ၾကားသိရသမွ်

သ႐ုပ္ေဆာင္ရဲတိုက္ လြတ္ၿငိမ္းခြင့္အတြက္

သ႐ုပ္ေဆာင္ရဲတိုက္ လြတ္ၿငိမ္းခြင့္အတြက္ တရားခြင္အတြင္း ေတာင္းဆို

ေဝဟင္စိုး

သ႐ုပ္ေဆာင္ ရဲတိုက္က လြတ္ၿငိမ္းခြင့္ျဖင့္ ျပန္လည္ လြတ္ခ်င္ေသာေၾကာင့္ က်န္ရွိေနေသာ ၎အမႈကို အျမန္စစ္ေဆးေပးရန္ တရားခြင္အတြင္း ေတာင္းဆိုေၾကာင္း အင္းစိန္ေထာင္တြင္း သတင္းရင္းျမစ္က မဇၥ်ိမ ကို ယေန႔ ေျပာသည္။

သ႐ုပ္ေဆာင္ ရဲတိုက္ကို ရန္ကုန္ အေနာက္ပိုင္းခ႐ိုင္ တရား႐ုံး၌ ယမန္ေန႔ မတ္လ ၁ ရက္ေန႔တြင္ ႐ုံးထုတ္ စစ္ေဆးခဲ့စဥ္ ၎က တရားသူႀကီးထံ ယင္းသို႔ ေလွ်ာက္လဲ ေတာင္းဆိုခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

“မေန႔က အမႈကို ျမန္ျမန္စစ္ေပးဖို႔ ေျပာပါတယ္။ သူမ်ားေတြ လြတ္မယ္ဆိုတဲ့ သတင္းလည္း သူေထာင္ထဲမွာ ၾကားေနမွာေပါ့။ အခု မူးယစ္ေဆးပုဒ္မ အတြက္ လိုျပ သက္ေသ သုံးေယာက္ က်န္တာ တစ္ေယာက္မွ မလာဘူး။ သူ႔ကို ဖမ္းစဥ္တုန္းက ရဲတပ္ၾကပ္ႀကီး တစ္ေယာက္ကလည္း ေနျပည္ေတာ္ လုံၿခဳံေရး သြားေနတယ္တဲ့ ။ အဓိက သက္ေသျဖစ္တဲ့ အမႈစစ္ ရဲအရာရွိ ကလည္း မလာဘူး။ မလာႏိုင္ရင္ေတာ့ အမႈတိုး တက္ျမန္ဆန္မႈ ရွိေအာင္ တစ္ခုခု လုပ္ရမွာပဲ”ဟု သတင္းရင္းျမစ္က ဆိုသည္။

ထို႔ျပင္ သက္ေသထြက္ဆိုမည့္ စိတ္က်န္းမာေရး ဆရာဝန္ တစ္ဦးမွာလည္း မလာေရာက္ ႏိုင္သျဖင့္ ဥပေဒ အရာရွိက သက္ေသစာရင္းမွ ပယ္ခ်ခဲ့သည္။

ရဲတိုက္အေနျဖင့္ စစ္အာဏာ သိမ္းမႈအေပၚ ဆန႔္က်င္သည့္ ဆႏၵျပပြဲမ်ားတြင္ ပါဝင္ခဲ့ေသာေၾကာင့္ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (က) ျဖင့္ ဇန္နဝါရီလ ၃၀ ရက္ေန႔တြင္ အလုပ္ႏွင့္ ေထာင္ဒဏ္ သုံးႏွစ္ ခ်မွတ္ ခံထားရသည္။

ယင္းအျပင္ ရဲတိုက္ကို ဖမ္းဆီးခ်ိန္တြင္ ၎၏ ေျပာက္က်ား လြယ္အိတ္အတြင္း စိတ္ႂကြ မူးယစ္ေဆးဝါး ၁၁ ျပားႏွင့္ ဆက္စပ္ပစၥည္းမ်ား ဖမ္းဆီးရမိသည္ဟု ဆိုကာ ၁၆ (ဂ) ျဖင့္ ထပ္မံ တရားစြဲဆို ခံထားရျခင္းလည္း ျဖစ္သည္။

ယင္းအေပၚ ရဲတိုက္က ၎၏ ပစၥည္းမ်ား မဟုတ္ေၾကာင္းႏွင့္ ဖမ္းဆီးခံရခ်ိန္တြင္ ေျပာက္က်ားလြယ္အိတ္ လြယ္ထားျခင္း မရွိဟု ျငင္းဆိုထားသည္။

ယေန႔ မတ္ ၂ ရက္ ေတာင္သူလယ္သမားေန႔၌ အမ်ားျပည္သူ မထင္မွတ္ထားသည့္ အခ်ိန္တြင္ စစ္ေကာင္စီက ႐ုပ္ရွင္ သ႐ုပ္ေဆာင္အခ်ိဳ႕ကို ခံဝန္ျဖင့္ လႊတ္ေပးခဲ့သည့္အျပင္ ေထာင္ဒဏ္ ေလ်ာ့ေပါ့ ခံစားခြင့္မ်ား ေပးခဲ့သည္။

သရုပ်ဆောင်ရဲတိုက် လွတ်ငြိမ်းခွင့်အတွက် တရားခွင်အတွင်း တောင်းဆို

ဝေဟင်စိုး

သရုပ်ဆောင် ရဲတိုက်က လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည် လွတ်ချင်သောကြောင့် ကျန်ရှိနေသော ၎င်းအမှုကို အမြန်စစ်ဆေးပေးရန် တရားခွင်အတွင်း တောင်းဆိုကြောင်း အင်းစိန်ထောင်တွင်း သတင်းရင်းမြစ်က မဇ္ဈိမ ကို ယနေ့ ပြောသည်။

သရုပ်ဆောင် ရဲတိုက်ကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံး၌ ယမန်နေ့ မတ်လ ၁ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးခဲ့စဉ် ၎င်းက တရားသူကြီးထံ ယင်းသို့ လျှောက်လဲ တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“မနေ့က အမှုကို မြန်မြန်စစ်ပေးဖို့ ပြောပါတယ်။ သူများတွေ လွတ်မယ်ဆိုတဲ့ သတင်းလည်း သူထောင်ထဲမှာ ကြားနေမှာပေါ့။ အခု မူးယစ်ဆေးပုဒ်မ အတွက် လိုပြ သက်သေ သုံးယောက် ကျန်တာ တစ်ယောက်မှ မလာဘူး။ သူ့ကို ဖမ်းစဉ်တုန်းက ရဲတပ်ကြပ်ကြီး တစ်ယောက်ကလည်း နေပြည်တော် လုံခြုံရေး သွားနေတယ်တဲ့ ။ အဓိက သက်သေဖြစ်တဲ့ အမှုစစ် ရဲအရာရှိ ကလည်း မလာဘူး။ မလာနိုင်ရင်တော့ အမှုတိုး တက်မြန်ဆန်မှု ရှိအောင် တစ်ခုခု လုပ်ရမှာပဲ”ဟု သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် သက်သေထွက်ဆိုမည့် စိတ်ကျန်းမာရေး ဆရာဝန် တစ်ဦးမှာလည်း မလာရောက် နိုင်သဖြင့် ဥပဒေ အရာရှိက သက်သေစာရင်းမှ ပယ်ချခဲ့သည်။

ရဲတိုက်အနေဖြင့် စစ်အာဏာ သိမ်းမှုအပေါ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သောကြောင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ် ခံထားရသည်။

ယင်းအပြင် ရဲတိုက်ကို ဖမ်းဆီးချိန်တွင် ၎င်း၏ ပြောက်ကျား လွယ်အိတ်အတွင်း စိတ်ကြွ မူးယစ်ဆေးဝါး ၁၁ ပြားနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိသည်ဟု ဆိုကာ ၁၆ (ဂ) ဖြင့် ထပ်မံ တရားစွဲဆို ခံထားရခြင်းလည်း ဖြစ်သည်။

ယင်းအပေါ် ရဲတိုက်က ၎င်း၏ ပစ္စည်းများ မဟုတ်ကြောင်းနှင့် ဖမ်းဆီးခံရချိန်တွင် ပြောက်ကျားလွယ်အိတ် လွယ်ထားခြင်း မရှိဟု ငြင်းဆိုထားသည်။

ယနေ့ မတ် ၂ ရက် တောင်သူလယ်သမားနေ့၌ အများပြည်သူ မထင်မှတ်ထားသည့် အချိန်တွင် စစ်ကောင်စီက ရုပ်ရှင် သရုပ်ဆောင်အချို့ကို ခံဝန်ဖြင့် လွှတ်ပေးခဲ့သည့်အပြင် ထောင်ဒဏ် လျော့ပေါ့ ခံစားခွင့်များ ပေးခဲ့သည်။