူဆိုတာ ငါတပ်အပ်ပြောမယ်တဲ့။ အချိန်ဆိုတာ အဖိုးတန်ရတနာပါ။ လက်ရှိအချိန်ဟာ လက်ဆောင် ကောင်းတစ်ခုပါ။

ကိုယ့်ဘဝကို ဆုတ်ယုတ်စေတဲ့သူတွေနဲ့အတူ အချိန်ကို အလဟသဖြုန်းတီးပစ်လိုက်ရင် ဘဝမှာ ရည်မှန်းချက်ပျောက်ပြီး ခါးသီးမှုတွေကို ခံစားရမယ်။ ကိုယ့်ဘဝကို လမ်းပြနိုင်တဲ့သူ အားပေးနိုင်တဲ့သူတွေနှင့် ပေါင်းသင်းနေထိုင်ပါနော်။

၄။ ကိုယ့်ရည်မှန်းချက်ကို တစိုက်မတ်မတ်လုပ်ပါ

ကိုယ့်ရဲ့ဘဝခရီးလမ်းတလျောက် ကိုယ့်ကိုလမ်းညွန်ပေးတဲ့ လေးနက်တဲ့အတွေးလေးတွေ ရင်ထဲမှာရှိနေပါတယ်။ အဲဒါ ဘာလဲဆိုတာကို ဂရုတစိုက်နဲ့ သတိထားနားထောင်ပါ။ အဲဒီအတွေးတွေဟာ ကိုယ့်ဘဝရဲ့ရည်မှန်းချက်တွေကို သိအောင် ကူညီပေးပြီး လမ်းမှန်ကို ညွန်ပြကာ ကိုယ့်အတွက် အကောင်းဆုံးလမ်းကို ဆောင်ကြဉ်းပေးတယ်သမီး။

ကိုယ်မှန်တယ်ထင် တဲ့အရာကို အပြင်ကအကြောင်းအရာတွေနဲ့ အဟန့်အတားမဖြစ်ပါစေနဲ့။ နှလုံးသားက စကားသံကိုနားထောင်ပြီး ကိုယ့်ဆန္ဒကို ဖြည့်ဆည်းပါသမီး။

၅။ ကိုယ့်ကိုကိုယ်ခွင့်လွှတ်နားလည်သလို အခြားသူတွေကိုလဲ ခွင့်လွှတ်နားလည်ပေးပါ

လူတွေက ကိုယ့်ကို အနှောင့်အယှက်ပေးတာ၊ ကိုယ့်ကိုထိခိုက်နာကျင်စေတာ၊ ကိုယ့်ဘဝတက်လကမ်းကို ရိုက်ချိုး လိုက်တာတွေကို တနေ့ သမီးကြုံရလိမ့်မယ်။ သမီးလည်းပဲ အခြားသူတွေနာကျင်စေတာ၊ အရှက်ရစေတဲဟာ လုပ်မိမှာပဲ။ အမေတို့က လူသားတွေလေ။ အမှားတွေလည်း လုပ်တတ်ကြသလို နားလည်ခွင့်လွှတ်မှုလည်း ပေးရမှာပေါ့။

ကိုယ့်ကိုကိုယ်နားလည်ခွင့်လွှတ်ပေးသလို သူတို့ကိုလည်း နားလည်ခွင့်လွှတ်ပေးပါ။ တစ်ယောက်ကိုတစ်ယောက် မုန်းတီးတာ၊ အာဃာတထားတာတွေက ကိုယ့်ကို လောင်မြိုက်စေတယ်သမီး။ သမီး သူတို့ကို နားလည်ခွင့်လွှတ် လိုက်တဲ့အခါ စိတ်တန်ခိုးရရှိပြီး မေတ္တရားလက်ကိုင်စွဲလို့ ငြိမ်းချမ်းစွာအမြဲနေနိုင်လိမ့်မယ်သမီး။

၆။ အလောတကြီး အိမ်ထောင်မပြုပါနဲ့—အချစ်စစ်အချစ်မှန်ရဖို့ အချိန်ပေးလေ့လာပါ

စကားပုံးတစ်ခုရှိတယ်သမီး – မသင့်မြတ်တဲ့သူနဲ့ အတူလက်ထပ်ပေါင်းသင်းနေထိုင်ရတာထက် တစ်ယောက်တည်းနေရတာက ပိုကောင်းတယ်တဲ့ သမီး။ နင်ကအသက်ကြီးနေပြီ။ အချိန်ပေးပြီး အချစ်ကို ရှာဖွေနေရမဲ့ အချိန်မဟုတ်တော့ဘူး။ အရွယ်မလွန်ခင် အိမ်ထောင်ပြုတော့လို့ လူတွေပြောတိုင်းလဲ ပေါက်တက်ကရကောင်ကို လက်မထပ်လိုက်ပါနဲ့သမီး။

သမီးဘာပဲဖြစ်ဖြစ် သမီးအချစ်ကို တန်ဖိုးထားသူ၊ လေးစားသူ၊ သူငယ်ချင်းကောင်းတစ်ယောက်လို ဘဝလက်တွဲဖော်ရဖို့ အချိန်လိုတယ် သမီး။ သမီးလက်တွဲချင်တဲ့သူ ဘယ်လိုလူစားဖြစ်ရမယ်ဆိုတာ သမီးသိရမယ်။ ဒါမှ သမီးဘဝထဲသူဝင်ရောက်လာတဲ့အခါ ဘယ်သူနဲ့မှ အစားမထိုးနိုင်ဘူးဆိုတာကို သမီးနားလည်လိမ့်မယ်။

၇။ ကိုယ့်ဘဝကို တည်ဆောက်ပါ

အမေတို့လူတွေဟာ ခံစားချက်တွေနဲ့ရှင်သန်နေထိုင်နေတဲ့ သတ္တဝါတွေပဲသမီး။ အမေတို့မှာ အမေတို့နေထိုင်ချင်တဲ့ပုံစံနဲ့ နေထိုင်ခွင့် တွေရှိတယ်။ အမေတို့ဆန္ဒရှိတဲ့အတိုင်း အရာအားလုံးကို ကြိုးစားပိုင်ခွင့်ရှိတယ်သမီး။ ရယ်ချင်လည်း ရယ်လို့ရတယ်၊ ငိုချင်လည်း ငိုလို့ရတယ်သမီး။ ဒါပေမဲ့သမီရယ်… ဘဝမှာ ဂုဏ်ယူစရာ ဘဝတစ်ခုအဖြစ်နဲ့ပဲ ရှင်သန်နေထိုင်ပါသမီးရယ်…

Credit

Zawgyi

ဒီဆုံးမစကား (၇)ခြန္းက သမီးေတြအတြက္ အလြန္ပဲ အဖိုးတန္ပါတယ္

ဒီကမာၻေပၚမွာ ကိုယ့္သားသမီးကို ဘယ္လိုခ်စ္ရမယ္၊ ဘယ္လိုကာကြယ္ရမယ္၊ ဘယ္လိုဆုံးမသင္ၾကားရမယ္လို႔ သတ္မွတ္ ထားတဲ့ ၫြန္ၾကားခ်က္မရွိပါဘူး။ ဘဝကသင္ေပးတဲ့ အေတြ႕အႀကဳံေတြ၊ ႏွလုံးသားမွာ ခိုေအာင္းေနတဲ့ တုႏႈိင္းမမီတဲ့ မိခင္ရဲ႕ အခ်စ္စိတ္ေတြက သားသမီးကို ဘယ္လိုခ်စ္၊ ဘယ္လိုကာကြယ္၊ ဘယ္လိုဆုံးမၾသဝါဒေပးရမယ္ဆိုတာကို သင္ေပးပါ တယ္။

သားသားေလး၊ မီးမီးေလးေမြးမယ္လို ခြဲခြဲျခားျခားမသိတဲ့ အခ်ိန္မွာေတာင္မွ သူ႔ကိုအႂကြင္းမဲ့ခ်စ္မယ္၊ လြတ္လပ္ မႈေတြေပးမယ္၊ လိုေလေသးမရွိ ေထာက္ပံ့ေပးမယ္၊ အျပည့္အဝ အားေပးမယ္။ ေအာင္ျမင္မႈေတြအတြက္ သူ႔ကို ခ်ီက်ဴး မယ္၊ အခက္အခဲေတြရွိတဲ့အခါ ႏွစ္သိမ့္ေပးမယ္။

ျပႆနာအခက္အခဲေတြကို ကူရွင္းေပးမယ္၊ ကံၾကမၼာမုန္တိုင္းေတြကို တားဆီးကာကြယ္ေပးမယ္ဆိုၿပီး စိတ္ထဲမွာစြဲမွတ္ထားၾကတယ္။ ဒီေတာ့ သမီးေလးကို တစ္ေန႔ေန႔မွာ သင့္အေနနဲ႔ ဆုံးမၾသဝါဒေပးကိုေပးသင့္တဲ့အေၾကာင္းအရာေတြ ရွိေနပါတယ္။

၁။ ကိုယ့္ကိုကိုယ္ ခ်စ္ပါ

ေလာကမွာ အေရးအႀကီးဆုံးအရာတစ္ခုက ကိုယ့္အေၾကာင္းကိုယ္သိဖို႔လိုတယ္ သမီး။ အျခားသူေတြရဲ႕ ထင္ျမင္ယူဆခ်က္ ေတြက အေရးပါတယ္လို႔ သမီးထင္ေနေပမဲ့ တကယ္တမ္းေတာ့ ကိုယ့္ဘဝကိုတည္ေဆာင္ဖို႔အတြက္ ကိုယ့္အေၾကာင္း ကိုယ္ နားလည္ဖို႔လိုတယ္သမီး။

အမွားရွာဖို႔၊့ ကိုယ္ဘဝကိုယ္ ဖ်က္စီးဖို႔အရမ္းလြယ္သလို ကိုယ့္ဘဝျပဳျပင္ေျပာင္းလဲဖို႔ အတြက္လဲ စြမ္းေဆာင္ေပးတယ္။ ဒါေၾကာင့္ အဲစိတ္ကေလးေတြကို လက္ကိုင္ထားၿပီး ဘဝကို လွပေအာင္တည္ ေဆာက္ပါသမီးရယ္။ ကိုယ့္ကိုကိုယ္ ၾကင္နာပါ၊ ကိုယ့္ကိုကိုယ္ ခ်စ္ခင္ေလးစားပါ။ ဘာေၾကာင္းလဲဆိုေတာ့ ကိုယ့္ကိုကိုယ္ ေလးေလးစားစားေနထိုင္မွ အျခားသူေတြက သမီးကိုေလးစားမွာေပါ့။

၂။ ကမာၻႀကီးအေၾကာင္း စူးစမ္းေလ့လာပါ

အထုတ္ပိုးၿပီး စိတ္ႀကိဳက္ခရီးႏွင္ပါ။ အသစ္အဆန္း တီထြင္ပါ။ မေရာက္ဖူးတဲ့ေနရာသို႔ သြားပါ။ စိတ္သစ္ကိုယ္သစ္နဲ႔ ေနထိုင္ပါ။ ကမာၻႀကီးအေၾကာင္း နားလည္လာေလေလ ဘဝရဲ႕ေျပာင္းလဲမႈအေၾကာင္း ပိုမိုနားလည္ လာလိမ့္မယ္။ ကိုယ္အေၾကာင္း၊ သူမ်ားအေၾကာင္း၊ သူတို႔ယဥ္ေက်းမႈအေၾကာင္းေတြကို ေလ့လာတဲ့အခါ ပင္ပန္းႏြမ္းနယ္ လာလိမ့္မယ္။

အဲလိုမ်ိဳး ပင္ပန္းႏြမ္းနယ္လာတဲ့အခါ ေအးေအးသက္သာေနထိုင္ၿပီး ဘဝကို သက္တမ္းျပည့္ေနထိုင္ပါ။ ကိုယ္ရဲ႕စိတ္ကို ႏိုးၾကားလာေစတဲ့ ခံစားခ်က္တစ္ခု ခံစားလိုက္တာနဲ႔ သင့္ဘဝတမူေျပာင္းလဲလာပါလိမ့္မယ္။

၃။ လူေတာ္လူမြန္ျဖစ္ေအာင္ ဖန္တီးေပးတဲ့သူနဲ႔ ေပါင္းသင္းပါ

အေမႏွင့္ အေမ့ရဲ႕ အဘြားအၿမဲေျပာေနၾကစကားတစ္ခြန္းရွိတယ္သမီး။ အဲဒါက ဘယ္သူနဲ႔ ေပါင္းသင္းေနလဲဆိုတာသာ ေျပာပါ။ ဘယ္လိုလူဆိုတာ ငါတပ္အပ္ေျပာမယ္တဲ့။ အခ်ိန္ဆိုတာ အဖိုးတန္ရတနာပါ။ လက္ရွိအခ်ိန္ဟာ လက္ေဆာင္ ေကာင္းတစ္ခုပါ။

ကိုယ့္ဘဝကို ဆုတ္ယုတ္ေစတဲ့သူေတြနဲ႔အတူ အခ်ိန္ကို အလဟသျဖဳန္းတီးပစ္လိုက္ရင္ ဘဝမွာ ရည္မွန္းခ်က္ေပ်ာက္ၿပီး ခါးသီးမႈေတြကို ခံစားရမယ္။ ကိုယ့္ဘဝကို လမ္းျပႏိုင္တဲ့သူ အားေပးႏိုင္တဲ့သူေတြႏွင့္ ေပါင္းသင္းေနထိုင္ပါေနာ္။

၄။ ကိုယ့္ရည္မွန္းခ်က္ကို တစိုက္မတ္မတ္လုပ္ပါ

ကိုယ့္ရဲ႕ဘဝခရီးလမ္းတေလ်ာက္ ကိုယ့္ကိုလမ္းၫြန္ေပးတဲ့ ေလးနက္တဲ့အေတြးေလးေတြ ရင္ထဲမွာရွိေနပါတယ္။ အဲဒါ ဘာလဲဆိုတာကို ဂ႐ုတစိုက္နဲ႔ သတိထားနားေထာင္ပါ။ အဲဒီအေတြးေတြဟာ ကိုယ့္ဘဝရဲ႕ရည္မွန္းခ်က္ေတြကို သိေအာင္ ကူညီေပးၿပီး လမ္းမွန္ကို ၫြန္ျပကာ ကိုယ့္အတြက္ အေကာင္းဆုံးလမ္းကို ေဆာင္ၾကဥ္းေပးတယ္သမီး။

ကိုယ္မွန္တယ္ထင္ တဲ့အရာကို အျပင္ကအေၾကာင္းအရာေတြနဲ႔ အဟန႔္အတားမျဖစ္ပါေစနဲ႔။ ႏွလုံးသားက စကားသံကိုနားေထာင္ၿပီး ကိုယ့္ဆႏၵကို ျဖည့္ဆည္းပါသမီး။

၅။ ကိုယ့္ကိုကိုယ္ခြင့္လႊတ္နားလည္သလို အျခားသူေတြကိုလဲ ခြင့္လႊတ္နားလည္ေပးပါ

လူေတြက ကိုယ့္ကို အေႏွာင့္အယွက္ေပးတာ၊ ကိုယ့္ကိုထိခိုက္နာက်င္ေစတာ၊ ကိုယ့္ဘဝတက္လကမ္းကို ႐ိုက္ခ်ိဳး လိုက္တာေတြကို တေန႔ သမီးႀကဳံရလိမ့္မယ္။ သမီးလည္းပဲ အျခားသူေတြနာက်င္ေစတာ၊ အရွက္ရေစတဲဟာ လုပ္မိမွာပဲ။ အေမတို႔က လူသားေတြေလ။ အမွားေတြလည္း လုပ္တတ္ၾကသလို နားလည္ခြင့္လႊတ္မႈလည္း ေပးရမွာေပါ့။

ကိုယ့္ကိုကိုယ္နားလည္ခြင့္လႊတ္ေပးသလို သူတို႔ကိုလည္း နားလည္ခြင့္လႊတ္ေပးပါ။ တစ္ေယာက္ကိုတစ္ေယာက္ မုန္းတီးတာ၊ အာဃာတထားတာေတြက ကိုယ့္ကို ေလာင္ၿမိဳက္ေစတယ္သမီး။ သမီး သူတို႔ကို နားလည္ခြင့္လႊတ္ လိုက္တဲ့အခါ စိတ္တန္ခိုးရရွိၿပီး ေမတၱရားလက္ကိုင္စြဲလို႔ ၿငိမ္းခ်မ္းစြာအၿမဲေနႏိုင္လိမ့္မယ္သမီး။

၆။ အေလာတႀကီး အိမ္ေထာင္မျပဳပါနဲ႔—အခ်စ္စစ္အခ်စ္မွန္ရဖို႔ အခ်ိန္ေပးေလ့လာပါ

စကားပုံးတစ္ခုရွိတယ္သမီး – မသင့္ျမတ္တဲ့သူနဲ႔ အတူလက္ထပ္ေပါင္းသင္းေနထိုင္ရတာထက္ တစ္ေယာက္တည္းေနရတာက ပိုေကာင္းတယ္တဲ့ သမီး။ နင္ကအသက္ႀကီးေနၿပီ။ အခ်ိန္ေပးၿပီး အခ်စ္ကို ရွာေဖြေနရမဲ့ အခ်ိန္မဟုတ္ေတာ့ဘူး။ အ႐ြယ္မလြန္ခင္ အိမ္ေထာင္ျပဳေတာ့လို႔ လူေတြေျပာတိုင္းလဲ ေပါက္တက္ကရေကာင္ကို လက္မထပ္လိုက္ပါနဲ႔သမီး။

သမီးဘာပဲျဖစ္ျဖစ္ သမီးအခ်စ္ကို တန္ဖိုးထားသူ၊ ေလးစားသူ၊ သူငယ္ခ်င္းေကာင္းတစ္ေယာက္လို ဘဝလက္တြဲေဖာ္ရဖို႔ အခ်ိန္လိုတယ္ သမီး။ သမီးလက္တြဲခ်င္တဲ့သူ ဘယ္လိုလူစားျဖစ္ရမယ္ဆိုတာ သမီးသိရမယ္။ ဒါမွ သမီးဘဝထဲသူဝင္ေရာက္လာတဲ့အခါ ဘယ္သူနဲ႔မွ အစားမထိုးႏိုင္ဘူးဆိုတာကို သမီးနားလည္လိမ့္မယ္။

၇။ ကိုယ့္ဘဝကို တည္ေဆာက္ပါ

အေမတို႔လူေတြဟာ ခံစားခ်က္ေတြနဲ႔ရွင္သန္ေနထိုင္ေနတဲ့ သတၱဝါေတြပဲသမီး။ အေမတို႔မွာ အေမတို႔ေနထိုင္ခ်င္တဲ့ပုံစံနဲ႔ ေနထိုင္ခြင့္ ေတြရွိတယ္။ အေမတို႔ဆႏၵရွိတဲ့အတိုင္း အရာအားလုံးကို ႀကိဳးစားပိုင္ခြင့္ရွိတယ္သမီး။ ရယ္ခ်င္လည္း ရယ္လို႔ရတယ္၊ ငိုခ်င္လည္း ငိုလို႔ရတယ္သမီး။ ဒါေပမဲ့သမီရယ္… ဘဝမွာ ဂုဏ္ယူစရာ ဘဝတစ္ခုအျဖစ္နဲ႔ပဲ ရွင္သန္ေနထိုင္ပါသမီးရယ္…

Credit