ၾကားသိရသမွ်

ေတးသံရွင္ ပိုင္သက္ေက်ာ္ကို အၾကမ္းဖက္စစ္ေကာင္စီ ဖမ္းဆီး

ေတးသံရွင္ ပိုင္သက္ေက်ာ္ကို အၾကမ္းဖက္စစ္ေကာင္စီ ဖမ္းဆီး

ရန္ကုန္၊ မတ္ ၂

ႏိုင္ငံေက်ာ္အဆိုေတာ္ ပိုင္သက္ေက်ာ္ကို အၾကမ္းဖက္စစ္ေကာင္စီက ယေန႔ မတ္လ ၂ ရက္ နံနက္ ၄ နာရီခန႔္တြင္ ေနအိမ္တြင္ လာေရာက္ဖမ္းဆီးသြားေၾ

ကာင္း သတင္းရရွိသည္။

 

“CDM ေတြကို ေထာက္ပံ့တယ္ဆိုၿပီး သူေနတဲ့ လႈိင္သာယာ၊ နဝေဒးအိမ္ရာမွာ ဝင္ဖမ္းသြားတာဗ်၊ CDM ေတြကို ေထာက္ပံ့တယ္ဆိုၿပီး ဖမ္းသြားတာဗ်၊

ဖုန္းေတြလည္း သိမ္းသြားတယ္။ အခုထိ ဆက္သြယ္လို႔ေတာ့ မရေသးဘူး” ဟု ပိုင္သက္ေက်ာ္၏ မိတ္ေဆြတဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆို

သည္။

မသန္စြမ္းတဦးလည္းျဖစ္သူ ေတးသံရွင္ ပိုင္သက္ေက်ာ္ကို လက္ရွိအခ်ိန္တြင္ မည္သည့္ေနရာတြင္ ဖမ္းဆီးစစ္ေဆးေနသည္ကို မသိရွိရေသးေပ။

ယေန႔ မတ္လ ၂ ရက္ေန႔တြင္ အၾကမ္းဖက္စစ္ေကာင္စီသည္ ပိုင္တံခြန္၊ လူမင္း၊ အိျႏၵာေက်ာ္ဇင္၊ ေျပတီဦး၊ ဒါ႐ိုက္တာဝိုင္းတို႔ကို ျပန္လႊတ္ေပးခဲ့ၿပီး ဝ

င္းမင္းသန္းကို ျပစ္ဒဏ္တခ်ိဳ႕ ေလွ်ာ့ေပါ့ေပးခဲ့သည္။

တေးသံရှင် ပိုင်သက်ကျော်ကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်၊ မတ် ၂

နိုင်ငံကျော်အဆိုတော် ပိုင်သက်ကျော်ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ မတ်လ ၂ ရက် နံနက် ၄ နာရီခန့်တွင် နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း

သတင်းရရှိသည်။

“CDM တွေကို ထောက်ပံ့တယ်ဆိုပြီး သူနေတဲ့ လှိုင်သာယာ၊ နဝဒေးအိမ်ရာမှာ ဝင်ဖမ်းသွားတာဗျ၊ CDM တွေကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတာဗျ၊

ဖုန်းတွေလည်း သိမ်းသွားတယ်။ အခုထိ ဆက်သွယ်လို့တော့ မရသေးဘူး” ဟု ပိုင်သက်ကျော်၏ မိတ်ဆွေတဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မသန်စွမ်းတဦးလည်းဖြစ်သူ တေးသံရှင် ပိုင်သက်ကျော်ကို လက်ရှိအချိန်တွင် မည်သည့်နေရာတွင် ဖမ်းဆီးစစ်ဆေးနေသည်ကို မသိရှိရသေးပေ။

ယနေ့ မတ်လ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီသည် ပိုင်တံခွန်၊ လူမင်း၊ အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ ဒါရိုက်တာဝိုင်းတို့ကို ပြန်လွှတ်ပေးခဲ့ပြီး ဝင်းမင်းသန်းကို

ပြစ်ဒဏ်တချို့ လျှော့ပေါ့ပေးခဲ့သည်။