ဘုရားမွာ ဆီမီးပူေဇာ္ပီး ျပည္သူေတြအတြက္ ဆုေတာင္းေပးလိုက္တဲ့ အဘခ်စ္သမီးေလး သဇင္ဦး
ဘုန္းေတာ္အနႏၲ ၊ကံေတာ္အနႏၲ ၊
ဉာဏ္ေတာ္အနႏၲ၊ စၾကဝဠာ ကမၻာေျမမိုး
ျဖန္းျဖန္းက်ိဳးမၽွ တန္ခိုးေတာ္အနႏၲတို႔ႏွင့္၊
ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား……
ရွင္ေတာ္ျမတ္ဘုရားအားေရာင္ဝါထိန္ညီး ျမတ္ဆီမီးကို၊ ပိုၿပီးသဒၶါ ေစတနာျဖင့္၊ ရႊင္ကာစိတ္လန္း လႉဒါန္းပါ၏။ 🙏
ဤသို႔ျပဳရျမတ္ပုည၏ အက်ိဳးအားျဖင့္ “ထြန္းလင္းေတာက္ပ မီးလႉရ၍၊ ဘဝတိုင္းဝယ္ ပညာႂကြယ္လၽွက္၊ လႏွယ္ေနႏွင့္ အေသေရတင့္၊ ဆင့္ဆင့္ထြန္းေတာက္လို ၍ တပည့္ေတာ္မ မလႉဒါန္းပါ၊
ဤဆီမီးအား လႉေသာ ကုသိုလ္ပုည အဝဝကို ၊တိုင္းသားျပည္သူ မ်ားလူဗိုလ္ကို အမၽွေဝ၏အမၽွကုသိုလ္ ရၾကရ၍
“–ျပည္သူအမ်ား တိုင္းကားျပည္ရြာ ေအးသာယာ၍ သူပုန္၊ ရန္သူ အဆူဆူ၏ လက္နက္ကပ္ေဘး ကင္းေဝးၾက၍
အဖ်က္သမားတပ္ သတၳႏၲရာယ္ကပ္ မွ ေက်ာ္လႊားနိုင္ၾကပါေစကုန္၊
ေတာင္သူလယ္သမား၊ဆင္းရဲသားသူႂကြယ္ ကုန္သယ္၊ အလုပ္သမား ရဟန္း၊မင္း မက်န္ အမ်ားျပည္သူ ထိုထိုသူတို႔၊
ဆန္ေရစပါး အစာေရစာေပါႂကြယ္ဝကာ ဒုဗၻိကၡႏၲရာယ္ကပ္ လည္းေက်ာ္လြန္နိုင္ၾကပါေစကုန္၊
ကပ္ေရာဂါဆိုးအမ်ိဳးမ်ိဳးႏွင့္ ဖ်ားနာကင္းစင္ စိတ္ၾကည္လင္၍
ေရာဂႏၲရာယ္ကပ္ အျမစ္ျဖက္ကာ အနိုင္ယူနိုင္ၾကပါေစကုန္–”
ဟူ၍သာ တပည့္ေတာ္မ ရည္သန္ကုသိုလ္ျပဳခဲ့ပါ၏။
#Thazin_Oo
unicode
ဘုရားမှာ ဆီမီးပူဇော်ပီး ပြည်သူတွေအတွက် ဆုတောင်းပေးလိုက်တဲ့ အဘချစ်သမီးလေး သဇင်ဦး
ဘုန်းတော်အနန္တ ၊ကံတော်အနန္တ ၊
ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး
ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊
ပြည့်စုံတော်မူသော မြတ်စွာဘုရား……
ရှင်တော်မြတ်ဘုရားအားရောင်ဝါထိန်ညီး မြတ်ဆီမီးကို၊ ပိုပြီးသဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။ 🙏
ဤသို့ပြုရမြတ်ပုည၏ အကျိုးအားဖြင့် “ထွန်းလင်းတောက်ပ မီးလှူရ၍၊ ဘဝတိုင်းဝယ် ပညာကြွယ်လျှက်၊ လနှယ်နေနှင့် အသေရေတင့်၊ ဆင့်ဆင့်ထွန်းတောက်လို ၍ တပည့်တော်မ မလှူဒါန်းပါ၊
ဤဆီမီးအား လှူသော ကုသိုလ်ပုည အဝဝကို ၊တိုင်းသားပြည်သူ များလူဗိုလ်ကို အမျှဝေ၏အမျှကုသိုလ် ရကြရ၍
“–ပြည်သူအများ တိုင်းကားပြည်ရွာ အေးသာယာ၍ သူပုန်၊ ရန်သူ အဆူဆူ၏ လက်နက်ကပ်ဘေး ကင်းဝေးကြ၍
အဖျက်သမားတပ် သတ္ထန္တရာယ်ကပ် မှ ကျော်လွှားနိုင်ကြပါစေကုန်၊
တောင်သူလယ်သမား၊ဆင်းရဲသားသူကြွယ် ကုန်သယ်၊ အလုပ်သမား ရဟန်း၊မင်း မကျန် အများပြည်သူ ထိုထိုသူတို့၊
ဆန်ရေစပါး အစာရေစာပေါကြွယ်ဝကာ ဒုဗ္ဘိက္ခန္တရာယ်ကပ် လည်းကျော်လွန်နိုင်ကြပါစေကုန်၊
ကပ်ရောဂါဆိုးအမျိုးမျိုးနှင့် ဖျားနာကင်းစင် စိတ်ကြည်လင်၍
ရောဂန္တရာယ်ကပ် အမြစ်ဖြက်ကာ အနိုင်ယူနိုင်ကြပါစေကုန်–”
ဟူ၍သာ တပည့်တော်မ ရည်သန်ကုသိုလ်ပြုခဲ့ပါ၏။
#Thazin_Oo