ၾကားသိရသမွ်

ပြည်သူ့အချစ်တော် အန်ကယ်လေး နေအိမ်ကိုပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းကောင်းမျှဝေလာတဲ့ ဇနီးဖြစ်သူ ခင်စံပါယ်ဦး

မြန်မာနိုင်ငံရုပ်ရှင်လောကမှာ ဆရာတစ်ဆူဖြစ်တဲ့ ဦးလူမင်းကို ဒီကနေ့ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာပါ။ ဦးလူမင်းဟာ ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ခဲ့တဲ့ လေးစားစရာ အနုပညာရှင်တွေထဲကတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလကတည်းက အမှန်တရားဘက်က ရဲရဲဝင့်ဝင့် ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဦးလူမင်းကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူကတော့ ဖေဖော်ဝါရီလအစကတည်းမှစတင်ပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ အားကြိုးမာန်တက် ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ လူမင်းရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲနော်။

အခုလို လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့်လည်း ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

မတရားအာဏာသိမ်းမှုကို လက်မခံပဲ တွန်းလှန်တော်လှန်ရင် ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရသူထဲမှာ အိနြ္ဒာကျော်ဇင်လည်းအပါအဝင်ပဲဖြစ်ပါတယ်။ အာဏာသိမ်းပြီးမကြာခင်ကတည်း ဖမ်းဆီးခံခဲ့ရတာကြောင့် ခုမှာအချိန်အားဖြင့်တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ သူတို့ရဲ့မိသားစုတွေပရိသတ်တွေကလည်း သူမတို့အမြန်ဆုံးလွတ်မြောက်လာဖို့ကိုဆုတောင်းပေးနေကြတာပါ။

အကျဉ်းသားလွှတ်ဖို့ ကြော်ငြာတိုင်းလည်း ပရိသတ်တွေကအမြဲ သူတို့လွတ်မြောက်ဖို့မျှော်မှန်းနေကြတာပါ။ အခါခါလွတ်မြောက်မယ်ဆိုသတင်းတွေထွက်ပြီးမလွတ်မြောက်ခဲ့ပေမယ့်ခုမှာတော့သူမဟာတစ်ကယ်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ခဲ့တာပါ။သူနဲ့တူတူ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့နာမည်ကျော်တော်တော်များများလည်းလွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ခုမှာဆိုလည်း အန်ကယ်လေးဟာလွတ်မြောက်ပြီး သူမရဲ့အိမ်ကိုပြန်ရောက်ရှိလာပြီဖြစ်ကြောင်းကို အန်ကယ်လေးရဲ့ဇနီးဖြစ်သူကအခုလိုပဲပြောပြလာတာပဲဖြစ်ပါတယ်နော်.။ “ကိုလူမင်းနေအိမ်ကိုပြန်လည်ရောက်ရှိပါပြီ။သတင်းမေးဆုတောင်းမေတ္တာပို့ပေးတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်၊တစ်ယောက်ချင်းစီကိုအကြောင်းမပြန်နိုင်ခဲ့ရင်နားလည်ခွင့်လွတ်ပေးပါ🙏”ဆိုပြီးးဝမ်းသာအားရပြောပြလာတာပဲဖြစ်ပါတယ်နော်။

ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးရင်း နိုင်ငံတော်ကြီး အမြန်အေးချမ်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။