ဗဟုသုတ

ပိုက္ဆံ မရွိတဲ့အခါ…























Unicde

ပိုက်ဆံ မရှိတဲ့အခါ သင် အတော်များများကို အောက်ကနေပဲ မော့ကြည့်နေရလိမ့်မယ်

ပိုက်ဆံ ရှိတဲ့အခါ သင် အတော်များများကို အပေါ်စီးကနေ ကြည့်လို့ရလာတယ်

ပိုက်ဆံ မရှိတဲ့အခါ သင် လုပ်ပိုင်ခွင့်တွေ နည်းနေတတ်တယ်

ပိုက်ဆံ ရှိတဲ့အခါ သင် လုပ်ပိုင်ခွင့်တွေ များလာလိမ့်မယ်

ပိုက်ဆံ မရှိတဲ့အခါ သင်ဟာ ပုံတုံးတုံး လူတစ်ယောက်၊ လူရာမဝင်တဲ့ လူတစ်ယောက် ဖြစ်နေလိမ့်မယ်

ပိုက်ဆံ ရှိတဲ့အခါ သင်ဟာ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုအပြည့် ရှိတဲ့ လူရာဝင်တဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ်

ပိုက်ဆံ မရှိတဲ့အခါသင့်ကို မဲ့နေတဲ့ လူအများစုကို တွေ့ရလိမိ့မယ်

ပိုက်ဆံ ရှိတဲ့အခါ သင့်ကို ပြုံးပြနေတဲ့ လူအများစုကို မြင်ရလိမ့်မယ်

ပိုက်ဆံ မရှိတဲ့အခါ အပေါင်းအသင်း ရှားတယ်

ပိုက်ဆံ ရှိတဲ့အခါ အပေါင်းအသင်း ပေါတယ်

ပိုက်ဆံ မရှိတဲ့အခါ  စိတ်ချမ်းသာမှု အတော်များများ ပျောက်ဆုံးနေလိမ့်မယ်

ပိုက်ဆံ ရှိလာတဲ့အခါ စိတ်ချမ်းသာမှု အတော်များများ ရရှိလာလိမ့်မယ်

ပိုက်ဆံရှိတဲ့အခါ ပညာရေးကို ဝယ်လို့ ရတယ်

တရားဥပဒေကို ဝယ်လို့ရတယ် ဘဝတွေကို ဝယ်လို့ရတယ်

ပိုက်ဆံဆိုတာ ပညာသာ မတတ်တာ အတော် ဩဇာအာဏာ ရှိတယ်

ပိုက်ဆံဆိုတာ စာသာ မဖတ်တတ်တာ အတော် အပေါင်းအသင်း ဆံ့တယ်။

ပိုက်ဆံဆိုတာ လူတွေပြောပြောနေကြတဲ့ ဒုတိယဘုရားသခင်ပဲ။

ဒါ့ကြောင့် ပိုက်ဆံကို ရအောင် ရှာပါ။ ပိုက်ဆံစုပါ အကျိုးရှိအောင် သုံးပါ။

ပိုက်ဆံဆိုတာဟာလည်;သုံးတတ်ရင် ဆေး ဖြစ်သလို၊ မသုံးတတ်ရင်လည်း အဆိပ်ဖြစ်တတ်တယ်။

အလုပ်တွေကို ကြိုးစားလုပ်ပြီး ပိုက်ဆံတွေ စုကာ သင့်ဘဝကို ပိုမိုပျော်ရွှင်အောင် ဖန်တီးပါ။

Money is second God ပိုက်ဆံပညာသာမတတ်တာသြံဇာအတော်ကြီးတာ 💸💸💸

#မူရင်းရေးသားသူကို ..Crd. .ပေးပါသည်