ပြီးခဲ့တဲ့ရက်ပိုင်းက Metro Brothers ပေ့ခ်ျကနေ တင်ဆက်တဲ့ ဦးအရိုင်းမင်းနဲ့ ဦးမျိုးကြည်တို့ရဲ့ August လ Cover Shoot ဓာတ်ပုံတွေက ပရိသတ်တွေကြားမှာသာမက အနုပညာအသိုင်းအဝိုင်းမှာပါ ပေါက်ရောက်အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။
Credit
Unicode
လူကြမ်းသရုပ်ဆောင်ကြီး ဦးမျိုးကြည်ရဲ့ ဓာတ်ပုံကို တက်တူးထိုးပြီး အားပေးဝန်းရံခဲ့တဲ့ ပရိသတ်တစ်ဦး
လူကြမ်းသရုပ်ဆောင်ကြီး ဦးမျိုးကြည်ရဲ့ ဓာတ်ပုံကို သေရာပါတက်တူးထိုးပြီး အားပေးဝန်းရံခဲ့တဲ့ ပရိသတ်တစ်ဦး
ပြီးခဲ့တဲ့ရက်ပိုင်းက Metro Brothers ပေ့ချ်ကနေ တင်ဆက်တဲ့ ဦးအရိုင်းမင်းနဲ့ ဦးမျိုးကြည်တို့ရဲ့ August လ Cover Shoot ဓာတ်ပုံတွေက ပရိသတ်တွေကြားမှာသာမက အနုပညာအသိုင်းအဝိုင်းမှာပါ ပေါက်ရောက်အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဦးအရိုင်းမင်းနဲ့ ဦးမျိုးကြည်တို့က သူတို့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ကြမ်းကြမ်းရမ်းရမ်း လူမိုက်ဇာတ်ကောင်တွေနဲ့ အသားကျခဲ့ရာပြီး အသက်ကြီးတဲ့အချိန်ရောက်မှ အခုလို ပြင်ဆင်မှုအားကောင်းကောင်းနဲ့ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ရာမှာတော့ ပရိသတ်တွေကတော့ အမြင်ဆန်းပြီး သဘောကျခဲ့ရတာပဲ ဖြစ်ပါတယ်။
ဦးအရိုင်းမင်းနဲ့ ဦးမျိုးကြည်တို့အနေနဲ့လည်း ပရိသတ်တွေရဲ့ အသိအမှတ်ပြုအားပေးမှုကြောင့် တော်တော်လေး ဝမ်းသာခဲ့ရတာပဲ ဖြစ်ပါတယ်။ ဦးမျိုးကြည်ရဲ့ ဓာတ်ပုံတစ်ပုံကိုဆို ပရိသတ်တစ်ယောက်က အရူးအမူးကြိုက်နှစ်သက်လို့ ခန္ဓာကိုယ်ပေါ်မှာ သေရာပါတဲ့အထိ ဆေးမင်ကြောင်ထိုးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။
ဦးအရိုင်းမင်းနဲ့ ဦးမျိုးကြည်တို့ကတော့ မထင်ထားလောက်အောင် ပရိသတ်အားပေးမှုကို ရရှိခဲ့တာကြောင့် ဝမ်းသာခဲ့ရသလို အခုလို သေရာပါတဲ့အထိ တက်တူးထိုးတဲ့အကြောင်းသာသိရင် အရမ်းဝမ်းသာသွားမှာ သေချာပါတယ်။ ဦးအရိုင်းမင်းနဲ့ ဦးမျိုးကြည်တို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ဒီထက်မက ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit